ခွင့်လွှတ်လိုက်ပါတယ် ဒါပေမယ့် အရင်လိုယုံကြည်လို့မရတော့ဘူး

ကျွန်မ ခွင့်လွှတ်လိုက်ပါတယ် ..

ကိုယ့်အပေါ် အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်နေတဲ့သူကို ကျွန်မ ခွင့်လွှတ်လိုက်တယ် .. လူတွေက ပြောကြတယ် ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်းနှစ်မျိုးပဲ ရှိတာတဲ့ တကယ်တမ်းကျတော့ အဲ့ထက်ပိုတဲ့အရာတွေ အများကြီးရှိနေသေးမှန်း ကိုယ်ကိုယ်တိုင် ကြုံရတွေ့ရတဲ့အခါမှ သိလာရတာပါ ..ကျွန်မ စွန့်လွှတ်လိုက်သင့်ပြီလားလို့တွေးတဲ့အခါ … သံယောဇဉ်လက်ကျန်လေးကြောင့် ကျွန်မ လက်မလွှတ်နိုင်ခဲ့ဘူး ..ဆက်ပြီး ရှိနေပေးရအောင်လဲ မထိုက်တန်ဘူးလေ ။

သို့သော် ကျွန်မ ခွင့်လွှတ်ခဲ့ပါတယ် … ဒါပေမယ့် ခွင့်လွှတ်ခြင်းဆိုတာ ကျွန်မကိုယ်ကျွန်မ အေးချမ်းစေချင်လို့ သုံးလိုက်တာမျိုးပဲ ။ သူ့အမှားတွေ အားလုံးကို သင်ပုန်းချေလိုက်ပြီဆိုတာမျိုး မဟုတ်ဘူး … ခွင့်လွှတ်တတ်အောင် ကျွန်မ လေ့ကျင့်ထားပါတယ် ဒါပေမယ့် ထပ်ပြီး ယုံကြည်နေရလောက်တော့ ကျွန်မ မတုံးအတော့ဘူး ။

ကိုယ့်အပေါ် ခဏခဏနာကျင်စေပြီ ဆိုရင် အဲ့ဒီလူက ကိုယ့်ကို တကယ်မကြင်နာတော့ဘူးဆိုတာ လက်သင့်ခံရတော့မယ်တဲ့ ကျွန်မလဲ လက်သင့်ခံခဲ့ပါတယ် ဟုတ်တယ် သူ တကယ် မကြင်နာခဲ့ဘူး .. သူသာ ကိုယ့်ဘက်ကို ငဲ့ကြည့်ဖော်လေးရခဲ့ရင် မျက်ရည်တွေကျစေတဲ့အထိ နာကျင်စေမှာမဟုတ်သလို ကိုယ်ခွင့်လွှတ်ထားပြီး အမှားတွေကို နောက်တစ်ဖန်ပြန်ပြီး ကျူးလွန်နေမှာ မဟုတ်တော့ဘူး … ဒါကို ကျွန်မတို့မိန်းမသားတွေ လက်သင့်ခံနိုင်ဖို့လိုတယ် ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

လူတစ်ယောက်ကို မုန်းနေတာပဲ ဖြစ်ဖြစ် မကျေနပ်တာပဲ ဖြစ်ဖြစ် အဲ့တာကလဲ သတိရခြင်းတစ်မျိုးပဲလေ … အဲ့ဒီ သတိရခြင်းတွေရှိနေသရွေ့ ကိုယ့်စိတ်တွေ ဒီထက်ပိုပြီး လေးကန်နေရဦးမှာပဲ ဒီအတွက်ကြောင့် ကျွန်မ ခွင့်လွှတ်ခြင်းတွေ ကျင့်သုံးခဲ့တာပါ .. ခွင့်လွှတ်လိုက်ပါတယ် …ဒါပေမယ့် အနားမှာတော့ ဆက်ပြီးမနေတော့ဘူး ကိုယ့်စိတ်ကိုယ် သန့်အောင်ထားပြီး ခွင့်လွှတ်ခြင်းတွေနဲ့ လှည့်ထွက်ခဲ့လိုက်တာလေ

