သူသတိရရင် ဖုန်းဆက်လာမှာပေါ့

သတိရရင် ဖုန်းဆက်လာမှာပေါ့ဆိုတဲ့ အတွေးနဲ့ စောင့်ခဲ့ရပေါင်းလဲ များပါပြီ ။ ညနက်ခဲ့ပေါင်းလဲ များပါပြီ ။

အိပ်ပျော်ခဲ့ပေါင်းလဲ များပါပြီ ။ အဲ့ဒီများခြင်းတွေနောက်မှာ ဖုန်းလေးတစ်ချက်မှ ဆက်မလာ ခေါ်မလာခဲ့ဘူး ။စိတ်ဆိုး စိတ်ကောက်ဖို့ထက် အဆင်ပြေရဲ့လား ဆိုတဲ့ စိတ်ပူမှုတွေနဲ့ နောက်ဆုံး ဖုန်းစဆက်ရတဲ့သူဟာ ကိုယ်ပဲ ဖြစ်နေခဲ့ပါတယ်

သူ မအားလို့နေမှာပါဆိုတဲ့ ဖြည့်ပြီးတွေးရတာလဲ အခါခါပါ ။ ကိုယ့်ဘက်ကပဲ အစွဲအလမ်းကြီးနေလို့ ဖြစ်မှာပါ စိတ်ထင်နေလို့နေမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာလဲ အခါခါပါ ။

တကယ်တော့ လူတစ်ယောက်ရဲ့ အားခြင်း မအားခြင်းဆိုတာ အမြဲတမ်း အလုပ်များခြင်း မများခြင်းနဲ့ မသက်ဆိုင်ပါဘူး ။ ကိုယ့်ဟာ သူ့အတွက် အရေးပါခြင်းမပါခြင်းနဲ့ အများကြီးသက်ဆိုင်ပါတယ် ။ အလုပ်တွေများနေတာပါဆိုတဲ့ အကြောင်းပြချက်တွေနောက်မှာ မအားလို့ပါဆိုတဲ့ message လေးတစ်စောင်ရိုက်ဖို့ အချိန်ဘယ်လောက်ကြာတတ်လဲ ။

မအားလို့ပါဆိုတဲ့ ဖုန်းလေးတစ်ကောဆက်ဖို့ အချိန်ဘယ်လောက်များယူရလို့လဲ ။ ကျွန်မ ထစ်ကနဲရှိ စိတ်ကောက် စိတ်ဆိုးတတ်တဲ့ မိန်းမ မဟုတ်ဘူး နားလည်ပေးတတ်ပါတယ် မအားလို့နေပါဆိုပြီး ဖြည့်တွေးနေရတာတွေထက်စာရင် သူငါ့ကို သတိတရနဲ့ ပြောဖော်လေးရပါလားဆိုတဲ့စိတ်လေးနဲ့ ကြည်နူးချင်မိတာပါ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

အပိုတွေပါလို့ မထင်ပါနဲ့ ကျွန်မ သိပ်ကို ချစ်တတ်ခဲ့တာ စိတ်နှစ်ကိုယ်နှစ်ပြီးကို ချစ်တတ်ခဲ့တာ ။ ငါ့ကို မချစ်လို့များလားဆိုတဲ့အတွေးတွေနဲ့ တစ်ယောက်တည်း ဗျာများခဲ့ရတဲ့ ညတွေ ဘယ်သူမှ မသိမမြင်ပါဘူး ။ ငါ့ကို အလေးမထားပါလားဆိုတဲ့ အသိနဲ့ ငိုခဲ့ရတဲ့ ရက်တွေ ဘယ်သူမှ မသိပါဘူး ။

ကျွန်မ . . . . သိပ်ချစ်မိတဲ့အခါ အနည်းနဲ့အများတော့ ပြန်ပြီး အလေးထားစေချင်တယ်လေ ။ အများကြီးမဟုတ်တောင် နည်းနည်းလေးပဲဖြစ်ဖြစ်ပေါ့ ။ သူအားတဲ့အခါ ဖုန်းဆက်လာမှာပါဆိုတဲ့အတွေးတွေနဲ့ ညနက်ခဲ့တဲ့ရက်တွေ ထပ်ပြီး မလိုချင်လာတော့ဘူး ။ သတိရတဲ့အခါ ဖုန်းဆက်လာမှာဆိုပြီး အိပ်ပျော်သွားခဲ့ရတဲ့ရက်တွေ တဖြေးဖြေး မုန်းတတ်လာပါပြီ ။

သူမအားလို့နေမှာဆိုပြီး ခဏခဏဖြည့်တွေးနေရတာတွေ နောက်ထပ် ဆက်ပြီးမတွေးချင်ဘူး ။ ကျွန်မကပဲ ဂရုစိုက်မှုတွေတန်ဖိုးထားမှုတွေနဲ့ မထိုက်တန်ခဲ့တာပဲလား ။ တစ်ချက်လောက်ပဲဖြစ်ဖြစ် တကယ်ချစ်ရင် ချစ်ပါတယ်ဆိုတဲ့ စကားလုံးတွေနဲ့တင် မလုံလောက်သေးဘူး အနောက်မှာ ဂရုစိုက်တတ်ဖို့နဲ့ အလေးထားတတ်ဖို့လဲ လိုသေးတယ်လေ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

