မိန်းမသားပဲလေဆိုပြီး ပျော့ညံ့နေလို့ မရဘူး

ငါက မိန်းမသားပဲလေဆိုပြီး ပျော့ညံ့ပစ်လိုက်လို့မရဘူး ။ ငါက မိန်းကလေးပဲလေဆိုပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်နေလို့လဲ မဖြစ်သေးဘူး ။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက လောကဓံကို ပိုပြီးရင်ဆိုင်ရတတ်သလို ပိုပြီးသန်မာပြရတယ် ။

ကျွန်မလဲ မိန်းကလေးတစ်ယောက်ပါ . . .အားမငယ်တတ်ဘူး မဟုတ်ဘူး အားငယ်တတ်ပါတယ် ဒါပေမယ့် ကိုယ်အားငယ်နေတဲ့အကြောင်းတွေ ဘယ်သူ့ကိုမှ မသိစေ မမြင်စေချင်ဘူး လျှို့ဝှက်ထားတယ် ကိုယ့်ကိုယ် သန်မာအောင် နေတယ် နောက်ဆုံး ပြိုလဲကျချင်နေရင်တောင် ဘယ်သူ့မှ မမြင်တဲ့တစ်ဖက်မှာမှ ကျွန်မ အားရပါးရငိုချပစ်လိုက်တယ် ။ ဒါ ကျွန်မ ကျင့်သုံးနေတဲ့နည်းလမ်းလေးတစ်ခုပါ ။

မိန်းကလေးပဲလေ လှချင်ပချင်စိတ်လေးတော့ရှိတယ် ဒါပေမယ့် သိပ်ပြီးနူးနူးရွရွလေးတော့ မနေတတ် မထိုင်တတ်ဘူး မိန်းကလေးသိပ်မဆန်တဲ့ မိန်းကလေးတစ်ယောက်ပေါ့ ။ အိမ်မှုကိစ္စတွေထက် စီးပွားရေးလုပ်ရမှာကို ပိုပြီး စိတ်ဝင်စားတယ် ။ ဒါက ယောက်ျားတွေလုပ်ရမှာလဲ လင်ကောင်းသားကောင်းရရင် အိမ်မှာပဲနေပြီး အိမ်မှုကိစ္စတွေ လုပ်ရမယ်လို့မိန်းကလေးတွေကို မတွေးစေချင်တော့ဘူး

ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနေရမယ့် ခေတ်ကို ရောက်နေပြီလေ ။ အိမ်ထဲမှာနေ ကိုရီးယားကားလေးကြည့်ပြီး ယောက်ျားလာတာကို ထိုင်မျှော်နေရမယ့် မိန်းမသားတွေ နေတဲ့ ခေတ်မဟုတ်တော့ဘူး ။ အိမ်ထောင်ရေးဆိုတာ လူနှစ်ယောက်ရဲ့ဘဝကို ပေါင်းစည်းတာလို့ပဲ ကျွန်မတော့မြင်တယ် လူတစ်ယောက်ရဲ့ ဘဝကို နောက်တစ်ယောက်က ထိန်းချုပ်နေတာ ချုပ်ကိုင်နေတာက အိမ်ထောင်ရေးမဟုတ်တော့ဘူး သူ့မှာလဲ သူ့အိပ်မက်တွေရှိသလို ကိုယ့်မှာလဲ ကိုယ့်အိပ်မက်တွေ ဆက်ပြီး ရှိနေရမယ်လေ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ငါက မိန်းကလေးပဲလေဆိုပြီး ပျော့ညံ့ပစ်လိုက်တာနဲ့ ကိုယ့်မှာ မှီစရာပုခုံးတစ်ခုတော့ လိုအပ်လာခဲ့ပြီလေ ။ အဲ့ဒီပုခုံးက ကိုယ့်မျက်ရည်တွေကို သုတ်ပေး စာနာနားလည်ပေးနိုင်ရင်တော်သေးပေမယ့် ကိုယ်အားကိုးတကြီး မှီလိုက်တဲ့ပုခုံံးက အပူတွေထက်ပြီးပေးလာတဲ့အခါ အားနွဲ့တတ်တဲ့မိန်းမသားမှာ ထပ်ပြီး အပူများရတာပဲ လောက က မျက်လှည့်တအားဆန်တယ် အခုကောင်းချင်ကောင်းနေပေမယ့် နောက်ကောင်းချင်မှ ကောင်းတော့တာမျိုး အဲ့တာကြောင့် ဘယ်ပုခုံကိုမှ မယုံစားပါနဲ့ ငါမိန်းမသား ဒါပေမယ့် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ အသက်ရှင်ပါ ။

