တကယ်တမ်းကိုယ်လဲပြိုကျတဲ့အခါ

တကယ်တမ်းကိုယ်လဲပြိုကျတဲ့အခါ အမှန်တကယ်ဆွဲထူပေးမယ့်လူက ရှားတယ် ။ အပေါ်ယံလေးအနေနဲ့ အားပေးစကားပြောမယ့်လူတွေ ပြီးတော့ ကူညီချင်ယောင်ဆောင်မယ့်လူတွေတော့ ပေါတာပေါ့

ကိုယ်လဲပြိုကျသွားရင် ပိုပြီး ပျော်မယ့်ပတ်ဝန်းကျင်ဆိုတာ ရှိတယ်ကိုယ်မှားတာထက် ပိုပိုသာသာလေးပြောတတ်တဲ့ ဆွေမျိုးတွေ ရှိတယ် အပေါ်ယံလေး ပုခုံးဖက်ပေါင်းနေတဲ့ မိတ်ဆွေတွေ ရှိတယ်တကယ့်တကယ် ကိုယ်ဒုက္ခရောက်တဲ့အခါ အမှန်တကယ် လက်တွဲကူမယ့်လူက တော့ ရှားတယ်

စိန်ကဲ ရွှေကဲထက် လူကဲ ခတ်ရတာက ပိုခက်တယ်လေ လူတွေမှာ အတွင်းပုတ်ပြီး အရောင်တဝင်းဝင်းလက်နေတဲ့ တဖန်းသီးလိုလူတွေလဲ အများကြီးပဲ အပေါက်ဆိုးပေမယ့် တကယ်စေတနာထားတဲ့လူတွေ လဲ အများကြီးပဲ

လူ့အကြောင်းဆိုတာ ကြာကြာပေါင်းလေပိုသိလေပဲလေ ကောင်းမကောင်းတော့ ကိုယ့်ဦးဏှောက်နဲ့ကိုယ် ဆုံးဖြတ်ပေါ့ ကိုယ့်အိတ်ပ်ဖောင်းတဲ့အခါ ဘေးနား ပတ်ပတ်လည်ဝိုင်းနေလိမ့်မယ် ကိုယ့်မှာ ဘာမှ မရှိတော့တဲ့အခါ ကိုယ့်ဘေးနားလဲ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး လောကဓံတွေထဲက အချွေအရံပေါများခြင်း နဲ့ အချွေအရံနည်းပါးခြင်းဆိုတဲ့ လောကဓံနှစ်ပါးကို ငွေရှိရုံ မရှိရုံနဲ့ ခံစားသိလာလိမ့်မယ်

တကယ့် တကယ် ကိုယ်ဒုက္ခရောက်တဲ့အခါ ကိုယ်ပေးထား ကျွေးထားတဲ့လူတွေ မအားလို့ပါဆိုတဲ့ စကားလုံးတွေ အဆင်မပြေလို့ပါဆိုတဲ့စကားလုံးတွေ နဲ့ နေသားကျသွားတဲ့အထိ ကျင့်သားရသွားတဲ့အထိ သူတို့ သုံးကြလိမ့်မယ်

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

တကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် မွဲကြည့်ပါ ဘယ်သူကိုယ့်အနားကျန်ခဲ့လဲ သိရတာပေါ့ လိုချင်တာတွေ ရနေ ရှိနေသမျှ ကိုယ့်အနားမှာ လူတွေဝိုင်းဝိုင်းလည်နေလိမ့်မယ် မိတ်ဆွေ စစ်ဆိုတာ ကိုယ်ဒုက္ခရောက်သွားတဲ့အခါမှ တွေ့ရတတ်တာမျိုးပါ အဆင်ပြေနေတဲ့အခါ ကိုယ့်ဘေးနားရှိတဲ့လူတွေက ကိုယ်အဆင်မပြေတဲ့အခါ ကိုယ့်အနားရှိချင်မှ ရှိနေတတ်တာလေ

တကယ်အကူအညီလိုတဲ့အခါ ကိုယ်တကယ် အဆင်မပြေတော့တဲ့အခါ ဘယ်သူ့ဆီဖုန်းဆက်ရမလဲ ဘယ်သူ့ဆီ အကူအညီတောင်းရမလဲ တကယ် မသိတော့ဘူး ပြီးတော့ ကိုယ့်ဆီကမ်းမယ့်လက်တွေလဲ မရှိဘူး ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရတာ အဆင်ပြေနေတဲ့အခါ အားလုံးဝိုင်းပြီး စံခဲ့ပေမယ့် အဆင်မပြေတဲ့အခါ ကိုယ်တစ်ယောက်တည်းကျန်ခဲ့ပြီး ကိုယ်တစ်ယောက်တည်း ခံရတာလေ

ကိုယ်တကယ် လဲပြိုကျသွားတဲ့အခါ အမှန်တကယ်ဆွဲထူပေးမယ်လူက တော်တော့်ကိုရှားပါတယ် ။ တစ်ယောက်ကိုသာ တွေ့ခဲ့ရ ဆုံခဲ့ရရင် တန်ဖိုးလေးထား စိတ်ပျက်သွားအောင် စိတ်ကုန်သွားအောင် မလုပ်မိစေနဲ့ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

တကယ္တမ္းကိုယ္လဲၿပိဳက်တဲ့အခါ အမွန္တကယ္ဆြဲထူေပးမယ့္လူက ရွားတယ္ ။ အေပၚယံေလးအေနနဲ႔ အားေပးစကားေျပာမယ့္လူေတြ ၿပီးေတာ့ ကူညီခ်င္ေယာင္ေဆာင္မယ့္လူေတြေတာ့ ေပါတာေပါ့

