ကၽြန္မကို မလိုအပ္ေတာ့ဘူးဆိုရင္

ကိုယ့်ကို မလိုအပ်တော့ဘူးဆိုရင် ပျောက်ကွယ်ပစ်ဖို့ဝန်မလေးဘူး ။

တစ်ခါတစ်လေမှာ . . .ကိုယ်က လိုလိုချင်ချင်ရှိပေမယ့် တစ်ဖက်က မလိုအပ်မှန်းသိတဲ့အခါ ဘယ်လောက်လိုချင်နေတဲ့အရာကိုပဲ ဖြစ်ဖြစ် စွန့်လွှတ်ပစ်လိုက်ဖို့ဝန်မလေးပါနဲ့ ။ ကိုယ်မမရရအောင် ယူလိုက် ပိုင်ဆိုင်လိုက်ရလို့လဲ ကိုယ်ပျော်ရမယ် ကိုယ်ကျေနပ်ရမယ်ဆိုတာ မသေချာဘူးလေ ။ တစ်ခါတစ်လေကျရင် ကိုယ့်ဘက်က အရာအားလုံးကို ပေးပြီးတာတောင် ကိုယ်က ပျော်ရတာမဟုတ်ဘူး ။

ကိုယ်က မလိုအပ်တဲ့အရပ်မှာ အကြာကြီးရပ်နေရင် . . .ကိုယ်ကိုယ်တိုင် ပျောက်ဆုံးသွားရတတ်တယ် ကိုယ့်ဘဝရဲ့အိပ်မက်တွေ မျှော်လင့်ချက်တွေ . . .ဘာမှန်းမသိတော့ပဲ ကိုယ်က အဓိပ္ပါယ်မဲ့သက်သက်ကြီး အသက်ရှင်နေရတဲ့ ပုံစံမျိုး . . .ဖြစ်သွားတတ်တယ် ။ ကိုယ့်ကို မလိုအပ်တဲ့အရပ်မှာ နေရင်း ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ချပစ်လိုက်တာမျိုးအဖြစ်မခံပါနဲ့ ပြန်တွေးကြည့်ရင် မတန်ဘူးလေ ။

ကိုယ်ဘယ်လောက်ပဲ ပေးပေးပါ တစ်ဖက်က ယူတတ်ဦးမှ . . .ကိုယ်က ဘယ်လောက်ပဲ လိုချင်လိုချင်ပါ တစ်ဖက်ကလဲ ကြည်ဖြူဦးမှ ကိုယ်ဘယ်လောက်ပဲ နေချင် နေချင် တစ်ဖက်ကလဲ ကြိုဆိုဦးမှ အဆင်ပြေတာပါ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ကျွန်မမှာ ထိုက်သင့်သလောက် မာနတွေရှိပါတယ် ။ သုံးဖို့မလိုဘူးထင်လို့ဘေးချထားခဲ့တာပါ ကိုယ့်ကို မလိုအပ်မှန်း သေသေချာချာသိလာတဲအခ မသုံးဖြစ်ခဲ့တဲ့ မာနတွေ ကျွန်မ ပြန်ထုတ်သုံးဖို့လိုလာပြီလေ ။ ကျွန်မ မှာလဲ ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိပါတယ် အဲ့ဒီတန်ဖိုးဆိုတာကို နားလည်ဖို့အရင်ဆုံး ကိုယ့်ကို မလိုအပ်တဲ့နေရာကနေ လှည့်ထွက်ခဲ့ဖို့လိုတယ်လေ အဲ့တာ ကျွန်မ မာနပဲ ။

နောက်ဆို . . .ကိုယ့်ကို တကယ်ကော လိုအပ်ရဲ့လားဆိုတာ အရင်လေ့လာပါ ။ ပြီးတော့မှ တွယ်တာပါ ။ ကျွန်မက အရင်တွယ်တာခဲ့ပြီးမှ ကိုယ့်ကို မလိုအပ်မှန်းသိလာတော့ ပြန်ပြီး လှည့်ထွက်လာဖို့သိပ်ကို ခက်ခဲ့တာလေ ။နာကျင်နေရဲ့နဲ့လဲ အနားမှာ နေနေနိုင်တာ ရှိနေနိုင်တာကိုပဲ ကျေနပ်ပြီး မျက်ရည်တွေကျပြီး ပျော်နေတတ်တာ ။

ကိုယ့်ကိုကိုယ်လဲ မလိမ်ညာပါနဲ့ . . . .ကိုယ့်နှလုံးသားက သူ့ကို လိုအပ်နေပေမယ့် ကိုယ့် ဦးဏှောက်က သူငါ့ကို မလိုအပ်ပါလားဆိုတာ သိလာတဲ့အခါ . . .တစ်နေ့ကျရင်တော့ ကိုယ်စေတနာတွေ မြင်လာမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့ အစကတည်းကနေ လိုအပ်နေခဲ့ရင် ကိုယ် ဒီလောက်ထိ နာကျင်နေမှာမဟုတ်ပါဘူး ဒါကို လက်ခံရဲဖို့လိုတယ်

ကျွန်မကို မလိုအပ်တော့ဘူးဆိုတာ သေချာသွားတဲ့အခါ ကျွန်မ ပျောက်ကွယ်သွားဖို့ဝန်မလေးတော့ဘူး အဲ့တာ ကျွန်မ မာန ပါ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ့္ကို မလိုအပ္ေတာ့ဘူးဆိုရင္ ေပ်ာက္ကြယ္ပစ္ဖို႔၀န္မေလးဘူး ။

