မယုံကြည်တော့ရင် ရှေ့ဆက်ဖို့ခက်တယ်

မယုံကြည်တော့ရင် ရှေ့ဆက်ဖို့ခက်တယ် ။

အမှားတွေ တွေ့လာလို့ ရှိလာလို့ ကျွန်မ ခွင့်လွှတ်ပေးနိုင်ခဲ့ရင်တောင် အရင်လို ပြန်ပြီး ယုံကြည်နိုင်ဖို့ခက်တဲ့ ကျွန်မရဲ့ စိတ်ကို နားလည်ပါ ။ မချစ်တော့တာလား တဲ့ မဟုတ်ဘူး အရင်တုန်းကလိုပဲ ချစ်မြဲ ချစ်ဆဲပါ ။ ဒါပေမယ့်… အဲ့ဒီဒါပေမယ့် ဆိုတဲ့နောက်မှာ … ကျွန်မ မယုံရဲတော့ဘူး ။

ဒီတစ်ခါအမှားတွေက … ကျွန်မကို ရင်ထဲ နင့်နေအောင် နာစေခဲ့တာလေ ။ နောက်တစ်ခါ ဒီလိုသာ ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့ အိပ်ရခက်ခဲ့ပေါင်းလဲများပြီ ။ ကြိုတွေးပြီး နာကျင်ခဲ့ပေါင်းလဲ များပြီလေ ။ ဘာမဟုတ်တာလေးကအစ သံသယ မျက်လုံးတွေနဲ့ ကြည့်နေတယ် မပြောပါနဲ့ ။ တကယ်တမ်းကျတော့ ကျွန်မကိုယ်ကျွန်မလဲ ယုံကြည်ပြီး အေးချမ်းတဲ့ Relationshipလေး တစ်ခု တည်ဆောက်ချင်ခဲ့တာပါ ။

အရင်တုန်းကလို မျက်လုံးမှိတ်ပြီး ယုံကြည်လို့ မရတော့တာ တစ်ခုပဲ ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လေ တဲ့ ။ ခုတ်ခဲ့တဲ့ ပုဆိန်ကတော့ လွယ်လွယ်လေး သင်ပုန်းချေနိုင်တာပေါ့ ။ ကိုယ့်မှာ အမာရွှတ်မြင်တိုင်း ပြန်ပြီးနာရတယ် ။ ကိုယ်တိုင်တောင် လက်ခံလို့ ခွင့်လွှတ်ပေးပြီးပြီပဲ ထပ်ခါထပ်ခါ ပြန်ပြီး အစမဖော်နဲ့လေ တဲ့ ။ တကယ်တမ်းကျတော့ မစွန့်လွှတ်နိုင်လို့သာ ခွင့်လွှတ်နေမိတာပါ ။ တကယ့်တကယ့်ပြန်တွေးကြည့်ရင် ခွင့်လွှတ်ဖို့ မတန်တာတွေချည်းပဲ ။

ကျွန်မကိုယ် ကျွန်မ ခွင့်လွှတ်ပေးခဲ့မိတာ မှားပြီဆိုတဲ့ နောင်တတွေရတယ် ။ ကျွန်မကိုယ်တိုင်ကလဲ လွယ်လွယ်ကူကူလေး မေ့ပစ်ပြီး ပြန်မတွေးပဲ နေနိုင်လိမ့်လို့ ထင်ခဲ့မိတာလေ ။ တကယ့်လက်တွေ့မှာကျ ခွင့်လွှတ်ဖို့ လွယ်ကူခဲ့ပေမယ့် ပြန်ပြီး ယုံကြည်ဖို့ ခက်ခဲတယ် ။ အရင်လို မယုံကြည်ရဲတော့တဲ့အခါ ရှေ့ဆက်ဖို့တစ်ခါတစ်ခါ ဝန်လေးနေမိတယ် ။ ပစ္စုပ္ပန်ကို ကြည့်နေပေမယ့် အတိတ်ကို ပြေးပြေးမြင်တဲ့အခါတိုင်း သူ့ကို မေ့ပစ်ချင်လာတဲ့ ရက်တွေ ရှိလာတယ် ။ သူ့ကို မုန်းပစ်ချင်တဲ့ အတွေးတွေ ဝင်လာတယ် ။ ဂရုစိုက်နေပေမယ့် အချိုသတ်နေတာနေမှာဆိုတဲ့ သံသယတွေပဲ ဝင်လာတယ် ။ ကျွန်မကိုယ် ယုံကြည်ချင်ခဲ့ပါတယ် ။

