ကိုယ်မမြင်ရတဲ့တစ်ဖက် ဘာရှိမလဲဆိုပြီး စပ်စုတတ်တဲ့အကျင့်လေးကို ပြင်ပါ

ကိုယ်မမြင်ရတဲ့တစ်ဖက် ဘာရှိမလဲဆိုပြီး စပ်စုတတ်တဲ့အကျင့်လေးကို ပြင်ပါ ။

လမင်းကြီးကို ကြည့်တဲ့အခါ . . . လင်းနေတဲ့တစ်ဖက် မှောင်နေတဲ့တစ်ခြမ်းရှိနေသလို လူတွေမှာလဲ ကိုယ်မမြင်ရတဲ့ ကိုယ်ကြည့်ခွင့်မရှိတဲ့ မျက်နှာနောက်တစ်ဖက်ရှိနေတတ်ပါတယ် ။ ဒါကို ခဏခဏ မစပ်စုပါနဲ့ အရမ်းလဲ မသိချင်နဲ့ တကယ်လို့ကိုယ်သိပ်ကို သိချင်နေတဲ့ တစ်ဖက်မှာ ကိုယ်ဟာ ရှိမနေခဲ့မှန်းသိရင် ပိုပြီးနာကျင်ခံစားရလိမ့်မယ်

ငါမသိခဲ့ရင် ငါသိဖို့မကြိုးစားခဲ့ရင်အကောင်းသားဆိုတဲ့နောင်တတွေနဲ့ဝေးမှန်းမသိ ဝေးသွားကြရတယ် ။ မိတ်ဆွေ အပေါင်းအသင်းတွေပဲ ဖြစ်ဖြစ် . . . ချစ်သူအချင်းချင်းပဲ ဖြစ်ဖြစ် လူတိုင်းမှာ ကိုယ့်လျှို့ဝှက်ချက်နဲ့ကိုယ် ရှိနေတတ်ကြပါတယ် ။ ကိုယ့်ကို မသိစေချင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ဖြစ် ကိုယ့်ကို ဖုံးကွယ်ထားတဲ့ အမှန်တရားတွေပဲ ဖြစ်ဖြစ် တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီးလဲ ရှိနေတတ်ပါတယ်

ကိုယ့်လို လူတိုင်းက မဖြူစင်နိုင်ဘူးလေ ကိုယ့်ဘက်က အရိုးသားဆုံးနဲ့ ဆက်ဆံပေမယ့် တစ်ဖက်က ပွင့်လင်းချင်မှ ပွင့်လင်းတတ်တာမျိုးလေ . . . မာယာတွေ ပလီပလာတွေနဲ့ ကိုယ့်အပေါ် ဘယ်လိုပဲ ဆက်ဆံဆက်ဆံပါ . . .ကိုယ့်ဘက်က အတတ်နိုင်ဆုံးသာ ဖြူစင် မျက်နှာဖုံးဆိုတာ တစ်သက်လုံး ဝတ်ထားလို့ရတာလဲ မဟုတ်ဘူးလေ အချိန်တဲ့အခါ မျက်နှာဖုံးတွေ အလိုလို ကွာကျလာပါလိမ့်မယ် ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ကိုယ်က အရမ်းကြီးမျှော်လင့်ထားပြီး ကိုယ့်အတွက်များ ကိုယ်မမြင်ရတဲ့တစ်ဖက်မှာ တန်ဖိုထားမှုအလေးထားမှုတွေ ရှိလိမ့်မယ်လို့လူတိုင်းထင်တတ်ကြတာပဲ မြင်သာအောင်ပြောရရင် သူ့စိတ်ထဲမှာ ကိုယ်ရှိနေလိမ့်မယ် တစ်ထစ်ချကြီး ယုံပစ်လိုက်တာမျိုးပေါ့ ။ ကိုယ်ထင်ထားခဲ့သလောက် ကိုယ်က အရေးပါခဲ့မှန်းမသိခင်တုန်းက မသိဖာသာနဲ့ နေသာအောင်နေလို့ရပေမယ့် ကိုယ်သိပြီးသွားတဲ့အခါ အဲ့ဒီဆက်ဆံရေးကို ရေရှည်ဆွဲထားဖို့အတော်လေးကို ခက်ခဲပါတယ် ။

ဒါကြောင့် သူ့စိတ်ထဲမှာ ဘာရှိနေမလဲဆိုတဲ့အတွေးနဲ့အရာရာကို လိုက်ပြီး မစပ်စုပါနဲ မသိရင် ဘာမှ မဖြစ်ပါဘူး သိပြီးသွားတဲ့အခါ . . . ကိုယ်ပဲ နာကျင်ခံစားရတတ်ပါတယ် အချိန်တန်တဲ့အခါ . . အချိန်တန်လာခဲ့သလို ကိုယ်လဲ အဆင်ပြေသလို နေနိုင်လာမှာပေါ့ ငါသာ သိအောင်မကြိုးစားခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့နောင်တတွေလဲ ရှိလာတော့မှာ မဟုတ်ဘူးလေ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ္မျမင္ရတဲ့တစ္ဖက္ ဘာရွိမလဲဆိုၿပီး စပ္စုတတ္တဲ့အက်င့္ေလးကို ျပင္ပါ ။

