ကိုယ်မရှိလဲ အဆင်ပြေနေတာပဲလေ

နေတတ်ရင် ကျေနပ်စရာပါ ။

ငါသာ သူ့နေရာမှာဆိုပြီး ကိုယ့်ဘက်က အစစအရာရာ လိုက်ပြီးကိုယ်ချင်းတွေစာပြီး ကိုယ်ပဲ . . .ပူပန်မှုတွေနဲ့ နေမရ ထိုင်မရတွေ ဖြစ်နေတတ်တာလေ ။ ဘာများအဆင်မပြေဘူးလဲ တစ်ခုခုများ ဖြစ်နေမလားဆိုတဲ့ အတွေးတွေနဲ့ ဘဝ. .ရဲ့အချိန်တော်တော်များများမှာ စိုးရိမ်းစိတ်တွေနဲ့ ဖြတ်သန်းခဲ့ကြဖူးပါလိမ့်မယ် ။ ကိုယ့်အတွက်ကိုယ် ပူတာ မဟုတ်ပဲ ကိုယ်မဟုတ်တဲ့ တခြားလူအတွက်ပေါ့ ။

ဒီထက်ပိုဆိုးတဲ့ နောက်တစ်ခုက . . . ငါမရှိရင် သူအဆင်ပြေပါ့မလားဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတတ်တာပဲ ။ ငါမှ မလုပ်ပေးရင် အဆင်မပြေဘူးထင်တယ်ဆိုတဲ့ စိတ်နဲ့ အစစအရာရာ လိုက်ပြီး လုပ်ပေး နေရာတကာ ကိုယ်ကဝင်ပါပေး စိတ်လဲ ပင်ပန်းရသလို လူလဲ ပင်ပန်းရပါတယ် ။ ငါ မရှိရင် သူဘယ်လိုနေမလဲဆိုတဲ့အတွေးနဲ့ ကိုယ့်ခြေထောက်တွေလဲ ချုပ်ပစ်လိုက်တယ် ကိုယ့်လွတ်လပ်ခွင့်တွေကိုယ် ပိတ်လှောင်ပစ်လိုက်တယ်လေ ။

တကယ်ဆိုရင် . . . ငါမရှိရင် နေရာတကာတိုင်း အဆင်မပြေတာမဟုတ်ပါဘူး ။ ကိုယ်မရှိတဲ့အခါလဲ ကမ္ဘာကြီးက သူ့အလိုလို လှည်ပတ်နေတာပါပဲ ။ ကိုယ်မရှိရင် ကိုယ့်နေရာမှာ တခြားတစ်ယောက်နဲ့ လှည်ပတ်နေမှာပဲလေ ။ ဒီအတွက် သိပ်ပြီးအပင်ပန်းခံပြီး မတွေးနဲ့ ။ တစ်ခါတစ်လေဆို . . . ကိုယ်မရှိရင် ပိုပြီး ပျော်တတ်ကြတဲ့လူတွေလဲ အများကြီးပါ ။ နေရာတကာ ငါ ရှိမှ ဖြစ်မှာ ငါ ပါမှ ဖြစ်မှာဆိုတဲ့အတွေးနဲ့ ကိုယ့်ဘက်က အစစအရာရာ လိုက်လုပ်ပေးနေရင်တော့ လူမုန်းပိုပြီးများသေးတယ် ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ဘ၀ . . .စလုံးရေစကတည်းက ခက်ခဲမယ် ကြမ်းတမ်းမယ်ဆိုတဲ့ အရာတွေနဲ့ ဖွဲ့စည်းထားတဲ့အရာပါ ။ အဲ့ဒီ ခက်ခဲတဲ့ဘဝမှာ မနေတတ်တဲ့သူတွေက ပိုပြီး ခက်ခဲတတ်ကြတယ်လေ ။ ရှင်းရှင်း ပြောရရင် ကိုယ့်အတွက် မဟုတ်ပဲ တခြားတစ်ယောက်အတွက် အသက်ရှင်ချင်နေတဲ့သူတွေက ဘဝမှာ ပိုပြီး ခက်ခဲတတ်ကြတာပါ ။

ကိုယ်မရှိလဲ အဆင်ပြေနေတာပဲဆိုတဲ့အသိလေး နဲနဲလေးဖြစ်ဖြစ် ဝင်ကြည့်စမ်းပါ ။ကိုယ်မရှိလဲ တကယ်ကို အဆင်ပြေနေမှန်းသဘောပေါက်တဲ့အခါ ကိုယ့်ဘက်က ပိုပြီးနေတတ်လာမယ်လေ ဘ၀ . . . အရာရာတိုင်းကို ရင်ဘတ်ကြီးထဲထည့်ပြီး လျှောက်နေလို့မရဘူး အရာအားလုံး လေးကန်ကုန်လိမ့်မယ် တစ်ခါတစ်လေမှာ ဘဝကို ဘာကိုမှ မဆုပ်ကိုင်ထားပဲ ။ ပေါ့ပေါ့ပါးပါးလေးလဲ ဖြတ်သန်းတတ်ရတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ေနတတ္ရင္ ေက်နပ္စရာပါ ။