သူငါ့ကို ချစ်နေတာပဲဆိုတဲ့အတွေးနဲ့ ..ပဲ ကျွန်မ ပေါ့ပေါ့ပါးပါးလေး နေချင်တယ် ။ နေလို့မရခဲ့ဘူး ။ အမှားတွေကို ခွင့်လွှတ်ဖို့ပဲ လွယ်ခဲ့တာပါ အရာရာအားလုံးမှတ်မိနေတဲ့ စိတ်ကိုကျ ဖျက်ပစ်လိုက်ဖို့ခက်တယ် ။ ဒီလိုနဲ့ … အရင်တုန်းက ပျော်ရွှင်ရယ်မောခဲ့ဖူးတယ်ဆိုတဲ့ အရာတွေဟာ အတိတ်မှာ တဖြေးဖြေး ကျန်ခဲ့တာပဲ ။ သူ့အနားမှာ ရပ်နေပေမယ့် ဘယ်နေ့ကျန်ခဲ့မလဲဆိုတဲ့ အတွေးတွေပဲ တွေးနေမိတော့တယ်

တကယ်ပါ … လူတစ်ယောက်ကို ဆက်ပြီး ချစ်နေပေမယ့် အဲ့ဒီလူကို မယုံကြည်တော့တဲ့အခါ ရှေ့ဆက်ပြီး လက်တွဲသွားဖို့ သိပ်ကို ခက်တယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

မယုံၾကည္ေတာ့ရင္ ေရွ႕ဆက္ဖို႔ခက္တယ္ ။

အမွားေတြ ေတြ႕လာလို႔ ရွိလာလို႔ ကြၽန္မ ခြင့္လႊတ္ေပးႏိုင္ခဲ့ရင္ေတာင္ အရင္လို ျပန္ၿပီး ယုံၾကည္ႏိုင္ဖို႔ခက္တဲ့ ကြၽန္မရဲ႕ စိတ္ကို နားလည္ပါ ။ မခ်စ္ေတာ့တာလား တဲ့ မဟုတ္ဘူး အရင္တုန္းကလိုပဲ ခ်စ္ၿမဲ ခ်စ္ဆဲပါ ။ ဒါေပမယ့္… အဲ့ဒီဒါေပမယ့္ ဆိုတဲ့ေနာက္မွာ … ကြၽန္မ မယုံရဲေတာ့ဘူး ။

ဒီတစ္ခါအမွားေတြက … ကြၽန္မကို ရင္ထဲ နင့္ေနေအာင္ နာေစခဲ့တာေလ ။ ေနာက္တစ္ခါ ဒီလိုသာ ျဖစ္လာခဲ့ရင္ဆိုတဲ့ အေတြးေတြနဲ႔ အိပ္ရခက္ခဲ့ေပါင္းလဲမ်ားၿပီ ။ ႀကိဳေတြးၿပီး နာက်င္ခဲ့ေပါင္းလဲ မ်ားၿပီေလ ။ ဘာမဟုတ္တာေလးကအစ သံသယ မ်က္လုံးေတြနဲ႔ ၾကည့္ေနတယ္ မေျပာပါနဲ႔ ။ တကယ္တမ္းက်ေတာ့ ကြၽန္မကိုယ္ကြၽန္မလဲ ယုံၾကည္ၿပီး ေအးခ်မ္းတဲ့ Relationshipေလး တစ္ခု တည္ေဆာက္ခ်င္ခဲ့တာပါ ။

