ခဏအလည္လာတဲ့ ဧည့်သည်

ဧည့်သည် . . .

လူတစ်ယောက် ကိုယ့်ဘဝထဲကို ဝင်လာရုံနဲ့ ဒီလူက ငါ့အတွက်ပဲလို့အပိုင်မတွက်တတ်တဲ့ အကျင့်လေးကို ဖျောက်ပါ ။ ဒီလူတော့ ငါ့ဘဝထဲက တစ်သက်လုံးထွက်မသွားပါဘူးဆိုတဲ့ ယုံကြည်ချက်ကြီးကို ဖျောက်ပါ ။ ဒီလူနဲ့ပဲ အိုမင်းချင်တယ်ဆိုတဲ့ အစွဲအလမ်းကြီးကို ဖျောက်ပါ ။

လူတွေ ကိုယ့်ဘဝထဲကို ဝင်လာကြတယ်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုး အကြောင်းအမျိုးမျိုးရှိတယ် ။ တချို့က ခဏလာပြီး နားတာ အစာရှာတဲ့ငှက်တွေလိုပေါ့ အတောင်ငြောင်းလို့ခဏအနားခံလိုက်ရတဲ့ သစ်ကိုင်းလေးတစ်ခုထက်မပိုဘူး ။ သူ ဒီနေရာမှာ ခဏပဲနားတာ ပြီးရင် သူလိုရာကို ဆက်ပြီး ပျံသွားတော့မှာလေ ပြန်တောင် လှည့်ကြည့်ဖော်ရမှာ မဟုတ်ဘူး ။

တချို့ကျတော့ ကိုယ့်အနားမှာ သူတို့လိုချင်တာရှိနေတဲ့အတွက် ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတာပါ ။ ပျော်စရာပဲဖြစ်ဖြစ် အကူအညီပဲဖြစ်ဖြစ် သူတို့လိုချင်တဲ့အရာတစ်ခုခု ရှိနေသရွေ့ မင်းဘဝထဲက သူတို့ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူး ။ ဒါပေမယ့် သူတို့လိုချင်တာတွေ ရပြီးသွားတဲ့အခါ ဒါမှမဟုတ် သူတို့လိုချင်တဲ့အရာတွေ မရှိတော့တဲ့အခါ မင်းဘဝထဲက ထွက်သွားကြလိမ့်မယ် ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

တချို့လူတွေကကျတော့ ကိုယ့်ဘဝထဲကို ဝင်လာတာ ထူးဆန်းတယ် အစွဲအလမ်းကြီးတတ်ကိုယ့်ကို နောက်ထပ်ဘယ်တော့မှ မစွဲလန်းစေဖို့သင်ခန်းစာတွေ ပေးဖို့ဝင်လာခဲ့တာလေ ။ အစပထမ သူကိုယ့်ဘဝထဲကို ဝင်လာခဲ့တုန်းက ကိုယ့်မှာ ပျော်ရွှင်ရတယ် ပြီးတော့ ကြည်နူးရတယ် တဖြေးဖြေးနဲ့ နွေးထွေးသလိုခံစားလာရတဲ့အခါမှာ ခြေရာတောင်မချန်ပဲ အပြီးအတိုင် ထွက်သွားခဲ့တာလေ ကိုယ့်မှာ မျက်ရည်နဲ့ မျက်ခွက် ။ ရည်မှန်းချက်တွေလဲမဲ့ပြီး ဘဝမှာ အသက်ရှင်နေရတာကိုတောင် အဓိပ္ပါယ်တွေ မဲ့လာတဲ့အထိ နာကျင်ခံစားခဲ့ရတာပေါ့ ။ ဒါပေမယ့် စာတွေတော့တော်တော်တတ်ခဲ့ပါတယ် ။ လူတွေ ကိုယ့်ဘဝထဲကို ဝင်လာရုံနဲ့ ပြန်မထွက်သွားတော့ဘူးလို့တသတ်မတ်ထဲ တွေးပစ်လိုက်လို့မရမှန်း စာတွေတတ်လာခဲ့တယ် ။

