ရှေ့ဆက်ဖို့ မဖြစ်နိုင်မှန်း သိသာလာတဲ့အခါ

ရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့ ဆက်ဆံရေးတစ်ခုကို ရပ်ပစ်လိုက်တယ်ဆိုတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ။ တစ်ဖက်လူ ပြတ်သားမယ့်အချိန်ကို စောင့်နေတာထက် ကိုယ့်ဘက်က အရင်ဆုံး ရဲရဲဝံ့ဝံ့ ပြတ်သားပစ်လိုက်စမ်းပါ ။ ဘာတွေတွေးပြီး ကြောက်နေတာလဲ

နာကျင်ရမှာ စိုးလို့ဆိုတဲ့အတွေးတွေ တွေးမိတဲ့အခါ အခုကော ပျော်ရွှင်နေရလို့လားဆိုတဲ့မေးခွန်းတွေ ကိုယ်ကိုယ်တိုင်ပြန်ပြီး မေးကြည့်ပါ ။ တစ်ဖက်သတ်ဆိုတာ တစ်ဖက်မဟုတ်တော့ တစ်ဖက်တော့ သေရတာပဲလေ ကိုယ့်ဘက်ကြီးပဲ ကောင်းနေရုံနဲ့ သာယာတဲ့ ဆက်ဆံရေး တစ်ခု ဖြစ်လာမှာမဟုတ်ဘူး လက်ခုပ်ဆိုတာ နှစ်ဖက်တီးဖို့ လိုအပ်သလို ပျော်ရွှင်တဲ့ Relationship ဖြစ်ဖို့ နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့လဲ လိုအပ်တယ်လေ

ပြဿနာဖြစ်တာနဲ့ ပျက် ထစ်ခနဲရှိတာနဲ့ ရပ်ဆိုပြီး သွေးထိုးနေတာ မဟုတ်ဘူး ဘယ်လိုနည်းနဲ့မှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့ ဆက်ဆံရေးတစ်ခုကို သတ္တိရှိရှိ ဖြတ်တောက်ပစ်လိုက်ဖို့ အားပေးတာပါ မပျော်တဲ့အရပ်မှာ အကြာကြီးရပ်နေမိတဲ့လူဟာ ကိုယ့်ဘဝမှာလဲ ပျော်အောင်နေတတ်ဖို့ မေ့သွားတတ်ကြတယ် ဟိုလူ့အတွက်ငဲ့ကွက် ဟိုမျက်နှာတွေ ငဲ့ကွက်ရင်း တစ်သက်လုံး ရုန်းထွက်ဖို့လဲ ခက်ခဲတတ်ကြတယ် ။

ဆင်တစ်ကောင်ရဲ့ ပုံပြင်လေးလိုပဲပေါ့ ။ တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ ဆင်ကြီးတစ်ကောင်ရှိတယ်တဲ့ သန်မာထွားကြိုင်းသလို တော်တော်လဲ ကြီးမားတယ်တဲ့ ဒါပေမယ့် သူ့ကို ချည်ထားတဲ့ ကြိုးလေးက သေးသေးလေးပဲ တစ်ချက်ရုန်းလိုက်ရင်တောင် ပျက်သွားနိုင်တဲ့ ကြိုးလေးပေါ့ အဲ့တာနဲ့ ဆင်ဦးစီးကို မေးကြည့်တဲ့အခါ အဲ့ဒီ ကြိုးက သူ ငယ်ငယ်လေးကတည်းကနေ ချည်ခဲ့တဲ့ ကြိုးတဲ့ ငယ်ငယ်တုန်းကတော့ မကြာခဏကို ရုန်းတယ် ဒါပေမယ့် ဘယ်လိုရုန်းရုန်းမပျက်နိုင်ဘူးလေ ဆိုတဲ့အသိ ဝင်တဲ့သွားတဲ့အတွက် အရွယ်ရောက်လာတဲ့အထိ ဒီကြိုးနဲ့ ချည်ထားလဲ ဆက်ပြီး မရုန်းတော့တာ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ဒါ ကလေးကြိုက်တဲ့ ပုံပြင်လေးလိုပါပဲ ဒါပေမယ့် ဆက်တွေးရင် တွေးသလောက် အတွေးတွေ အများကြီးပါပါတယ် ရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့ ဆက်ဆံရေးတွေမှာ ကျွန်မတို့ကော ရုန်းကြည့်ခဲ့ဖူးလား