မပြတ်သားတဲ့ မိန်းမက အကြိမ်ကြိမ်အခါခါ နာကျင်ရသလို အကြိမ်ကြိမ်အခါခါ သေရတတ်တယ် သေတယ်ဆိုတာ အသက်ရှုရပ်သွားမှ နှလုံးခုန်နှုန်းတွေ ရပ်သွားမှ သေသွားတာ မဟုတ်ပါဘူး အသက်တွေ ရှုနေပါလျက် ငါဘာကြောင့် အသက်ရှင်နေသလဲဆိုတာ မသိတော့ရင် ဆက်ပြီးရှင်သန်နေရတဲ့ ရည်ရွယ်ချက်တွေ မဲ့သွားတဲ့အခါလဲ လူတစ်ယောက် အသက်ပဲ ရှင်နေတော့တာ သူ့ဘဝတွေ ရှင်မလာတတ်တော့ဘူး ။

ဒါကြောင့် . . . ငါက မိန်းကလေးပဲဆိုတဲ့စိတ်နဲ့ ပျော့ညံ့ဖို့မတွေးနဲ့လိုအပ်တဲ့အခါ ယောက်ျားသားတွေထက် ပိုပြီး သန်မာပြရတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ငါက မိန္းမသားပဲေလဆိုၿပီး ေပ်ာ့ညံ့ပစ္လိုက္လို႔မရဘူး ။ ငါက မိန္းကေလးပဲေလဆိုၿပီး ကိုယ့္ကိုယ္ကို သိမ္ငယ္ေနလို႔လဲ မျဖစ္ေသးဘူး ။ တစ္ခါတစ္ေလမွာ မိန္းကေလးေတြက ေလာကဓံကို ပိုၿပီးရင္ဆိုင္ရတတ္သလို ပိုၿပီးသန္မာျပရတယ္ ။

ကြၽန္မလဲ မိန္းကေလးတစ္ေယာက္ပါ . . .အားမငယ္တတ္ဘူး မဟုတ္ဘူး အားငယ္တတ္ပါတယ္ ဒါေပမယ့္ ကိုယ္အားငယ္ေနတဲ့အေၾကာင္းေတြ ဘယ္သူ႔ကိုမွ မသိေစ မျမင္ေစခ်င္ဘူး လွ်ိဳ႕ဝွက္ထားတယ္ ကိုယ့္ကိုယ္ သန္မာေအာင္ ေနတယ္ ေနာက္ဆုံး ၿပိဳလဲက်ခ်င္ေနရင္ေတာင္ ဘယ္သူ႔မွ မျမင္တဲ့တစ္ဖက္မွာမွ ကြၽန္မ အားရပါးရငိုခ်ပစ္လိုက္တယ္ ။ ဒါ ကြၽန္မ က်င့္သုံးေနတဲ့နည္းလမ္းေလးတစ္ခုပါ ။

မိန္းကေလးပဲေလ လွခ်င္ပခ်င္စိတ္ေလးေတာ့ရွိတယ္ ဒါေပမယ့္ သိပ္ၿပီးႏူးႏူး႐ြ႐ြေလးေတာ့ မေနတတ္ မထိုင္တတ္ဘူး မိန္းကေလးသိပ္မဆန္တဲ့ မိန္းကေလးတစ္ေယာက္ေပါ့ ။ အိမ္မႈကိစၥေတြထက္ စီးပြားေရးလုပ္ရမွာကို ပိုၿပီး စိတ္၀င္စားတယ္ ။ ဒါက ေယာက္်ားေတြလုပ္ရမွာလဲ လင္ေကာင္းသားေကာင္းရရင္ အိမ္မွာပဲေနၿပီး အိမ္မႈကိစၥေတြ လုပ္ရမယ္လို႔မိန္းကေလးေတြကို မေတြးေစခ်င္ေတာ့ဘူး