လူတွေက ခွင့်လွှတ်လိုက်တယ်ဆိုတာတဲ့ အရာအားလုံးကို သင်ပုန်းချေလိုက်ပြီလို့တွေးတတ်ကြတာများပါတယ် .. ခွင့်လွှတ်တယ်ဆိုတာ နောက်တစ်ကြိမ်အခွင့်အရေးပေးလိုက်တာမျိုးပါပဲ … အရင်လို ပြန်ပြီး ယုံကြည်ပါတယ်လို့ပြောတာမျိုး မဟုတ်ဘူး ။ ဒါကို လက်ခံ သဘောပေါက်ထားဖို့လိုတယ် …

ကျွန်မကတော့ ဘယ်သူ့ကိုမဆို ခွင့်လွှတ်တတ်ပါတယ် … ဒါပေမယ့် အရင်လိုပြန်ပြီး ယုံကြည်ရလောက်တဲ့အထိတော့ ကျွန်မ မမိုက်မဲတော့ဘူး ပထမတစ်ခါ အလိမ်ခံရတုန်းက သူတော်လို့လေ ဒုတိယတစ်ခါဆိုရင် ကိုယ်ညံ့လို့ဖြစ်သွားလိမ့်မယ် … ကိုယ့်ရဲ့ခွင့်လွှတ်ခြင်းတွေက ကိုယ်အေးချမ်းဖို့သက်သက်ပါ .. အရင်လိုပြန်ပြီး ယုံကြည်ပါတယ်ဆိုတဲ့ အာမခံချက်တွေ မပါဘူး ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကြၽန္မ ခြင့္လႊတ္လိုက္ပါတယ္ ..

ကိုယ့္အေပၚ အမွားေတြ ထပ္ခါထပ္ခါ က်ဴးလြန္ေနတဲ့သူကို ကြၽန္မ ခြင့္လႊတ္လိုက္တယ္ .. လူေတြက ေျပာၾကတယ္ ခြင့္လႊတ္ျခင္းနဲ႔ စြန္႔လႊတ္ျခင္းႏွစ္မ်ိဳးပဲ ရွိတာတဲ့ တကယ္တမ္းက်ေတာ့ အဲ့ထက္ပိုတဲ့အရာေတြ အမ်ားႀကီးရွိေနေသးမွန္း ကိုယ္ကိုယ္တိုင္ ႀကဳံရေတြ႕ရတဲ့အခါမွ သိလာရတာပါ ..ကြၽန္မ စြန္႔လႊတ္လိုက္သင့္ၿပီလားလို႔ေတြးတဲ့အခါ … သံေယာဇဥ္လက္က်န္ေလးေၾကာင့္ ကြၽန္မ လက္မလႊတ္ႏိုင္ခဲ့ဘူး ..ဆက္ၿပီး ရွိေနေပးရေအာင္လဲ မထိုက္တန္ဘူးေလ ။

သို႔ေသာ္ ကြၽန္မ ခြင့္လႊတ္ခဲ့ပါတယ္ … ဒါေပမယ့္ ခြင့္လႊတ္ျခင္းဆိုတာ ကြၽန္မကိုယ္ကြၽန္မ ေအးခ်မ္းေစခ်င္လို႔ သုံးလိုက္တာမ်ိဳးပဲ ။ သူ႔အမွားေတြ အားလုံးကို သင္ပုန္းေခ်လိုက္ၿပီဆိုတာမ်ိဳး မဟုတ္ဘူး … ခြင့္လႊတ္တတ္ေအာင္ ကြၽန္မ ေလ့က်င့္ထားပါတယ္ ဒါေပမယ့္ ထပ္ၿပီး ယုံၾကည္ေနရေလာက္ေတာ့ ကြၽန္မ မတုံးအေတာ့ဘူး ။