ဒီလိုလူတွေကို ဘဝရဲ့ ဧည့်သည်လို့ခေါ်ပါတယ် ။ ဧည့်သည်ဆိုတာ အချိန်တန်ရင်ပြန်သွားကြမှာ ကိုယ်က အိမ်ရှင်ပဲ တတ်နိုင်သလောက်လေး ဧည့်ဝတ်ကျေပေးလိုက် အဲ့ဒီထက်တော့ ဘာမှမမျှော်လင့်ထားနဲ့ ။ ခဏခဏဆုံရတဲ့ဧည့်သည်တွေလဲ ရှိလာလိမ့်မယ် ခဏတစ်ဖြုတ်ပဲ ကြုံရတဲ့ ဧည့်သည်တွေလဲ ရှိမယ် ဘယ်လို ဧည့်သည်မျိုးကိုမဆို ကိုယ့်ဘက်က ဧည့်ဝတ်ကျေပေးလိုက်ပါ ။ ပြန်သွားမယ်မှန်းသိရင် အစွဲအလန်းထားဖို့မလိုတော့ဘူး ။ ကိုယ့်ဘက်က ဘာကိုမှ မမျှော်လင့်ထားရင် ကိုယ့်ဘက်က နာကျင်စရာလဲ မလိုတော့ဘူး ။

အဓိက က ဧည့်သည်ကို ဧည့်သည်မှန်းသိဖို့ပဲလိုတာပါ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ဧည့္သည္ . . .

လူတစ္ေယာက္ ကိုယ့္ဘ၀ထဲကို ၀င္လာ႐ုံနဲ႔ ဒီလူက ငါ့အတြက္ပဲလို႔အပိုင္မတြက္တတ္တဲ့ အက်င့္ေလးကို ေဖ်ာက္ပါ ။ ဒီလူေတာ့ ငါ့ဘ၀ထဲက တစ္သက္လုံးထြက္မသြားပါဘူးဆိုတဲ့ ယုံၾကည္ခ်က္ႀကီးကို ေဖ်ာက္ပါ ။ ဒီလူနဲ႔ပဲ အိုမင္းခ်င္တယ္ဆိုတဲ့ အစြဲအလမ္းႀကီးကို ေဖ်ာက္ပါ ။

လူေတြ ကိုယ့္ဘ၀ထဲကို ၀င္လာၾကတယ္ဆိုတာ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳး အေၾကာင္းအမ်ိဳးမ်ိဳးရွိတယ္ ။ တခ်ိဳ႕က ခဏလာၿပီး နားတာ အစာရွာတဲ့ငွက္ေတြလိုေပါ့ အေတာင္ေျငာင္းလို႔ခဏအနားခံလိုက္ရတဲ့ သစ္ကိုင္းေလးတစ္ခုထက္မပိုဘူး ။ သူ ဒီေနရာမွာ ခဏပဲနားတာ ၿပီးရင္ သူလိုရာကို ဆက္ၿပီး ပ်ံသြားေတာ့မွာေလ ျပန္ေတာင္ လွည့္ၾကည့္ေဖာ္ရမွာ မဟုတ္ဘူး ။

တခ်ိဳ႕က်ေတာ့ ကိုယ့္အနားမွာ သူတို႔လိုခ်င္တာရွိေနတဲ့အတြက္ ကိုယ့္ဘ၀ထဲကို ၀င္လာခဲ့ၾကတာပါ ။ ေပ်ာ္စရာပဲျဖစ္ျဖစ္ အကူအညီပဲျဖစ္ျဖစ္ သူတို႔လိုခ်င္တဲ့အရာတစ္ခုခု ရွိေနသေ႐ြ႕ မင္းဘ၀ထဲက သူတို႔ဘယ္ေတာ့မွ ထြက္သြားမွာမဟုတ္ဘူး ။ ဒါေပမယ့္ သူတို႔လိုခ်င္တာေတြ ရၿပီးသြားတဲ့အခါ ဒါမွမဟုတ္ သူတို႔လိုခ်င္တဲ့အရာေတြ မရွိေတာ့တဲ့အခါ မင္းဘ၀ထဲက ထြက္သြားၾကလိမ့္မယ္ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

