မာနကြီးတယ်လို့ ထင်ချင်လဲ ထင်ကြပါစေတော့ . . . စိတ်ထဲက မပါပဲ ဟန်ဆောင်ပြီး ကျွန်မ မပြုံးပြတတ်ဘူး
တကယ်ရင်ထဲက ပါမှသာ လှိုက်လှိုက်လှဲလှဲ ပြုံးပြရတာကို သဘောကျတယ်
စိတ်ထဲ ကြိတ်ပြီးမုန်းနေတာတောင်မှ အလှဆုံးပြုံးပြတတ်တဲ့ တချို့လူတွေလိုတော့ ဟန်ဆောင်မကောင်းဘူး
ပြီးတော့ သူတို့လိုလဲ မကောက်ကျစ်တတ်ဘူးလေ ။
အပေါင်းအသင်းနည်းချင်လဲ နည်းပါစေတော့ . . . .အပေါ်ယံလေးနဲ့ ပေါင်းသင်းဆက်ဆံရတာကို ကျွန်မ မနှစ်သက်ဘူး
မခေါ်ချင် မပြောချင်ပဲ အလိုက်သင့်လေးဆက်ဆံနေကြတဲ့ မျက်နှာတွေကို ကြည့်ပြီးစိတ်ညစ်နေရတာထက်စာရင် တစ်ယောက်တည်း နေရတာ ပိုပြီး လွတ်လပ်ပါတယ်
အပေါ်ယံဆိုကတည်းက တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် အရာအားလုံးက အဆုံးသတ်သွားရမှာပဲလေ အဆုံးသတ်သွားရမှာချင်းအတူတူ ရန်သူမဟုတ်ပဲ သူစိမ်းတွေ အဖြစ်နဲ့ပဲ သီးခြားနေလိုက်တာပဲ ပိုပြီးအဆင်ပြေပါတယ်
မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ
နာကျင်လဲ နာကျင်ပါစေတော့ . . . ကိုယ့်ကိုမလိုအပ်တဲ့ လက်တွေ မလိုအပ်တဲ့နေရာတွေမှာ ကျွန်မ မနေဘူး
ဘယ်လောက်လိုချင်လိုချင် ဘယ်လောက်ပဲ မက်မောမက်မော အနာကျင်ပဲခံမယ်
ကိုယ့်တန်ဖိုးကိုယ်တော့ အောက်ဆုံးထိ မချပစ်လိုက်ချင်ဘူး မက်မော တွယ်တာလွန်းလို့ ဘယ်လောက်ပဲ ကိုယ့်ဘက်ကဆွဲထားဆွဲထား
တစ်ဖက်က လိုလိုချင်ချင်မရှိရင် ကိုယ်ပဲနောက်ဆုံး နာကျင်ရမှာလေ နာကျင်ရမှာချင်းအတူတူ စွန့်လွှတ်ပြီးပဲ အနာကျင်ခံလိုက်မယ် ဆက်ပြီးတွယ်တာ မနေတော့ဘူး
ဒီလိုနည်းတွေနဲ့ နေထိုင်နေတဲ့ကျွန်မ အဆင်ပြေချင်မှ ပြေလိမ့်မယ် ဒါပေမယ့် အပြုံးမပျက်ဘူး
အဆင်ပြေသလို တဖြေးဖြေး နေထိုင်တတ်ခဲ့ပါတယ် တစ်ယောက်တည်း ဖြစ်နေလို့လဲ အထီးမကျန်ဘူး လူအများကြီးကြားမှာနေပြီး နာကျင်နေရတာထက်စာရင် တစ်ယောက်တည်း နေထိုင်ရတာက ပိုပြီးတော့ အဆင်ပြေပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