လမင္းႀကီးကို ၾကည့္တဲ့အခါ . . . လင္းေနတဲ့တစ္ဖက္ ေမွာင္ေနတဲ့တစ္ျခမ္းရွိေနသလို လူေတြမွာလဲ ကိုယ္မျမင္ရတဲ့ ကိုယ္ၾကည့္ခြင့္မရွိတဲ့ မ်က္ႏွာေနာက္တစ္ဖက္ရွိေနတတ္ပါတယ္ ။ ဒါကို ခဏခဏ မစပ္စုပါနဲ႔ အရမ္းလဲ မသိခ်င္နဲ႔ တကယ္လို႔ကိုယ္သိပ္ကို သိခ်င္ေနတဲ့ တစ္ဖက္မွာ ကိုယ္ဟာ ရွိမေနခဲ့မွန္းသိရင္ ပိုၿပီးနာက်င္ခံစားရလ္ိမ့္မယ္

ငါမသိခဲ့ရင္ ငါသိဖို႔မႀကိဳးစားခဲ့ရင္အေကာင္းသားဆိုတဲ့ေနာင္တေတြနဲ႔ေဝးမွန္းမသိ ေဝးသြားၾကရတယ္ ။ မိတ္ေဆြ အေပါင္းအသင္းေတြပဲ ျဖစ္ျဖစ္ . . . ခ်စ္သူအခ်င္းခ်င္းပဲ ျဖစ္ျဖစ္ လူတိုင္းမွာ ကိုယ့္လွ်ိဳ႕ဝွက္ခ်က္နဲ႔ကိုယ္ ရွိေနတတ္ၾကပါတယ္ ။ ကိုယ့္ကို မသိေစခ်င္တဲ့ အေၾကာင္းအရာေတြပဲ ျဖစ္ျဖစ္ ကိုယ့္ကို ဖုံးကြယ္ထားတဲ့ အမွန္တရားေတြပဲ ျဖစ္ျဖစ္ တစ္ခု ဒါမွမဟုတ္ တစ္ခုထက္ပိုၿပီးလဲ ရွိေနတတ္ပါတယ္

ကိုယ့္လို လူတိုင္းက မျဖဴစင္ႏိုင္ဘူးေလ ကိုယ့္ဘက္က အ႐ိုးသားဆုံးနဲ႔ ဆက္ဆံေပမယ့္ တစ္ဖက္က ပြင့္လင္းခ်င္မွ ပြင့္လင္းတတ္တာမ်ိဳးေလ . . . မာယာေတြ ပလီပလာေတြနဲ႔ ကိုယ့္အေပၚ ဘယ္လိုပဲ ဆက္ဆံဆက္ဆံပါ . . .ကိုယ့္ဘက္က အတတ္ႏိုင္ဆုံးသာ ျဖဴစင္ မ်က္ႏွာဖုံးဆိုတာ တစ္သက္လုံး ၀တ္ထားလို႔ရတာလဲ မဟုတ္ဘူးေလ အခ်ိန္တဲ့အခါ မ်က္ႏွာဖုံးေတြ အလိုလို ကြာက်လာပါလိမ့္မယ္ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

ကိုယ္က အရမ္းႀကီးေမွ်ာ္လင့္ထားၿပီး ကိုယ့္အတြက္မ်ား ကိုယ္မျမင္ရတဲ့တစ္ဖက္မွာ တန္ဖိုထားမႈအေလးထားမႈေတြ ရွိလိမ့္မယ္လို႔လူတိုင္းထင္တတ္ၾကတာပဲ ျမင္သာေအာင္ေျပာရရင္ သူ႔စိတ္ထဲမွာ ကိုယ္ရွိေနလိမ့္မယ္ တစ္ထစ္ခ်ႀကီး ယုံပစ္လိုက္တာမ်ိဳးေပါ့ ။ ကိုယ္ထင္ထားခဲ့သေလာက္ ကိုယ္က အေရးပါခဲ့မွန္းမသိခင္တုန္းက မသိဖာသာနဲ႔ ေနသာေအာင္ေနလို႔ရေပမယ့္ ကိုယ္သိၿပီးသြားတဲ့အခါ အဲ့ဒီဆက္ဆံေရးကို ေရရွည္ဆြဲထားဖို႔အေတာ္ေလးကို ခက္ခဲပါတယ္ ။

ဒါေၾကာင့္ သူ႔စိတ္ထဲမွာ ဘာရွိေနမလဲဆိုတဲ့အေတြးနဲ႔အရာရာကို လိုက္ၿပီး မစပ္စုပါနဲ မသိရင္ ဘာမွ မျဖစ္ပါဘူး သိၿပီးသြားတဲ့အခါ . . . ကိုယ္ပဲ နာက်င္ခံစားရတတ္ပါတယ္ အခ်ိန္တန္တဲ့အခါ . . အခ်ိန္တန္လာခဲ့သလို ကိုယ္လဲ အဆင္ေျပသလို ေနႏိုင္လာမွာေပါ့ ငါသာ သိေအာင္မႀကိဳးစားခဲ့ရင္ အခုလို ျဖစ္မွာ မဟုတ္ဘူးဆိုတဲ့ေနာင္တေတြလဲ ရွိလာေတာ့မွာ မဟုတ္ဘူးေလ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း