ကိုယ္လဲၿပိဳက်သြားရင္ ပိုၿပီး ေပ်ာ္မယ့္ပတ္၀န္းက်င္ဆိုတာ ရွိတယ္ကိုယ္မွားတာထက္ ပိုပိုသာသာေလးေျပာတတ္တဲ့ ေဆြမ်ိဳးေတြ ရွိတယ္ အေပၚယံေလး ပုခုံးဖက္ေပါင္းေနတဲ့ မိတ္ေဆြေတြ ရွိတယ္တကယ့္တကယ္ ကိုယ္ဒုကၡေရာက္တဲ့အခါ အမွန္တကယ္ လက္တြဲကူမယ့္လူက ေတာ့ ရွားတယ္

စိန္ကဲ ေ႐ႊကဲထက္ လူကဲ ခတ္ရတာက ပိုခက္တယ္ေလ လူေတြမွာ အတြင္းပုတ္ၿပီး အေရာင္တ၀င္း၀င္းလက္ေနတဲ့ တဖန္းသီးလိုလူေတြလဲ အမ်ားႀကီးပဲ အေပါက္ဆိုးေပမယ့္ တကယ္ေစတနာထားတဲ့လူေတြ လဲ အမ်ားႀကီးပဲ

လူ႔အေၾကာင္းဆိုတာ ၾကာၾကာေပါင္းေလပိုသိေလပဲေလ ေကာင္းမေကာင္းေတာ့ ကိုယ့္ဦးေဏွာက္နဲ႔ကိုယ္ ဆုံးျဖတ္ေပါ့ ကိုယ့္အိတ္ပ္ေဖာင္းတဲ့အခါ ေဘးနား ပတ္ပတ္လည္ဝိုင္းေနလိမ့္မယ္ ကိုယ့္မွာ ဘာမွ မရွိေတာ့တဲ့အခါ ကိုယ့္ေဘးနားလဲ ဘယ္သူမွ ရွိေတာ့မွာ မဟုတ္ဘူး ေလာကဓံေတြထဲက အေခြၽအရံေပါမ်ားျခင္း နဲ႔ အေခြၽအရံနည္းပါးျခင္းဆိုတဲ့ ေလာကဓံႏွစ္ပါးကို ေငြရွိ႐ုံ မရွိ႐ုံနဲ႔ ခံစားသိလာလိမ့္မယ္

တကယ့္ တကယ္ ကိုယ္ဒုကၡေရာက္တဲ့အခါ ကိုယ္ေပးထား ေကြၽးထားတဲ့လူေတြ မအားလို႔ပါဆိုတဲ့ စကားလုံးေတြ အဆင္မေျပလို႔ပါဆိုတဲ့စကားလုံးေတြ နဲ႔ ေနသားက်သြားတဲ့အထိ က်င့္သားရသြားတဲ့အထိ သူတို႔ သုံးၾကလိမ့္မယ္

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

တႀကိမ္တစ္ခါေလာက္ပဲျဖစ္ျဖစ္ မြဲၾကည့္ပါ ဘယ္သူကိုယ့္အနားက်န္ခဲ့လဲ သိရတာေပါ့ လိုခ်င္တာေတြ ရေန ရွိေနသမွ် ကိုယ့္အနားမွာ လူေတြဝိုင္းဝိုင္းလည္ေနလိမ့္မယ္ မိတ္ေဆြ စစ္ဆိုတာ ကိုယ္ဒုကၡေရာက္သြားတဲ့အခါမွ ေတြ႕ရတတ္တာမ်ိဳးပါ အဆင္ေျပေနတဲ့အခါ ကိုယ့္ေဘးနားရွိတဲ့လူေတြက ကိုယ္အဆင္မေျပတဲ့အခါ ကိုယ့္အနားရွိခ်င္မွ ရွိေနတတ္တာေလ

တကယ္အကူအညီလိုတဲ့အခါ ကိုယ္တကယ္ အဆင္မေျပေတာ့တဲ့အခါ ဘယ္သူ႔ဆီဖုန္းဆက္ရမလဲ ဘယ္သူ႔ဆီ အကူအညီေတာင္းရမလဲ တကယ္ မသိေတာ့ဘူး ၿပီးေတာ့ ကိုယ့္ဆီကမ္းမယ့္လက္ေတြလဲ မရွိဘူး ကိုယ္ျဖစ္ရင္ ကိုယ္ပဲ ခံရတာ အဆင္ေျပေနတဲ့အခါ အားလုံးဝိုင္းၿပီး စံခဲ့ေပမယ့္ အဆင္မေျပတဲ့အခါ ကိုယ္တစ္ေယာက္တည္းက်န္ခဲ့ၿပီး ကိုယ္တစ္ေယာက္တည္း ခံရတာေလ

ကိုယ္တကယ္ လဲၿပိဳက်သြားတဲ့အခါ အမွန္တကယ္ဆြဲထူေပးမယ္လူက ေတာ္ေတာ့္ကိုရွားပါတယ္ ။ တစ္ေယာက္ကိုသာ ေတြ႕ခဲ့ရ ဆုံခဲ့ရရင္ တန္ဖိုးေလးထား စိတ္ပ်က္သြားေအာင္ စိတ္ကုန္သြားေအာင္ မလုပ္မိေစနဲ႔ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း