ငါသာ သူ႔ေနရာမွာဆိုၿပီး ကိုယ့္ဘက္က အစစအရာရာ လိုက္ၿပီးကိုယ္ခ်င္းေတြစာၿပီး ကိုယ္ပဲ . . .ပူပန္မႈေတြနဲ႔ ေနမရ ထိုင္မရေတြ ျဖစ္ေနတတ္တာေလ ။ ဘာမ်ားအဆင္မေျပဘူးလဲ တစ္ခုခုမ်ား ျဖစ္ေနမလားဆိုတဲ့ အေတြးေတြနဲ႔ ဘ၀. .ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ စိုးရိမ္းစိတ္ေတြနဲ႔ ျဖတ္သန္းခဲ့ၾကဖူးပါလိမ့္မယ္ ။ ကိုယ့္အတြက္ကိုယ္ ပူတာ မဟုတ္ပဲ ကိုယ္မဟုတ္တဲ့ တျခားလူအတြက္ေပါ့ ။

ဒီထက္ပိုဆိုးတဲ့ ေနာက္တစ္ခုက . . . ငါမရွိရင္ သူအဆင္ေျပပါ့မလားဆိုတဲ့ အေတြးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ေနတတ္တာပဲ ။ ငါမွ မလုပ္ေပးရင္ အဆင္မေျပဘူးထင္တယ္ဆိုတဲ့ စိတ္နဲ႔ အစစအရာရာ လိုက္ၿပီး လုပ္ေပး ေနရာတကာ ကိုယ္က၀င္ပါေပး စိတ္လဲ ပင္ပန္းရသလို လူလဲ ပင္ပန္းရပါတယ္ ။ ငါ မရွိရင္ သူဘယ္လိုေနမလဲဆိုတဲ့အေတြးနဲ႔ ကိုယ့္ေျခေထာက္ေတြလဲ ခ်ဳပ္ပစ္လိုက္တယ္ ကိုယ့္လြတ္လပ္ခြင့္ေတြကိုယ္ ပိတ္ေလွာင္ပစ္လိုက္တယ္ေလ ။

တကယ္ဆိုရင္ . . . ငါမရွိရင္ ေနရာတကာတိုင္း အဆင္မေျပတာမဟုတ္ပါဘူး ။ ကိုယ္မရွိတဲ့အခါလဲ ကမာၻႀကီးက သူ႔အလိုလို လွည္ပတ္ေနတာပါပဲ ။ ကိုယ္မရွိရင္ ကိုယ့္ေနရာမွာ တျခားတစ္ေယာက္နဲ႔ လွည္ပတ္ေနမွာပဲေလ ။ ဒီအတြက္ သိပ္ၿပီးအပင္ပန္းခံၿပီး မေတြးနဲ႔ ။ တစ္ခါတစ္ေလဆို . . . ကိုယ္မရွိရင္ ပိုၿပီး ေပ်ာ္တတ္ၾကတဲ့လူေတြလဲ အမ်ားႀကီးပါ ။ ေနရာတကာ ငါ ရွိမွ ျဖစ္မွာ ငါ ပါမွ ျဖစ္မွာဆိုတဲ့အေတြးနဲ႔ ကိုယ့္ဘက္က အစစအရာရာ လိုက္လုပ္ေပးေနရင္ေတာ့ လူမုန္းပိုၿပီးမ်ားေသးတယ္ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

ဘ၀ . . .စလုံးေရစကတည္းက ခက္ခဲမယ္ ၾကမ္းတမ္းမယ္ဆိုတဲ့ အရာေတြနဲ႔ ဖြဲ႕စည္းထားတဲ့အရာပါ ။ အဲ့ဒီ ခက္ခဲတဲ့ဘ၀မွာ မေနတတ္တဲ့သူေတြက ပိုၿပီး ခက္ခဲတတ္ၾကတယ္ေလ ။ ရွင္းရွင္း ေျပာရရင္ ကိုယ့္အတြက္ မဟုတ္ပဲ တျခားတစ္ေယာက္အတြက္ အသက္ရွင္ခ်င္ေနတဲ့သူေတြက ဘ၀မွာ ပိုၿပီး ခက္ခဲတတ္ၾကတာပါ ။

ကိုယ္မရွိလဲ အဆင္ေျပေနတာပဲဆိုတဲ့အသိေလး နဲနဲေလးျဖစ္ျဖစ္ ၀င္ၾကည့္စမ္းပါ ။ကိုယ္မရွိလဲ တကယ္ကို အဆင္ေျပေနမွန္းသေဘာေပါက္တဲ့အခါ ကိုယ့္ဘက္က ပိုၿပီးေနတတ္လာမယ္ေလ ဘ၀ . . . အရာရာတိုင္းကို ရင္ဘတ္ႀကီးထဲထည့္ၿပီး ေလွ်ာက္ေနလို႔မရဘူး အရာအားလုံး ေလးကန္ကုန္လိမ့္မယ္ တစ္ခါတစ္ေလမွာ ဘ၀ကို ဘာကိုမွ မဆုပ္ကိုင္ထားပဲ ။ ေပါ့ေပါ့ပါးပါးေလးလဲ ျဖတ္သန္းတတ္ရတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း