ကျွန်မ သူ့ကိုမေ့နိုင်ပါပြီ

ကျွန်မ သူ့ကိုမေ့နိုင်ပါပြီ ။

သူနဲ့စတွေ့ခဲ့တုန်းက သူ့အင်္ကျီ အဖြူရောင်လေးဝတ်ထားတဲ့အကြောင်း ကျွန်မ သတိမရတော့ဘူး ပြီးရင် သူငယ်ချင်းတွေကိုလဲ ခဏခဏ မပြောပြဖြစ်တော့ဘူး ။ ပြီးရင် ပြန်ပြီးလဲ မတမ်းတတော့ဘူး ။ မိန်းကလေးတွေက အဲ့လိုပဲလေ ။ ကျွန်မ သူ့ကိုမေ့ပါပြီလို့ပြောပြီး အသေးစိတ်လေးတွေကိုအစ ပြန်ပြီး အမှတ်ရနေတတ်တာမျိုးပေါ့ ။

မိန်းကလေးတစ်ယောက်က သူ့မွေးနေ့သူကိုယ်တိုင်မေ့ချင်မေ့နေနိုင်ပါတယ် ။ ဒါပေမယ့် သူ့ချစ်သူရဲ့ မွေးနေ့ ကိုတော့ သတိတရလေးရှိနေတတ်တယ် ။ သူ့ကို သတိမရတော့ဘူးလို့ပြောပြီး သူနဲ့ ဘယ်တုန်းက စတွေ့ဖြစ်ခဲ့တာဆိုတဲ့အကြောင်းတွေ ရောက်ချင်ရောက်သွားတတ်တာလေ

မိန်းကလေးတွေက အစွဲအလမ်းကြီးတတ်တယ် ။ ချစ်မိတဲ့အခါ ပိုပြီး စွဲလမ်းတတ်ကြတယ် ။ မေ့ချင်ယောင်ဆောင်ပြီး နေလိုက်တာပဲ ရှိတာပါ ။ တကယ်မေ့ပြီလားလို့မေးတဲ့အခါကျပြန်တော့လဲ မျက်ရည်အဝိုင်းသားနဲ့ သူ ငါ့ကို ထားသွားခဲ့ ဘယ်နေ့ဘယ်ရက် တောင်ရှိနေပြီဆိုပြီး မသိစိတ်ရေတွက်တတ်တာမျိုးပေါ့ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

မိန်းကလေးတစ်ယောက်ရဲ့ မေ့နေနိုင်ပါပြီဆိုတဲ့စကားက တကယ်ကို ထူးဆန်းတယ် ။ ကျွန်မသူ့ကိုမေ့ချင်တယ် ….လို့စပြီးပြောကြပြီး နောက်ဆုံး သူ့နဲ့ဘယ်လိုစတွေ့ခဲ့တာ သူ့နဲ့ ဘယ်လိုချစ်ခဲ့ကြတာ နောက်ဆုံး သူ့နဲ့ပြတ်သွားခဲ့တာ အချိန်ဘယ်လောက်ကြာပြီဆိုပြီး အတိတ်တွေ အကြောင်းပြောပြီး ဇာတ်သိမ်းသွားကြတာပဲ များပါတယ် ။

တကယ် မေ့ပစ်ဖို့မကြိုးစားခဲ့ကြဘူး ။ သူ့အနားမှာ မရှိတော့ပေမယ့် သူ့အကြောင်းတွေ ကြားရင် မသိစိတ်က စိတ်ပူနေတတ်တုန်းပဲ သူအဆင်မှပြေပါ့မလား နောက်ဆုံး နောက်တစ်ယောက်ရှိနေတာတောင် နားလည်ပေးနိုင်ပါ့မလား ဆိုတာတွေထိ တွေးပူနေတတ်တဲ့ ကောင်မလေးတွေလဲ အများကြီးတွေးဖူးပါတယ် ။ မမေ့နိုင်ခဲ့ပေမယ့် မမေ့ပဲနေရင် ကိုယ်ပဲ ပိုပြီး နာကျင်ရမှာ စိုးလို့. . မေ့ချင်ယောင်ဆောင်ပြီးနေထိုင်တတ်လာတာပါ ။9 စကားစပ်မိလို့ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါ သူ့အကြောင်းတွေမေးတိုင်း အစအဆုံး ပြန်ပြီး ပြောဖြစ်တာကလွဲလို့ကျွန်မ သူ့ကို မေ့နိုင်ပါပြီ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကြၽန္မ သူ႔ကိုေမ့ႏိုင္ပါၿပီ ။

