ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ချင်တဲ့အခါ ငွေချေးပါ

ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ချင်တဲ့အခါ ငွေချေးပါ တဲ့ ။

ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ငွေမချေးမိတာ အကောင်းဆုံးပဲ ။ ရင်းနှီးလွန်းတဲ့သူတွေ ခင်လွန်းတဲ့သူတွေ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မိတ်ပျက်ရတယ်

ငွေ တစ်ထောင်ပဲ ချေးချေး တစ်ရာပဲချေးချေး အတိုးမပါပဲ ငွေချေးလိုက်တယ်ဆိုတာ တကယ်တော့ ယုံကြည်မှုကို ပေးလိုက်တာပါ တန်ဖိုးထားစေချင်တယ် သူအဆင်ပြေနေတာလဲ မပေးလဲ ဖြစ်ပါတယ်ဆိုပြီးလဲ မတွေးနဲ့ ငွေချေးထားပြီးရင် နဲနဲများများ ပြန်ပြီး ရချင်ကြတာတွေချည်းပါပဲမကောင်းတတ်လို့ အားနာလို့ မပြောပဲ နေတာပဲ ရှိပါတယ် ပြန်ပြီးမလိုချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး

ပိုက်ဆံချေးလိုက်တယ်ဆိုတိုင်း အဆင်ပြေနေတယ်လို့ပဲ မတွေးပါနဲ့ တစ်ခါတစ်ရံ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အဆင်မပြေရတာတွေမှ အများကြီးပါ ပြန်တောင်းရလဲအခက် ပြန်လဲ မပေးတဲ့အခါ ကိုယ့်မှာ ကိုယ့်ငွေနဲ့ကိုယ် အဆင်မပြေဖြစ်ရတယ်လေ

လူတွေက ယူတုန်းသာ ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတွေတင်ကြတာ အချိန်တန်လို့ ပြန်ပေးရမယ့်အခါ ရန်သူလိုပဲ ။ အဆင်မပြေသေးလို့ပါဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်ကို မျက်ရည်ခံထိုးကြလိမ့်မယ် ကိုယ်လဲ အဆင်ပြေနေတာမဟုတ်မှန်း သိစေချင်တယ်

ကြွေးယူပြုံးပြုံး တောင်းတော့ မုန်းတဲ့ တကယ်ကို မှန်ပါတယ် ပိုက်ဆံချေးတဲ့ စိတ်ချပါဆိုတဲ့ စကားလုံးတွေနဲ့ ဝေဝေဆာဆာအပြုံးတွေနဲ့ ထိုင်ရှိခိုးမတတ် ကျေးဇူးတွေတင်ပြီး ထွက်သွားတတ်ကြပေမယ့် ပြန်ပေးရမယ့်ရက်နီးလာတဲ့အခါ မျက်နှာတွေက အော်တို ပုတ်သွားတတ်ကြတယ်

အလိုက်သတိသာ ပေးတတ်မယ်ဆိုရင် ဘယ်သူမှ တောင်းဖို့ မလိုပါဘူး အလိုက်မသိလို့ တောင်းမိတဲ့အခါ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် မျက်နှာငယ်ရတယ် အဆင်ပြေတဲ့အခါ ပေးမှာပေါ့ ဆိုတဲ့စကားလုံးတွေနဲ့ ကိုယ့်မှာ ခြေထောက်ဆွဲပြီးတောင်းပန်ရမတတ် မျက်နှာတွေက ချီထားကြတာလေ

တကယ် ချစ်ရင် တကယ်ခင်ရင် ပိုက်ဆံမချေးနဲ့ ပေးနိုင်တဲ့အခါ အလကားပေးလိုက်တာ ပြန်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ မပေးနဲ့ ကိုယ်ပဲ ပင်ပန်းရလိမ့်မယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ မ်က္ႏွာငယ္ခ်င္တဲ့အခါ ေငြေခ်းပါ တဲ့ ။

ျဖစ္နိိုင္ရင္ ဘယ္သူ႔ကိုမွ ေငြမေခ်းမိတာ အေကာင္းဆုံးပဲ ။ ရင္းႏွီးလြန္းတဲ့သူေတြ ခင္လြန္းတဲ့သူေတြ ေငြေရးေၾကးေရးနဲ႔ ပတ္သက္ၿပီး မိတ္ပ်က္ရတယ္