သတိရရင္ ဖုန္းဆက္လာမွာေပါ့ဆိုတဲ့ အေတြးနဲ႔ ေစာင့္ခဲ့ရေပါင္းလဲ မ်ားပါၿပီ ။ ညနက္ခဲ့ေပါင္းလဲ မ်ားပါၿပီ ။ အိပ္ေပ်ာ္ခဲ့ေပါင္းလဲ မ်ားပါၿပီ ။ အဲ့ဒီမ်ားျခင္းေတြေနာက္မွာ ဖုန္းေလးတစ္ခ်က္မွ ဆက္မလာ ေခၚမလာခဲ့ဘူး ။စိတ္ဆိုး စိတ္ေကာက္ဖို႔ထက္ အဆင္ေျပရဲ႕လား ဆိုတဲ့ စိတ္ပူမႈေတြနဲ႔ ေနာက္ဆုံး ဖုန္းစဆက္ရတဲ့သူဟာ ကိုယ္ပဲ ျဖစ္ေနခဲ့ပါတယ္

သူ မအားလို႔ေနမွာပါဆိုတဲ့ ျဖည့္ၿပီးေတြးရတာလဲ အခါခါပါ ။ ကိုယ့္ဘက္ကပဲ အစြဲအလမ္းႀကီးေနလို႔ ျဖစ္မွာပါ စိတ္ထင္ေနလို႔ေနမွာပါဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ လိမ္ညာရတာလဲ အခါခါပါ ။

တကယ္ေတာ့ လူတစ္ေယာက္ရဲ႕ အားျခင္း မအားျခင္းဆိုတာ အၿမဲတမ္း အလုပ္မ်ားျခင္း မမ်ားျခင္းနဲ႔ မသက္ဆိုင္ပါဘူး ။ ကိုယ့္ဟာ သူ႔အတြက္ အေရးပါျခင္းမပါျခင္းနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္ ။ အလုပ္ေတြမ်ားေနတာပါဆိုတဲ့ အေၾကာင္းျပခ်က္ေတြေနာက္မွာ မအားလို႔ပါဆိုတဲ့ message ေလးတစ္ေစာင္႐ိုက္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာတတ္လဲ ။

မအားလို႔ပါဆိုတဲ့ ဖုန္းေလးတစ္ေကာဆက္ဖို႔ အခ်ိန္ဘယ္ေလာက္မ်ားယူရလို႔လဲ ။ ကြၽန္မ ထစ္ကနဲရွိ စိတ္ေကာက္ စိတ္ဆိုးတတ္တဲ့ မိန္းမ မဟုတ္ဘူး နားလည္ေပးတတ္ပါတယ္ မအားလို႔ေနပါဆိုၿပီး ျဖည့္ေတြးေနရတာေတြထက္စာရင္ သူငါ့ကို သတိတရနဲ႔ ေျပာေဖာ္ေလးရပါလားဆိုတဲ့စိတ္ေလးနဲ႔ ၾကည္ႏူးခ်င္မိတာပါ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

အပိုေတြပါလို႔ မထင္ပါနဲ႔ ကြၽန္မ သိပ္ကို ခ်စ္တတ္ခဲ့တာ စိတ္ႏွစ္ကိုယ္ႏွစ္ၿပီးကို ခ်စ္တတ္ခဲ့တာ ။ ငါ့ကို မခ်စ္လို႔မ်ားလားဆိုတဲ့အေတြးေတြနဲ႔ တစ္ေယာက္တည္း ဗ်ာမ်ားခဲ့ရတဲ့ ညေတြ ဘယ္သူမွ မသိမျမင္ပါဘူး ။ ငါ့ကို အေလးမထားပါလားဆိုတဲ့ အသိနဲ႔ ငိုခဲ့ရတဲ့ ရက္ေတြ ဘယ္သူမွ မသိပါဘူး ။

ကြၽန္မ . . . . သိပ္ခ်စ္မိတဲ့အခါ အနည္းနဲ႔အမ်ားေတာ့ ျပန္ၿပီး အေလးထားေစခ်င္တယ္ေလ ။ အမ်ားႀကီးမဟုတ္ေတာင္ နည္းနည္းေလးပဲျဖစ္ျဖစ္ေပါ့ ။ သူအားတဲ့အခါ ဖုန္းဆက္လာမွာပါဆိုတဲ့အေတြးေတြနဲ႔ ညနက္ခဲ့တဲ့ရက္ေတြ ထပ္ၿပီး မလိုခ်င္လာေတာ့ဘူး ။ သတိရတဲ့အခါ ဖုန္းဆက္လာမွာဆိုၿပီး အိပ္ေပ်ာ္သြားခဲ့ရတဲ့ရက္ေတြ တေျဖးေျဖး မုန္းတတ္လာပါၿပီ ။

သူမအားလို႔ေနမွာဆိုၿပီး ခဏခဏျဖည့္ေတြးေနရတာေတြ ေနာက္ထပ္ ဆက္ၿပီးမေတြးခ်င္ဘူး ။ ကြၽန္မကပဲ ဂ႐ုစိုက္မႈေတြတန္ဖိုးထားမႈေတြနဲ႔ မထိုက္တန္ခဲ့တာပဲလား ။ တစ္ခ်က္ေလာက္ပဲျဖစ္ျဖစ္ တကယ္ခ်စ္ရင္ ခ်စ္ပါတယ္ဆိုတဲ့ စကားလုံးေတြနဲ႔တင္ မလုံေလာက္ေသးဘူး အေနာက္မွာ ဂ႐ုစိုက္တတ္ဖို႔နဲ႔ အေလးထားတတ္ဖို႔လဲ လိုေသးတယ္ေလ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း