ချည်ထားတဲ့ ကြိုးလေးတွေကို ဆက်ပြီးဖက်တွယ်ထားတတ်ကြတာပဲ မဟုတ်လား ကိုယ့်ဖက်ကပဲ သည်းခံနေလို့ ဆက်ပြီး တည်မြဲနေတဲ့ ဆက်ဆံရေးတွေ ရပ်တန့်ပစ်လိုက်ဖို့ပဲ ကောင်းပါတယ် နားလည်မှုမရှိတဲ့ လူတစ်ယောက်က ဘယ်လိုမျိုး ပျော်ရွှင်မှုကို ပေးနိုင်မှာပါလဲ

ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့မှန်းသိတဲ့အခါ တစ်ဖက်လူ ပြတ်သားတဲ့အထိ ရပ်စောင့်မနေပါနဲ့ ကိုယ့်ဖက်က ဦးအောင် လှည့်ထွက်ခဲ့လိုက်ပါ နာကျင်ရမယ့်အတူတူ နေ့စဉ်ရက်ဆက် နာကျင်နေရတာထက် တစ်လလောက်ဖြစ်ဖြစ် တစ်နှစ်လောက်ပဲဖြစ်ဖြစ် နာကျင်ရတာက နဲနဲလေး ပိုသက်သာမယ် ထင်ပါတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ေရွ႕ဆက္ဖို႔မျဖစ္ႏိုင္တဲ့ ဆက္ဆံေရးတစ္ခုကို ရပ္ပစ္လိုက္တယ္ဆိုတာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုပါ ။ တစ္ဖက္လူ ျပတ္သားမယ့္အခ်ိန္ကို ေစာင့္ေနတာထက္ ကိုယ့္ဘက္က အရင္ဆုံး ရဲရဲဝံ့ဝံ့ ျပတ္သားပစ္လိုက္စမ္းပါ ။ ဘာေတြ​ေတြးၿပီး ေၾကာက္ေနတာလဲ

နာက်င္ရမွာ စိုးလို႔ဆိုတဲ့အေတြးေတြ ေတြးမိတဲ့အခါ အခုေကာ ေပ်ာ္႐ႊင္ေနရလို႔လားဆိုတဲ့ေမးခြန္းေတြ ကိုယ္ကိုယ္တိုင္ျပန္ၿပီး ေမးၾကည့္ပါ ။ တစ္ဖက္သတ္ဆိုတာ တစ္ဖက္မဟုတ္ေတာ့ တစ္ဖက္ေတာ့ ေသရတာပဲေလ ကိုယ့္ဘက္ႀကီးပဲ ေကာင္းေန႐ုံနဲ႔ သာယာတဲ့ ဆက္ဆံေရး တစ္ခု ျဖစ္လာမွာမဟုတ္ဘူး လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးဖို႔ လိုအပ္သလို ေပ်ာ္႐ႊင္တဲ့ Relationship ျဖစ္ဖို႔ ႏွစ္ဦးႏွစ္ဖက္ နားလည္မႈရွိဖို႔လဲ လိုအပ္တယ္ေလ

ျပႆနာျဖစ္တာနဲ႔ ပ်က္ ထစ္ခနဲရွိတာနဲ႔ ရပ္ဆိုၿပီး ေသြးထိုးေနတာ မဟုတ္ဘူး ဘယ္လိုနည္းနဲ႔မွ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္တဲ့ ဆက္ဆံေရးတစ္ခုကို သတၱိရွိရွိ ျဖတ္ေတာက္ပစ္လိုက္ဖို႔ အားေပးတာပါ မေပ်ာ္တဲ့အရပ္မွာ အၾကာႀကီးရပ္ေနမိတဲ့လူဟာ ကိုယ့္ဘ၀မွာလဲ ေပ်ာ္ေအာင္ေနတတ္ဖို႔ ေမ့သြားတတ္ၾကတယ္ ဟိုလူ႔အတြက္ငဲ့ကြက္ ဟိုမ်က္ႏွာေတြ ငဲ့ကြက္ရင္း တစ္သက္လုံး ႐ုန္းထြက္ဖို႔လဲ ခက္ခဲတတ္ၾကတယ္ ။