ေငြ တစ္ေထာင္ပဲ ေခ်းေခ်း တစ္ရာပဲ​ေခ်းေခ်း အတိုးမပါပဲ ေငြေခ်းလိုက္တယ္ဆိုတာ တကယ္ေတာ့ ယုံၾကည္မႈကို ေပးလိုက္တာပါ တန္ဖိုးထားေစခ်င္တယ္ သူအဆင္ေျပေနတာလဲ မေပးလဲ ျဖစ္ပါတယ္ဆိုၿပီးလဲ မေတြးနဲ႔ ေငြေခ်းထားၿပီးရင္ နဲနဲမ်ားမ်ား ျပန္ၿပီး ရခ်င္ၾကတာေတြခ်ည္းပါပဲမေကာင္းတတ္လို႔ အားနာလို႔ မေျပာပဲ ေနတာပဲ ရွိပါတယ္ ျပန္ၿပီးမလိုခ်င္တဲ့သူ ဘယ္သူမွ မရွိပါဘူး

ပိုက္ဆံေခ်းလိုက္တယ္ဆိုတိုင္း အဆင္ေျပေနတယ္လို႔ပဲ မေတြးပါနဲ႔ တစ္ခါတစ္ရံ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ အဆင္မေျပရတာေတြမွ အမ်ားႀကီးပါ ျပန္ေတာင္းရလဲအခက္ ျပန္လဲ မေပးတဲ့အခါ ကိုယ့္မွာ ကိုယ့္ေငြနဲ႔ကိုယ္ အဆင္မေျပျဖစ္ရတယ္ေလ

လူေတြက ယူတုန္းသာ ေက်းဇူးရွင္ဆိုၿပီး ေက်းဇူးေတြတင္ၾကတာ အခ်ိန္တန္လို႔ ျပန္ေပးရမယ့္အခါ ရန္သူလိုပဲ ။ အဆင္မေျပေသးလို႔ပါဆိုတဲ့ စကားလုံးေတြနဲ႔ ကိုယ့္ကို မ်က္ရည္ခံထိုးၾကလိမ့္မယ္ ကိုယ္လဲ အဆင္ေျပေနတာမဟုတ္မွန္း သိေစခ်င္တယ္

ေႂကြးယူၿပဳံးၿပဳံး ေတာင္းေတာ့ မုန္းတဲ့ တကယ္ကို မွန္ပါတယ္ ပိုက္ဆံေခ်းတဲ့ စိတ္ခ်ပါဆိုတဲ့ စကားလုံးေတြနဲ႔ ေဝေဝဆာဆာအၿပဳံးေတြနဲ႔ ထိုင္ရွိခိုးမတတ္ ေက်းဇူးေတြတင္ၿပီး ထြက္သြားတတ္ၾကေပမယ့္ ျပန္ေပးရမယ့္ရက္နီးလာတဲ့အခါ မ်က္ႏွာေတြက ေအာ္တို ပုတ္သြားတတ္ၾကတယ္

အလိုက္သတိသာ ေပးတတ္မယ္ဆိုရင္ ဘယ္သူမွ ေတာင္းဖို႔ မလိုပါဘူး အလိုက္မသိလို႔ ေတာင္းမိတဲ့အခါ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ မ်က္ႏွာငယ္ရတယ္ အဆင္ေျပတဲ့အခါ ေပးမွာေပါ့ ဆိုတဲ့စကားလုံးေတြနဲ႔ ကိုယ့္မွာ ေျခေထာက္ဆြဲၿပီးေတာင္းပန္ရမတတ္ မ်က္ႏွာေတြက ခ်ီထားၾကတာေလ

တကယ္ ခ်စ္ရင္ တကယ္ခင္ရင္ ပိုက္ဆံမေခ်းနဲ႔ ေပးႏိုင္တဲ့အခါ အလကားေပးလိုက္တာ ျပန္ေပးလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ မေပးနဲ႔ ကိုယ္ပဲ ပင္ပန္းရလိမ့္မယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း