မာနႀကီးတယ္လို႔ ထင္ခ်င္လဲ ထင္ၾကပါေစေတာ့ . . . စိတ္ထဲက မပါပဲ ဟန္ေဆာင္ၿပီး ကြၽန္မ မၿပဳံးျပတတ္ဘူး
တကယ္ရင္ထဲက ပါမွသာ လႈိက္လႈိက္လွဲလွဲ ၿပဳံးျပရတာကို သေဘာက်တယ္
စိတ္ထဲ ႀကိတ္ၿပီးမုန္းေနတာေတာင္မွ အလွဆုံးၿပဳံးျပတတ္တဲ့ တခ်ိဳ႕လူေတြလိုေတာ့ ဟန္ေဆာင္မေကာင္းဘူး
ၿပီးေတာ့ သူတို႔လိုလဲ မေကာက္က်စ္တတ္ဘူးေလ ။
အေပါင္းအသင္းနည္းခ်င္လဲ နည္းပါေစေတာ့ . . . .အေပၚယံေလးနဲ႔ ေပါင္းသင္းဆက္ဆံရတာကို ကြၽန္မ မႏွစ္သက္ဘူး
မေခၚခ်င္ မေျပာခ်င္ပဲ အလိုက္သင့္ေလးဆက္ဆံေနၾကတဲ့ မ်က္ႏွာေတြကို ၾကည့္ၿပီးစိတ္ညစ္ေနရတာထက္စာရင္ တစ္ေယာက္တည္း ေနရတာ ပိုၿပီး လြတ္လပ္ပါတယ္
အေပၚယံဆိုကတည္းက တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္က်ရင္ အရာအားလုံးက အဆုံးသတ္သြားရမွာပဲေလ အဆုံးသတ္သြားရမွာခ်င္းအတူတူ ရန္သူမဟုတ္ပဲ သူစိမ္းေတြ အျဖစ္နဲ႔ပဲ သီးျခားေနလိုက္တာပဲ ပိုၿပီးအဆင္ေျပပါတယ္
မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ
နာက်င္လဲ နာက်င္ပါေစေတာ့ . . . ကိုယ့္ကိုမလိုအပ္တဲ့ လက္ေတြ မလိုအပ္တဲ့ေနရာေတြမွာ ကြၽန္မ မေနဘူး
ဘယ္ေလာက္လိုခ်င္လိုခ်င္ ဘယ္ေလာက္ပဲ မက္ေမာမက္ေမာ အနာက်င္ပဲခံမယ္
ကိုယ့္တန္ဖိုးကိုယ္ေတာ့ ေအာက္ဆုံးထိ မခ်ပစ္လိုက္ခ်င္ဘူး မက္ေမာ တြယ္တာလြန္းလို႔ ဘယ္ေလာက္ပဲ ကိုယ့္ဘက္ကဆြဲထားဆြဲထား
တစ္ဖက္က လိုလိုခ်င္ခ်င္မရွိရင္ ကိုယ္ပဲေနာက္ဆုံး နာက်င္ရမွာေလ နာက်င္ရမွာခ်င္းအတူတူ စြန္႔လႊတ္ၿပီးပဲ အနာက်င္ခံလိုက္မယ္ ဆက္ၿပီးတြယ္တာ မေနေတာ့ဘူး
ဒီလိုနည္းေတြနဲ႔ ေနထိုင္ေနတဲ့ကြၽန္မ အဆင္ေျပခ်င္မွ ေျပလိမ့္မယ္ ဒါေပမယ့္ အၿပဳံးမပ်က္ဘူး
အဆင္ေျပသလို တေျဖးေျဖး ေနထိုင္တတ္ခဲ့ပါတယ္ တစ္ေယာက္တည္း ျဖစ္ေနလို႔လဲ အထီးမက်န္ဘူး လူအမ်ားႀကီးၾကားမွာေနၿပီး နာက်င္ေနရတာထက္စာရင္ တစ္ေယာက္တည္း ေနထိုင္ရတာက ပိုၿပီးေတာ့ အဆင္ေျပပါတယ္ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း