ေယာက္်ားေတြနဲ႔ ရင္ေဘာင္တန္းေနရမယ့္ ေခတ္ကို ေရာက္ေနၿပီေလ ။ အိမ္ထဲမွာေန ကိုရီးယားကားေလးၾကည့္ၿပီး ေယာက္်ားလာတာကို ထိုင္ေမွ်ာ္ေနရမယ့္ မိန္းမသားေတြ ေနတဲ့ ေခတ္မဟုတ္ေတာ့ဘူး ။ အိမ္ေထာင္ေရးဆိုတာ လူႏွစ္ေယာက္ရဲ႕ဘ၀ကို ေပါင္းစည္းတာလို႔ပဲ ကြၽန္မေတာ့ျမင္တယ္ လူတစ္ေယာက္ရဲ႕ ဘ၀ကို ေနာက္တစ္ေယာက္က ထိန္းခ်ဳပ္ေနတာ ခ်ဳပ္ကိုင္ေနတာက အိမ္ေထာင္ေရးမဟုတ္ေတာ့ဘူး သူ႔မွာလဲ သူ႔အိပ္မက္ေတြရွိသလို ကိုယ့္မွာလဲ ကိုယ့္အိပ္မက္ေတြ ဆက္ၿပီး ရွိေနရမယ္ေလ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

ငါက မိန္းကေလးပဲေလဆိုၿပီး ေပ်ာ့ညံ့ပစ္လိုက္တာနဲ႔ ကိုယ့္မွာ မွီစရာပုခုံးတစ္ခုေတာ့ လိုအပ္လာခဲ့ၿပီေလ ။ အဲ့ဒီပုခုံးက ကိုယ့္မ်က္ရည္ေတြကို သုတ္ေပး စာနာနားလည္ေပးႏိုင္ရင္ေတာ္ေသးေပမယ့္ ကိုယ္အားကိုးတႀကီး မွီလိုက္တဲ့ပုခံုံးက အပူေတြထက္ၿပီးေပးလာတဲ့အခါ အားႏြဲ႕တတ္တဲ့မိန္းမသားမွာ ထပ္ၿပီး အပူမ်ားရတာပဲ ေလာက က မ်က္လွည့္တအားဆန္တယ္ အခုေကာင္းခ်င္ေကာင္းေနေပမယ့္ ေနာက္ေကာင္းခ်င္မွ ေကာင္းေတာ့တာမ်ိဳး အဲ့တာေၾကာင့္ ဘယ္ပုခုံကိုမွ မယုံစားပါနဲ႔ ငါမိန္းမသား ဒါေပမယ့္ ကိုယ္ေျခေထာက္ေပၚကိုယ္ရပ္မယ္ဆိုတဲ့စိတ္နဲ႔ပဲ အသက္ရွင္ပါ ။

မျပတ္သားတဲ့ မိန္းမက အႀကိမ္ႀကိမ္အခါခါ နာက်င္ရသလို အႀကိမ္ႀကိမ္အခါခါ ေသရတတ္တယ္ ေသတယ္ဆိုတာ အသက္ရႈရပ္သြားမွ ႏွလုံးခုန္ႏႈန္းေတြ ရပ္သြားမွ ေသသြားတာ မဟုတ္ပါဘူး အသက္ေတြ ရႈေနပါလ်က္ ငါဘာေၾကာင့္ အသက္ရွင္ေနသလဲဆိုတာ မသိေတာ့ရင္ ဆက္ၿပီးရွင္သန္ေနရတဲ့ ရည္႐ြယ္ခ်က္ေတြ မဲ့သြားတဲ့အခါလဲ လူတစ္ေယာက္ အသက္ပဲ ရွင္ေနေတာ့တာ သူ႔ဘဝေတြ ရွင္မလာတတ္ေတာ့ဘူး ။

ဒါေၾကာင့္ . . . ငါက မိန္းကေလးပဲဆိုတဲ့စိတ္နဲ႔ ေပ်ာ့ညံ့ဖို႔မေတြးနဲ႔လိုအပ္တဲ့အခါ ေယာက္်ားသားေတြထက္ ပိုၿပီး သန္မာျပရတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း