ဆင္တစ္ေကာင္ရဲ႕ ပုံျပင္ေလးလိုပဲေပါ့ ။ တိရစာၦန္ဥယ်ာဥ္တစ္ခုမွာ ဆင္ႀကီးတစ္ေကာင္ရွိတယ္တဲ့ သန္မာထြားႀကိဳင္းသလို ေတာ္ေတာ္လဲ ႀကီးမားတယ္တဲ့ ဒါေပမယ့္ သူ႔ကို ခ်ည္ထားတဲ့ ႀကိဳးေလးက ေသးေသးေလးပဲ တစ္ခ်က္႐ုန္းလိုက္ရင္ေတာင္ ပ်က္သြားႏိုင္တဲ့ ႀကိဳးေလးေပါ့ အဲ့တာနဲ႔ ဆင္ဦးစီးကို ေမးၾကည့္တဲ့အခါ အဲ့ဒီ ႀကိဳးက သူ ငယ္ငယ္ေလးကတည္းကေန ခ်ည္ခဲ့တဲ့ ႀကိဳးတဲ့ ငယ္ငယ္တုန္းကေတာ့ မၾကာခဏကို ႐ုန္းတယ္ ဒါေပမယ့္ ဘယ္လို႐ုန္း႐ုန္းမပ်က္ႏိုင္ဘူးေလ ဆိုတဲ့အသိ ၀င္တဲ့သြားတဲ့အတြက္ အ႐ြယ္ေရာက္လာတဲ့အထိ ဒီႀကိဳးနဲ႔ ခ်ည္ထားလဲ ဆက္ၿပီး မ႐ုန္းေတာ့တာ ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ဒါ ကေလးႀကိဳက္တဲ့ ပုံျပင္ေလးလိုပါပဲ ဒါေပမယ့္ ဆက္ေတြးရင္ ေတြးသေလာက္ အေတြးေတြ အမ်ားႀကီးပါပါတယ္ ေရွ႕ဆက္ဖို႔မျဖစ္ႏိုင္တဲ့ ဆက္ဆံေရးေတြမွာ ကြၽန္မတို႔ေကာ ႐ုန္းၾကည့္ခဲ့ဖူးလား

ခ်ည္ထားတဲ့ ႀကိဳးေလးေတြကို ဆက္ၿပီးဖက္တြယ္ထားတတ္ၾကတာပဲ မဟုတ္လား ကိုယ့္ဖက္ကပဲ သည္းခံေနလို႔ ဆက္ၿပီး တည္ၿမဲေနတဲ့ ဆက္ဆံေရးေတြ ရပ္တန္႔ပစ္လိုက္ဖို႔ပဲ ေကာင္းပါတယ္ နားလည္မႈမရွိတဲ့ လူတစ္ေယာက္က ဘယ္လိုမ်ိဳး ေပ်ာ္႐ႊင္မႈကို ေပးႏိုင္မွာပါလဲ

ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ေတာ့မွန္းသိတဲ့အခါ တစ္ဖက္လူ ျပတ္သားတဲ့အထိ ရပ္ေစာင့္မေနပါနဲ႔ ကိုယ့္ဖက္က ဦးေအာင္ လွည့္ထြက္ခဲ့လိုက္ပါ နာက်င္ရမယ့္အတူတူ ေန႔စဥ္ရက္ဆက္ နာက်င္ေနရတာထက္ တစ္လေလာက္ျဖစ္ျဖစ္ တစ္ႏွစ္ေလာက္ပဲျဖစ္ျဖစ္ နာက်င္ရတာက နဲနဲေလး ပိုသက္သာမယ္ ထင္ပါတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း