ကျွန်မကိုယ် ကျွန်မပဲ အပြစ်တင်ချင်တော့တယ်

ကိုယ့်အပေါ်ကောင်းရင် သူတောင်းစားလဲပေါင်းတယ် ကိုယ့်အပေါ်မကောင်းရင် အားလုံးကို လက်ပြဖို့ အသင့်ပဲတဲ့ ကျွန်မမှာ အဲ့လိုသတ္တိမရှိခဲ့ဘူး ဝဋ်ကြွေးကြီးလိုက်တာလို့ ခေါင်းစဉ်တပ်ချင်လဲတပ်ပါ

ကျွန်မမှာ ကျွန်မအပေါ်မကောင်းမှန်းသိသိရဲ့နဲ့ ကိုယ့်ဘက်ကချည်း ဆွဲထားတဲ့ လက်တွေမှ အများကြီးပဲ ကိုယ်စခေါ်မှ အသက်ဝင်မယ့် ဆက်ဆံရေးတွေကိုလဲကျွန်မဘက်က စခေါ်ပြီးပဲ ဆက်ပြီး အသက်ဝင်စေခဲ့တယ်

ကိုယ့်အပေါ် အပေါ်ယံလေးတွေနဲ့ ပြောဆိုဆက်ဆံတတ်တာကို အတည်ကြီးမှတ်နေမိတာလဲ အခါခါပေါ့ မလိုအပ်မှန်းသိရင် စွန့်လွှတ်ရဲတဲ့ သတ္တိရှိချင်တယ် ဒါမှမဟုတ် ကျွန်မ ဆက်ပြီး ဆွဲထားချင်နေတဲ့စိတ်လေး ပျက်သုန်းသွားစေချင်တယ်

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

တစ်ခုမဟုတ်တစ်ခုတော့ လိုပြီပေါ့ အချိန်တန်တဲ့အခါ ဥပေက္ခာ ပြုနိုင်သွားလိမ့်မယ်တဲ့ ဘယ်အချိန်များ တန်လာမလဲဆိုပြီး စောင့်နေခဲ့တာလဲ ကြာလှလို့နေပါပြီ

လုံလုံလောက်လောက်လဲ ဒဏ်ရာ ဒဏ်ချက်တွေရခဲ့ပြီးပါပြီ ဒါပေမယ့် ဥပေက္ခာပြုတတ်ဖို့ နောက်ထပ် ဘယ်လောက်ထပ်ပြီး နာကျင်ရမလဲတစ်ခုခုဆို အစွဲအလမ်းကြီးတတ်လွန်းတဲ့ ကျွန်မ

တစ်ခုခုဆို အကောင်းမြင်တတ်လွန်းတဲ့ ကျွန်မ အားနာတတ်လွန်းတဲ့ ကျွန်မ နောက်ဆုံးတော့လဲ ကျွန်မကိုယ် ကျွန်မပဲ အပြစ်တင်ချင်လာတော့တယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ့္အေပၚေကာင္းရင္ သူေတာင္းစားလဲေပါင္းတယ္ ကိုယ့္အေပၚမေကာင္းရင္ အားလုံးကို လက္ျပဖို႔ အသင့္ပဲတဲ့ ကြၽန္မမွာ အဲ့လိုသတၱိမရွိခဲ့ဘူး ၀ဋ္ေႂကြးႀကီးလိုက္တာလို႔ ေခါင္းစဥ္တပ္ခ်င္လဲတပ္ပါ

ကြၽန္မမွာ ကြၽန္မအေပၚမေကာင္းမွန္းသိသိရဲ႕နဲ႔ ကိုယ့္ဘက္ကခ်ည္း ဆြဲထားတဲ့ လက္ေတြမွ အမ်ားႀကီးပဲ ကိုယ္စေခၚမွ အသက္၀င္မယ့္ ဆက္ဆံေရးေတြကိုလဲကြၽန္မဘက္က စေခၚၿပီးပဲ ဆက္ၿပီး အသက္၀င္ေစခဲ့တယ္

ကိုယ့္အေပၚ အေပၚယံေလးေတြနဲ႔ ေျပာဆိုဆက္ဆံတတ္တာကို အတည္ႀကီးမွတ္ေနမိတာလဲ အခါခါေပါ့ မလိုအပ္မွန္းသိရင္ စြန္႔လႊတ္ရဲတဲ့ သတၱိရွိခ်င္တယ္ ဒါမွမဟုတ္ ကြၽန္မ ဆက္ၿပီး ဆြဲထားခ်င္ေနတဲ့စိတ္ေလး ပ်က္သုန္းသြားေစခ်င္တယ္

မိန္းမသားတို႔အတြက္ ကြၽန္မဘဝႏွင့္ရင္းၿပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ဝယ္ယူလို႔ရပါၿပီ

တစ္ခုမဟုတ္တစ္ခုေတာ့ လိုၿပီေပါ့ အခ်ိန္တန္တဲ့အခါ ဥေပကၡာ ျပဳႏိုင္သြားလိမ့္မယ္တဲ့ ဘယ္အခ်ိန္မ်ား တန္လာမလဲဆိုၿပီး ေစာင့္ေနခဲ့တာလဲ ၾကာလွလို႔ေနပါၿပီ

လုံလုံေလာက္ေလာက္လဲ ဒဏ္ရာ ဒဏ္ခ်က္ေတြရခဲ့ၿပီးပါၿပီ ဒါေပမယ့္ ဥေပကၡာျပဳတတ္ဖို႔ ေနာက္ထပ္ ဘယ္ေလာက္ထပ္ၿပီး နာက်င္ရမလဲတစ္ခုခုဆို အစြဲအလမ္းႀကီးတတ္လြန္းတဲ့ ကြၽန္မ

တစ္ခုခုဆို အေကာင္းျမင္တတ္လြန္းတဲ့ ကြၽန္မ အားနာတတ္လြန္းတဲ့ ကြၽန္မ ေနာက္ဆုံးေတာ့လဲ ကြၽန္မကိုယ္ ကြၽန္မပဲ အျပစ္တင္ခ်င္လာေတာ့တယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း