တစ္ခါတစ္ေလမွာ . . .ကိုယ္က လိုလိုခ်င္ခ်င္ရွိေပမယ့္ တစ္ဖက္က မလိုအပ္မွန္းသိတဲ့အခါ ဘယ္ေလာက္လိုခ်င္ေနတဲ့အရာကိုပဲ ျဖစ္ျဖစ္ စြန္႔လႊတ္ပစ္လိုက္ဖို႔၀န္မေလးပါနဲ႔ ။ ကိုယ္မမရရေအာင္ ယူလိုက္ ပိုင္ဆိုင္လိုက္ရလို႔လဲ ကိုယ္ေပ်ာ္ရမယ္ ကိုယ္ေက်နပ္ရမယ္ဆိုတာ မေသခ်ာဘူးေလ ။ တစ္ခါတစ္ေလက်ရင္ ကိုယ့္ဘက္က အရာအားလုံးကို ေပးၿပီးတာေတာင္ ကိုယ္က ေပ်ာ္ရတာမဟုတ္ဘူး ။

ကိုယ္က မလိုအပ္တဲ့အရပ္မွာ အၾကာႀကီးရပ္ေနရင္ . . .ကိုယ္ကိုယ္တိုင္ ေပ်ာက္ဆုံးသြားရတတ္တယ္ ကိုယ့္ဘ၀ရဲ႕အိပ္မက္ေတြ ေမွ်ာ္လင့္ခ်က္ေတြ . . .ဘာမွန္းမသိေတာ့ပဲ ကိုယ္က အဓိပၸါယ္မဲ့သက္သက္ႀကီး အသက္ရွင္ေနရတဲ့ ပုံစံမ်ိဳး . . .ျဖစ္သြားတတ္တယ္ ။ ကိုယ့္ကို မလိုအပ္တဲ့အရပ္မွာ ေနရင္း ကိုယ့္တန္ဖိုးကို ကိုယ္ကိုယ္တိုင္ ခ်ပစ္လိုက္တာမ်ိဳးအျဖစ္မခံပါနဲ႔ ျပန္ေတြးၾကည့္ရင္ မတန္ဘူးေလ ။

ကိုယ္ဘယ္ေလာက္ပဲ ေပးေပးပါ တစ္ဖက္က ယူတတ္ဦးမွ . . .ကိုယ္က ဘယ္ေလာက္ပဲ လိုခ်င္လိုခ်င္ပါ တစ္ဖက္ကလဲ ၾကည္ျဖဴဦးမွ ကိုယ္ဘယ္ေလာက္ပဲ ေနခ်င္ ေနခ်င္ တစ္ဖက္ကလဲ ႀကိဳဆိုဦးမွ အဆင္ေျပတာပါ ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ကြၽန္မမွာ ထိုက္သင့္သေလာက္ မာနေတြရွိပါတယ္ ။ သုံးဖို႔မလိုဘူးထင္လို႔ေဘးခ်ထားခဲ့တာပါ ကိုယ့္ကို မလိုအပ္မွန္း ေသေသခ်ာခ်ာသိလာတဲအခ မသုံးျဖစ္ခဲ့တဲ့ မာနေတြ ကြၽန္မ ျပန္ထုတ္သုံးဖို႔လိုလာၿပီေလ ။ ကြၽန္မ မွာလဲ ကိုယ့္တန္ဖိုးနဲ႔ ကိုယ္ရွိပါတယ္ အဲ့ဒီတန္ဖိုးဆိုတာကို နားလည္ဖို႔အရင္ဆုံး ကိုယ့္ကို မလိုအပ္တဲ့ေနရာကေန လွည့္ထြက္ခဲ့ဖို႔လိုတယ္ေလ အဲ့တာ ကြၽန္မ မာနပဲ ။

ေနာက္ဆို . . .ကိုယ့္ကို တကယ္ေကာ လိုအပ္ရဲ႕လားဆိုတာ အရင္ေလ့လာပါ ။ ၿပီးေတာ့မွ တြယ္တာပါ ။ ကြၽန္မက အရင္တြယ္တာခဲ့ၿပီးမွ ကိုယ့္ကို မလိုအပ္မွန္းသိလာေတာ့ ျပန္ၿပီး လွည့္ထြက္လာဖို႔သိပ္ကို ခက္ခဲ့တာေလ ။နာက်င္ေနရဲ႕နဲ႔လဲ အနားမွာ ေနေနႏိုင္တာ ရွိေနႏိုင္တာကိုပဲ ေက်နပ္ၿပီး မ်က္ရည္ေတြက်ၿပီး ေပ်ာ္ေနတတ္တာ ။

ကိုယ့္ကိုကိုယ္လဲ မလိမ္ညာပါနဲ႔ . . . .ကိုယ့္ႏွလုံးသားက သူ႔ကို လိုအပ္ေနေပမယ့္ ကိုယ့္ ဦးေဏွာက္က သူငါ့ကို မလိုအပ္ပါလားဆိုတာ သိလာတဲ့အခါ . . .တစ္ေန႔က်ရင္ေတာ့ ကိုယ္ေစတနာေတြ ျမင္လာမွာပါဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ မလိမ္ညာပါနဲ႔ အစကတည္းကေန လိုအပ္ေနခဲ့ရင္ ကိုယ္ ဒီေလာက္ထိ နာက်င္ေနမွာမဟုတ္ပါဘူး ဒါကို လက္ခံရဲဖို႔လိုတယ္

ကြၽန္မကို မလိုအပ္ေတာ့ဘူးဆိုတာ ေသခ်ာသြားတဲ့အခါ ကြၽန္မ ေပ်ာက္ကြယ္သြားဖို႔၀န္မေလးေတာ့ဘူး အဲ့တာ ကြၽန္မ မာန ပါ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း