ဟန်မဆောင်တတ်ပါပဲ ဟန်ဆောင်ချင်ခဲ့ဖူးတယ်

ဟန်မဆောင်တတ်ပါပဲ ဟန်ဆောင်ချင်ခဲ့ဖူးတယ် ။ အများဆုံးကတော့ အဆင်မပြေရဲ့နဲ့ အဆင်ပြေပါတယ်လို့ ပြောခဲ့တဲ့ ရက်တွေ အများဆုံးပဲ ။ ဘာကြောင့် လိမ်ညာဟန်ဆောင်ရသလဲလို့ စွပ်စွဲချက်တွေကို ကျွန်မ စကားလုံးအလှတွေမသုံးပဲ စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ပြောပြချင်ပါတယ် ။

ကိုယ့်အနားမှာ ရှိနေတဲ့လူတိုင်းကို ပျော်စေချင်တဲ့အတွက် ကျွန်မက ဟန်ဆောင်ပြီး ပျော်တဲ့နေရာမှာတော်တယ်လေ ။ ဘယ်သူ့သောကကိုမဆို … ကိုယ့် ဝေဒနာလို နားထောင်ပေးတတ်ပေမယ့် ကိုယ့် သောကတွေကိုတော့ သိမ်းထားမိတယ် ထုတ်မပြဖြစ်ဘူး ။ ကိုယ်ငိုနေတာကို မြင်မှာစိုးလို့ နောက်ဆုံး ဘယ်သူမှ မမြင်တဲ့အခါမှသာ မျက်ရည်တွေနဲ့ အဖော်ပြုတယ် ။ သနားစရာကောင်းလိုက်တဲ့အဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တုန်းကမှ မမြင်ခဲ့သလို တခြားသူတွေကိုလဲ မမြင်စေချင်ခဲ့ဘူး ။

ဒါကြောင့်ပဲ အဆင်ပြေပါတယ်ဆိုတဲ့စကားတွေကို အတွင်တွင်သုံးပြီး အဆင်ပြေသလို နေထိုင်တတ်လာတာပါ ။တစ်ယောက်ယောက်က ကိုယ်အားနာတတ်မှန်းသိလို့ ခဏခဏ ချနင်းခံရတဲ့ အခါတွေမှာ … သူအဆင်ပြေသွားရင် ဖြစ်ပါတယ်ဆိုတဲ့အတွေးနဲ့ ကိုယ်ခက်ခဲနေတာတွေကို ကိုယ်တစ်ယောက်တည်း ကျော်ဖြတ်လိုက်တယ် ။ ကိုယ် သည်းခံတတ်မှန်းသိလို့ ခဏခဏ အနိုင်ယူတဲ့အခါ … ထုံးစံအတိုင်း အရှုံးပေးလက်စနဲ့ ပေးထားလိုက်တယ် ။ ဒီလိုပါပဲ …

အဆင်မပြေဘူးလို့ ညည်းပြလိုက်တဲ့အခါ ကိုယ့်ဝေဒနာထက် ပိုနာတဲ့ … ဥပေက္ခာတွေ ပြန်ရလာတတ်တယ်လေ ။ ကိုယ် ဂရုစိုက်ခံချင်တဲ့စိတ် ရှိနေသေးရင် ဂရုစိုက်မခံရတဲ့အခါ ပိုပြီး နာကျင်ရတယ် ။ ဒီအတွက် အဆင်ပြေပါတယ်ဆိုစကားကို သုံးပြီး ကျွန်မ ဒဏ်ရာတွေ အားလုံးကို ဖုံးထားဖို့ ကြိုးစားခဲ့တာ ။ အများဆုံးသုံးဖူးတဲ့ မျက်နှာဖုံးကတော့ အပြုံးတွေပေါ့ ။ နာကျင်နေလဲ ပြုံးနေတဲ့ မျက်နှာဖုံးလေးပေါ်တယ် ငိုချင်နေလဲ ပြုံးနေတဲ့ မျက်နှာဖုံးလေးပဲ ပေါ်တယ် ။

တကယ်တမ်းကျတော့ ကျွန်မ ဟန်ဆောင်တော်ခဲ့တာ မဟုတ်ဘူး ။ ဟန်မဆောင်တတ်ပါပဲ ဟန်ဆောင်ချင်ခဲ့ဖူးတာပါ ။ ဘာလို့ တခြားသူတွေ မရိပ်ခဲ့မိတာလဲဆိုတော့ ကျွန်မကို ဂရုစိုက်နိုင်လောက်တဲ့ထိ ကျွန်မ က အရေးမပါခဲ့တာပဲ ဖြစ်မှာပါ ။ ငိုနေတဲ့မျက်လုံးတွေကို တွေ့ရဲ့သားနဲ့ ဖုန်ဝင်သွားလို့ပါလို့ ပြောတဲ့အခါလဲ ယုံကြတာပဲလေ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ဟန္မေဆာင္တတ္ပါပဲ ဟန္ေဆာင္ခ်င္ခဲ့ဖူးတယ္ ။ အမ်ားဆုံးကေတာ့ အဆင္​မေျပရဲ႕နဲ႔ အဆင္ေျပပါတယ္လို႔ ေျပာခဲ့တဲ့ ရက္ေတြ အမ်ားဆုံးပဲ ။ ဘာေၾကာင့္ လိမ္ညာဟန္ေဆာင္ရသလဲလို႔ စြပ္စြဲခ်က္ေတြကို ကြၽန္မ စကားလုံးအလွေတြမသုံးပဲ စိတ္ထဲမွာရွိတဲ့အတိုင္းပဲ ေျပာျပခ်င္ပါတယ္ ။

