အတိတ်ဘဝက ဆုတောင်းပဲ မှားခဲ့လေသလား

တစ်ဦးတစ်ယောက်ကို မုန်းလို့ပဲဖြစ်ဖြစ် ကျိန်စာ မတိုက်နဲ့ . . . တစ်စုံတစ်ယောက်ကို ချစ်လို့ပဲဖြစ်ဖြစ် ဆုတောင်း မမှားစေနဲ့ . . .

ကိုယ့်ကိုယ် မချစ်မနှစ်သက်သူကိုမှ တစ်ဖက်သတ် စုံလုံးကန်းလောက်တဲ့အထိ စွဲလန်းနေမိခြင်းတွေ ။

ကိုယ်စိတ်ရင်းနဲ့ပေါင်းခဲ့သလောက် ကိုယ်ဒုက္ခဖြစ်တဲ့အခါ ဘယ်မိတ်ဆွေမှ ရှိမနေခဲ့တာတွေ ။

ကိုယ့်ကိုယ် နည်းနည်းလေးမှ နားလည်မှုမရှိတဲ့အရပ်မှာ ရပ်နေရတာတွေ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

တစ်ခါတစ်ရံမှာ တွေးမိတယ် အရင်ဘဝတွေကများ ဆုတောင်းများ မှားခဲ့လေသလားလို့ ဝဋ်ကြွေးဆိုတာ ကိုယ်စိတ်နှစ်ပါးဆင်းရဲခံရတယ်လေပြီးတော့ အချိန်တန်ရင် ကျေတယ်

အခုက မကောင်းမှန်းသိသိရဲ့နဲ့ ကိုယ့်အတွက် မဟုတ်မှန်းသိသိရဲ့နဲ့ ဖက်တွယ်ထားမိတာကိုယ်ကိုယ်ကိုယ်တိုင်ကိုက မပြတ်သားနိုင်ခဲ့တာလေအတိတ်မှာ ဆုတောင်းမှားခဲ့ဖူးလိမ့်မယ်လို့ ထင်ပါတယ်

ကျေပါစေလို့ ဘယ်တုန်းကမှ ဆုမတောင်းခဲ့ပဲ ကိုယ်ကိုယ်တိုင်ကနာကျင်လျက်နဲ့တောင် ကျေနပ်နေတဲ့အဖြစ် အတိတ်ဘဝက တကယ်ပဲ ဆုတောင်း မှားခဲ့လေသလားပေါ့ ။

ဒီဘဝမှာထပ်ပြီး ဆုတောင်းတွေ ဆက်မမှားစေဖို့တော့ အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ် ။

သျှင်ယွန်း

တစ္ဦးတစ္ေယာက္ကို မုန္းလို႔ပဲျဖစ္ျဖစ္ က်ိန္စာ မတိုက္နဲ႔ . . . တစ္စုံတစ္ေယာက္ကို ခ်စ္လို႔ပဲျဖစ္ျဖစ္ ဆုေတာင္း မမွားေစနဲ႔ . . .

ကိုယ့္ကိုယ္ မခ်စ္မႏွစ္သက္သူကိုမွ တစ္ဖက္သတ္ စုံလုံးကန္းေလာက္တဲ့အထိ စြဲလန္းေနမိျခင္းေတြ ။

ကိုယ္​စိတ္ရင္းနဲ႔ေပါင္းခဲ့သေလာက္ ကိုယ္ဒုကၡျဖစ္တဲ့အခါ ဘယ္မိတ္ေဆြမွ ရွိမေနခဲ့တာေတြ ။

ကိုယ့္ကိုယ္ နည္းနည္းေလးမွ နားလည္မႈမရွိတဲ့အရပ္မွာ ရပ္ေနရတာေတြ ။

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

တစ္ခါတစ္ရံမွာ ေတြးမိတယ္ အရင္ဘ၀ေတြကမ်ား ဆုေတာင္းမ်ား မွားခဲ့ေလသလားလို႔ ၀ဋ္ေႂကြးဆိုတာ ကိုယ္စိတ္ႏွစ္ပါးဆင္းရဲခံရတယ္ေလၿပီးေတာ့ အခ်ိန္တန္ရင္ ေက်တယ္

အခုက မေကာင္းမွန္းသိသိရဲ႕နဲ႔ ကိုယ့္အတြက္ မဟုတ္မွန္းသိသိရဲ႕နဲ႔ ဖက္တြယ္ထားမိတာကိုယ္ကိုယ္ကိုယ္တိုင္ကိုက မျပတ္သားႏိုင္ခဲ့တာေလအတိတ္မွာ ဆုေတာင္းမွားခဲ့ဖူးလိမ့္မယ္လို႔ ထင္ပါတယ္

ေက်ပါေစလို႔ ဘယ္တုန္းကမွ ဆုမေတာင္းခဲ့ပဲ ကိုယ္ကိုယ္တိုင္ကနာက်င္လ်က္နဲ႔ေတာင္ ေက်နပ္ေနတဲ့အျဖစ္ အတိတ္ဘ၀က တကယ္ပဲ ဆုေတာင္း မွားခဲ့ေလသလားေပါ့ ။

ဒီဘ၀မွာထပ္ၿပီး ဆုေတာင္းေတြ ဆက္မမွားေစဖို႔ေတာ့ အတတ္ႏိုင္ဆုံး ဆင္ျခင္ပါတယ္ ။

သွ်င္ယြန္း