ကိုယ့္အေပၚ ခဏခဏနာက်င္ေစၿပီ ဆိုရင္ အဲ့ဒီလူက ကိုယ့္ကို တကယ္မၾကင္နာေတာ့ဘူးဆိုတာ လက္သင့္ခံရေတာ့မယ္တဲ့ ကြၽန္မလဲ လက္သင့္ခံခဲ့ပါတယ္ ဟုတ္တယ္ သူ တကယ္ မၾကင္နာခဲ့ဘူး .. သူသာ ကိုယ့္ဘက္ကို ငဲ့ၾကည့္ေဖာ္ေလးရခဲ့ရင္ မ်က္ရည္ေတြက်ေစတဲ့အထိ နာက်င္ေစမွာမဟုတ္သလို ကိုယ္ခြင့္လႊတ္ထားၿပီး အမွားေတြကို ေနာက္တစ္ဖန္ျပန္ၿပီး က်ဴးလြန္ေနမွာ မဟုတ္ေတာ့ဘူး … ဒါကို ကြၽန္မတို႔မိန္းမသားေတြ လက္သင့္ခံႏိုင္ဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

လူတစ္ေယာက္ကို မုန္းေနတာပဲ ျဖစ္ျဖစ္ မေက်နပ္တာပဲ ျဖစ္ျဖစ္ အဲ့တာကလဲ သတိရျခင္းတစ္မ်ိဳးပဲေလ … အဲ့ဒီ သတိရျခင္းေတြရွိေနသေ႐ြ႕ ကိုယ့္စိတ္ေတြ ဒီထက္ပိုၿပီး ေလးကန္ေနရဦးမွာပဲ ဒီအတြက္ေၾကာင့္ ကြၽန္မ ခြင့္လႊတ္ျခင္းေတြ က်င့္သုံးခဲ့တာပါ .. ခြင့္လႊတ္လိုက္ပါတယ္ …ဒါေပမယ့္ အနားမွာေတာ့ ဆက္ၿပီးမေနေတာ့ဘူး ကိုယ့္စိတ္ကိုယ္ သန္႔ေအာင္ထားၿပီး ခြင့္လႊတ္ျခင္းေတြနဲ႔ လွည့္ထြက္ခဲ့လိုက္တာေလ

လူေတြက ခြင့္လႊတ္လိုက္တယ္ဆိုတာတဲ့ အရာအားလုံးကို သင္ပုန္းေခ်လိုက္ၿပီလို႔ေတြးတတ္ၾကတာမ်ားပါတယ္ .. ခြင့္လႊတ္တယ္ဆိုတာ ေနာက္တစ္ႀကိမ္အခြင့္အေရးေပးလိုက္တာမ်ိဳးပါပဲ … အရင္လို ျပန္ၿပီး ယုံၾကည္ပါတယ္လို႔ေျပာတာမ်ိဳး မဟုတ္ဘူး ။ ဒါကို လက္ခံ သေဘာေပါက္ထားဖို႔လိုတယ္ …

ကြၽန္မကေတာ့ ဘယ္သူ႔ကိုမဆို ခြင့္လႊတ္တတ္ပါတယ္ … ဒါေပမယ့္ အရင္လိုျပန္ၿပီး ယုံၾကည္ရေလာက္တဲ့အထိေတာ့ ကြၽန္မ မမိုက္မဲေတာ့ဘူး ပထမတစ္ခါ အလိမ္ခံရတုန္းက သူေတာ္လို႔ေလ ဒုတိယတစ္ခါဆိုရင္ ကိုယ္ညံ့လို႔ျဖစ္သြားလိမ့္မယ္ … ကိုယ့္ရဲ႕ခြင့္လႊတ္ျခင္းေတြက ကိုယ္ေအးခ်မ္းဖို႔သက္သက္ပါ .. အရင္လိုျပန္ၿပီး ယုံၾကည္ပါတယ္ဆိုတဲ့ အာမခံခ်က္ေတြ မပါဘူး ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း