သူနဲ႔စေတြ႕ခဲ့တုန္းက သူ႔အက်ႌ အျဖဴေရာင္ေလး၀တ္ထားတဲ့အေၾကာင္း ကြၽန္မ သတိမရေတာ့ဘူး ၿပီးရင္ သူငယ္ခ်င္းေတြကိုလဲ ခဏခဏ မေျပာျပျဖစ္ေတာ့ဘူး ။ ၿပီးရင္ ျပန္ၿပီးလဲ မတမ္းတေတာ့ဘူး ။ မိန္းကေလးေတြက အဲ့လိုပဲေလ ။ ကြၽန္မ သူ႔ကိုေမ့ပါၿပီလို႔ေျပာၿပီး အေသးစိတ္ေလးေတြကိုအစ ျပန္ၿပီး အမွတ္ရေနတတ္တာမ်ိဳးေပါ့ ။

မိန္းကေလးတစ္ေယာက္က သူ႔ေမြးေန႔သူကိုယ္တိုင္ေမ့ခ်င္ေမ့ေနႏိုင္ပါတယ္ ။ ဒါေပမယ့္ သူ႔ခ်စ္သူရဲ႕ ေမြးေန႔ ကိုေတာ့့ သတိတရေလးရွိေနတတ္တယ္ ။ သူ႔ကို သတိမရေတာ့ဘူးလို႔ေျပာၿပီး သူနဲ႔ ဘယ္တုန္းက စေတြ႕ျဖစ္ခဲ့တာဆိုတဲ့အေၾကာင္းေတြ ေရာက္ခ်င္ေရာက္သြားတတ္တာေလ

မိန္းကေလးေတြက အစြဲအလမ္းႀကီးတတ္တယ္ ။ ခ်စ္မိတဲ့အခါ ပိုၿပီး စြဲလမ္းတတ္ၾကတယ္ ။ ေမ့ခ်င္ေယာင္ေဆာင္ၿပီး ေနလိုက္တာပဲ ရွိတာပါ ။ တကယ္ေမ့ၿပီလားလို႔ေမးတဲ့အခါက်ျပန္ေတာ့လဲ မ်က္ရည္အဝိုင္းသားနဲ႔ သူ ငါ့ကို ထားသြားခဲ့ ဘယ္ေန႔ဘယ္ရက္ ေတာင္ရွိေနၿပီဆိုၿပီး မသိစိတ္ေရတြက္တတ္တာမ်ိဳးေပါ့ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

မိန္းကေလးတစ္ေယာက္ရဲ႕ ေမ့ေနႏိုင္ပါၿပီဆိုတဲ့စကားက တကယ္ကို ထူးဆန္းတယ္ ။ ကြၽန္မသူ႔ကိုေမ့ခ်င္တယ္ ….လို႔စၿပီးေျပာၾကၿပီး ေနာက္ဆုံး သူ႔နဲ႔ဘယ္လိုစေတြ႕ခဲ့တာ သူ႔နဲ႔ ဘယ္လိုခ်စ္ခဲ့ၾကတာ ေနာက္ဆုံး သူ႔နဲ႔ျပတ္သြားခဲ့တာ အခ်ိန္ဘယ္ေလာက္ၾကာၿပီဆိုၿပီး အတိတ္ေတြ အေၾကာင္းေျပာၿပီး ဇာတ္သိမ္းသြားၾကတာပဲ မ်ားပါတယ္ ။

တကယ္ ေမ့ပစ္ဖို႔မႀကိဳးစားခဲ့ၾကဘူး ။ သူ႔အနားမွာ မရွိေတာ့ေပမယ့္ သူ႔အေၾကာင္းေတြ ၾကားရင္ မသိစိတ္က စိတ္ပူေနတတ္တုန္းပဲ သူအဆင္မွေျပပါ့မလား ေနာက္ဆုံး ေနာက္တစ္ေယာက္ရွိေနတာေတာင္ နားလည္ေပးႏိုင္ပါ့မလား ဆိုတာေတြထိ ေတြးပူေနတတ္တဲ့ ေကာင္မေလးေတြလဲ အမ်ားႀကီးေတြးဖူးပါတယ္ ။ မေမ့ႏိုင္ခဲ့ေပမယ့္ မေမ့ပဲေနရင္ ကိုယ္ပဲ ပိုၿပီး နာက်င္ရမွာ စိုးလို႔. . ေမ့ခ်င္ေယာင္ေဆာင္ၿပီးေနထိုင္တတ္လာတာပါ ။9 စကားစပ္မိလို႔ငယ္သူငယ္ခ်င္းေတြနဲ႔ ျပန္ေတြ႕တဲ့အခါ သူ႔အေၾကာင္းေတြေမးတိုင္း အစအဆုံး ျပန္ၿပီး ေျပာျဖစ္တာကလြဲလို႔ကြၽန္မ သူ႔ကို ေမ့ႏိုင္ပါၿပီ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း