ကိုယ့္အနားမွာ ရွိေနတဲ့လူတိုင္းကို ေပ်ာ္ေစခ်င္တဲ့အတြက္ ကြၽန္မက ဟန္ေဆာင္ၿပီး ေပ်ာ္တဲ့ေနရာမွာေတာ္တယ္ေလ ။ ဘယ္သူ႔ေသာကကိုမဆို … ကိုယ့္ ေဝဒနာလို နားေထာင္ေပးတတ္ေပမယ့္ ကိုယ့္ ေသာကေတြကိုေတာ့ သိမ္းထားမိတယ္ ထုတ္မျပျဖစ္ဘူး ။ ကိုယ္ငိုေနတာကို ျမင္မွာစိုးလို႔ ေနာက္ဆုံး ဘယ္သူမွ မျမင္တဲ့အခါမွသာ မ်က္ရည္ေတြနဲ႔ အေဖာ္ျပဳတယ္ ။ သနားစရာေကာင္းလိုက္တဲ့အျဖစ္လို႔ ကိုယ့္ကိုယ္ကိုယ္ ဘယ္တုန္းကမွ မျမင္ခဲ့သလို တျခားသူေတြကိုလဲ မျမင္ေစခ်င္ခဲ့ဘူး ။

ဒါေၾကာင့္ပဲ အဆင္ေျပပါတယ္ဆိုတဲ့စကားေတြကို အတြင္တြင္သုံးၿပီး အဆင္ေျပသလို ေနထိုင္တတ္လာတာပါ ။တစ္ေယာက္ေယာက္က ကိုယ္အားနာတတ္မွန္းသိလို႔ ခဏခဏ ခ်နင္းခံရတဲ့ အခါေတြမွာ … သူအဆင္ေျပသြားရင္ ျဖစ္ပါတယ္ဆိုတဲ့အေတြးနဲ႔ ကိုယ္ခက္ခဲေနတာေတြကို ကိုယ္တစ္ေယာက္တည္း ေက်ာ္ျဖတ္လိုက္တယ္ ။ ကိုယ္ သည္းခံတတ္မွန္းသိလို႔ ခဏခဏ အႏိုင္ယူတဲ့အခါ … ထုံးစံအတိုင္း အရႈံးေပးလက္စနဲ႔ ေပးထားလိုက္တယ္ ။ ဒီလိုပါပဲ …

အဆင္မေျပဘူးလို႔ ညည္းျပလိုက္တဲ့အခါ ကိုယ့္ေဝဒနာထက္ ပိုနာတဲ့ … ဥေပကၡာေတြ ျပန္ရလာတတ္တယ္ေလ ။ ကိုယ္ ဂ႐ုစိုက္ခံခ်င္တဲ့စိတ္ ရွိေနေသးရင္ ဂ႐ုစိုက္မခံရတဲ့အခါ ပိုၿပီး နာက်င္ရတယ္ ။ ဒီအတြက္ အဆင္ေျပပါတယ္ဆိုစကားကို သုံးၿပီး ကြၽန္မ ဒဏ္ရာေတြ အားလုံးကို ဖုံးထားဖို႔ ႀကိဳးစားခ​ဲ့တာ ။ အမ်ားဆုံးသုံးဖူးတဲ့ မ်က္ႏွာဖုံးကေတာ့ အၿပဳံးေတြေပါ့ ။ နာက်င္ေနလဲ ၿပဳံးေနတဲ့ မ်က္ႏွာဖုံးေလးေပၚတယ္ ငိုခ်င္ေနလဲ ၿပဳံးေနတဲ့ မ်က္ႏွာဖုံးေလးပဲ ေပၚတယ္ ။

တကယ္တမ္းက်ေတာ့ ကြၽန္မ ဟန္ေဆာင္ေတာ္ခဲ့တာ မဟုတ္ဘူး ။ ဟန္မေဆာင္တတ္ပါပဲ ဟန္ေဆာင္ခ်င္ခဲ့ဖူးတာပါ ။ ဘာလို႔ တျခားသူေတြ မရိပ္ခဲ့မိတာလဲဆိုေတာ့ ကြၽန္မကို ဂ႐ုစိုက္ႏိုင္ေလာက္တဲ့ထိ ကြၽန္မ က အေရးမပါခဲ့တာပဲ ျဖစ္မွာပါ ။ ငိုေနတဲ့မ်က္လုံးေတြကို ေတြ႕ရဲ႕သားနဲ႔ ဖုန္၀င္သြားလို႔ပါလို႔ ေျပာတဲ့အခါလဲ ယုံၾကတာပဲေလ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း