အငယ်ဆုံးလေးတွေဆိုတာ . . . .

အငယ်ဆုံးလေးတွေဆိုတာ . . . . အများအမြင်မှာ အလိုလိုက်ခံရတယ်လို့ ထင်တတ်ကြတယ် တကယ်တမ်းကြတော့ အလိုလိုက်ခံရတာထက် အနစ်နာခံရတတ်တာ များပါတယ်

အငယ်က အငယ်နေရာနေဆိုတဲ့ စကားတွေနဲ့ ပြောစရာစကားတွေကို မြိုသိပ်ပစ်ရတာလဲ များပါတယ်

အစစအရာရာ အရင်ဦးဆုံးရလိမ့်မယ်လို့ ထင်တတ်ကြတာ ကိုယ်ပူဆာခွင့်မရခဲ့တဲ့အရာတွေမှ အများကြီးပဲ အရာအားလုံးမဟုတ်ပေမယ့် တော်တော်များများပါ ပြီးတော့ . . . မိသားစုအပေါ်

ပိုပြီးတွယ်တာတတ်တဲ့စိတ်လေး ပါလာတတ်ကြတယ် ကိုယ်ဖြစ်ချင်နေတာတွေထက် မိသားစုကို ပိုပြီးငဲ့ကွက်တတ်ကြတယ်

အငယ်ဆုံးဆိုတော့ အငယ်ဆုံးတွေရဲ့သဘာဝအတိုင်း အနည်းအကျဉ်းတော့ ဆိုးချင်ကြတာပေါ့

အဲ့တာ မတွယ်တာလို့မဟုတ်ဘူး ဂရုစိုက်မှုလေးတွေ လိုချင်လို့ ရမလာတဲ့အခါ ဂရုစိုက်လေမလားလို့တွေးပြီး ဆိုးကြတာ အိမ်တစ်အိမ်မှာ ရှိလေ့ရှိတဲ့ စုန်းပြူးလေးတွေက

အငယ်ဆုံးလေးတွေကများတယ် ဥပမာ – အစ်ကိုက ဆရာဝန် အမလဲ ဆရာဝန် အငယ်ဆုံးလေးတွေမှ အဝေးသင်တက်နေသလိုမျိုးတွေ တစ်မိပေါက် ထွန်းတာမျိုးတွေပေါ့

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

သာမန်အထင်တွေ အမြင်တွေနဲ့ဆုံးဖြတ်ကြတဲ့အခါ အငယ်ဆုံးတွေက ပိုပြီးဆိုးတယ်လို့ တွေးတတ်ကြတယ်

နောက်ဆုံးမိသားစုအနားမှာ ကျန်ခဲ့တာကလဲ အငယ်ဆုံးလေးတွေပါပဲ ကြိုက်သလောက်ဆိုးချင်ဆိုးမယ် အိမ်ကို ဒုက္ခမပေးဘူး အများအားဖြင့်ပေါ့

အငယ်ဆုံးလေးတွေ ဖြစ်တိုင်း မိသားစုအပေါ် ကောင်းတယ်ချည်းဆိုလိုတာမျိုးမဟုတ်ဘူး ယျေဘုယအားဖြင့် အငယ်ဆုံးလေးတွေကို ကြည့်တဲ့အခါ မိသားစုအပေါ် ပိုပြီး တွယ်တာတတ်တာ မျိုးပါ

အငယ်ဆုံးဆိုတိုင်း အများထင်သလို ဦးစားပေးခံ အလိုလိုက်ခံရတဲ့ လူတွေချည်းမဟုတ်ပါဘူး

အမြဲ အနောက်ဆုံးမှာ ကျန်ခဲ့တဲ့လူ ဒါမှမဟုတ် အနစ်နာခံရတဲ့ သူတွေချည်းဖြစ်နေတတ်ပါတယ်

မိန်းမသားတို့အတွက်

သျှင်ယွန်း














မိန်းမသားတို့အတွက်

သျှင်ယွန်း