တခ်ိဳ႕လူေတြကက်ေတာ့ ကိုယ့္ဘ၀ထဲကို ၀င္လာတာ ထူးဆန္းတယ္ အစြဲအလမ္းႀကီးတတ္ကိုယ့္ကို ေနာက္ထပ္ဘယ္ေတာ့မွ မစြဲလန္းေစဖို႔သင္ခန္းစာေတြ ေပးဖို႔၀င္လာခဲ့တာေလ ။ အစပထမ သူကိုယ့္ဘ၀ထဲကို ၀င္လာခဲ့တုန္းက ကိုယ့္မွာ ေပ်ာ္႐ႊင္ရတယ္ ၿပီးေတာ့ ၾကည္ႏူးရတယ္ တေျဖးေျဖးနဲ႔ ေႏြးေထြးသလိုခံစားလာရတဲ့အခါမွာ ေျခရာေတာင္မခ်န္ပဲ အၿပီးအတိုင္ ထြက္သြားခဲ့တာေလ ကိုယ့္မွာ မ်က္ရည္နဲ႔ မ်က္ခြက္ ။ ရည္မွန္းခ်က္ေတြလဲမဲ့ၿပီး ဘ၀မွာ အသက္ရွင္ေနရတာကိုေတာင္ အဓိပၸါယ္ေတြ မဲ့လာတဲ့အထိ နာက်င္ခံစားခဲ့ရတာေပါ့ ။ ဒါေပမယ့္ စာေတြေတာ့ေတာ္ေတာ္တတ္ခဲ့ပါတယ္ ။ လူေတြ ကိုယ့္ဘ၀ထဲကို ၀င္လာ႐ုံနဲ႔ ျပန္မထြက္သြားေတာ့ဘူးလို႔တသတ္မတ္ထဲ ေတြးပစ္လိုက္လို႔မရမွန္း စာေတြတတ္လာခဲ့တယ္ ။

ဒီလိုလူေတြကို ဘ၀ရဲ႕ ဧည့္သည္လို႔ေခၚပါတယ္ ။ ဧည့္သည္ဆိုတာ အခ်ိန္တန္ရင္ျပန္သြားၾကမွာ ကိုယ္က အိမ္ရွင္ပဲ တတ္ႏိုင္သေလာက္ေလး ဧည့္၀တ္ေက်ေပးလိုက္ အဲ့ဒီထက္ေတာ့ ဘာမွမေမွ်ာ္လင့္ထားနဲ႔ ။ ခဏခဏဆုံရတဲ့ဧည့္သည္ေတြလဲ ရွိလာလိမ့္မယ္ ခဏတစ္ျဖဳတ္ပဲ ႀကဳံရတဲ့ ဧည့္သည္ေတြလဲ ရွိမယ္ ဘယ္လို ဧည့္သည္မ်ိဳးကိုမဆို ကိုယ့္ဘက္က ဧည့္၀တ္ေက်ေပးလိုက္ပါ ။ ျပန္သြားမယ္မွန္းသိရင္ အစြဲအလန္းထားဖို႔မလိုေတာ့ဘူး ။ ကိုယ့္ဘက္က ဘာကိုမွ မေမွ်ာ္လင့္ထားရင္ ကိုယ့္ဘက္က နာက်င္စရာလဲ မလိုေတာ့ဘူး ။

အဓိက က ဧည့္သည္ကို ဧည့္သည္မွန္းသိဖို႔ပဲလိုတာပါ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း