အရင္တုန္းကလို မ်က္လုံးမွိတ္ၿပီး ယုံၾကည္လို႔ မရေတာ့တာ တစ္ခုပဲ ။ အတိတ္ကို အတိတ္မွာပဲ ထားခဲ့ေလ တဲ့ ။ ခုတ္ခဲ့တဲ့ ပုဆိန္ကေတာ့ လြယ္လြယ္ေလး သင္ပုန္းေခ်ႏိုင္တာေပါ့ ။ ကိုယ့္မွာ အမာ႐ႊတ္ျမင္တိုင္း ျပန္ၿပီးနာရတယ္ ။ ကိုယ္တိုင္ေတာင္ လက္ခံလို႔ ခြင့္လႊတ္ေပးၿပီးၿပီပဲ ထပ္ခါထပ္ခါ ျပန္ၿပီး အစမေဖာ္နဲ႔ေလ တဲ့ ။ တကယ္တမ္းက်ေတာ့ မစြန္႔လႊတ္ႏိုင္လို႔သာ ခြင့္လႊတ္ေနမိတာပါ ။ တကယ့္တကယ့္ျပန္ေတြးၾကည့္ရင္ ခြင့္လႊတ္ဖို႔ မတန္တာေတြခ်ည္းပဲ ။

ကြၽန္မကိုယ္ ကြၽန္မ ခြင့္လႊတ္ေပးခဲ့မိတာ မွားၿပီဆိုတဲ့ ေနာင္တေတြရတယ္ ။ ကြၽန္မကိုယ္တိုင္ကလဲ လြယ္လြယ္ကူကူေလး ေမ့ပစ္ၿပီး ျပန္မေတြးပဲ ေနႏိုင္လိမ့္လို႔ ထင္ခဲ့မိတာေလ ။ တကယ့္လက္ေတြ႕မွာက် ခြင့္လႊတ္ဖို႔ လြယ္ကူခဲ့ေပမယ့္ ျပန္ၿပီး ယုံၾကည္ဖို႔ ခက္ခဲတယ္ ။ အရင္လို မယုံၾကည္ရဲေတာ့တဲ့အခါ ေရွ႕ဆက္ဖို႔တစ္ခါတစ္ခါ ၀န္ေလးေနမိတယ္ ။ ပစၥဳပၸန္ကို ၾကည့္ေနေပမယ့္ အတိတ္ကို ေျပးေျပးျမင္တဲ့အခါတိုင္း သူ႔ကို ေမ့ပစ္ခ်င္လာတဲ့ ရက္ေတြ ရွိလာတယ္ ။ သူ႔ကို မုန္းပစ္ခ်င္တဲ့ အေတြးေတြ ၀င္လာတယ္ ။ ဂ႐ုစိုက္ေနေပမယ့္ အခ်ိဳသတ္ေနတာေနမွာဆိုတဲ့ သံသယေတြပဲ ၀င္လာတယ္ ။ ကြၽန္မကိုယ္ ယုံၾကည္ခ်င္ခဲ့ပါတယ္ ။

သူငါ့ကို ခ်စ္ေနတာပဲဆိုတဲ့အေတြးနဲ႔ ..ပဲ ကြၽန္မ ေပါ့ေပါ့ပါးပါးေလး ေနခ်င္တယ္ ။ ေနလို႔မရခဲ့ဘူး ။ အမွားေတြကို ခြင့္လႊတ္ဖို႔ပဲ လြယ္ခဲ့တာပါ အရာရာအားလုံးမွတ္မိေနတဲ့ စိတ္ကိုက် ဖ်က္ပစ္လိုက္ဖို႔ခက္တယ္ ။ ဒီလိုနဲ႔ … အရင္တုန္းက ေပ်ာ္႐ႊင္ရယ္ေမာခဲ့ဖူးတယ္ဆိုတဲ့ အရာေတြဟာ အတိတ္မွာ တေျဖးေျဖး က်န္ခဲ့တာပဲ ။ သူ႔အနားမွာ ရပ္ေနေပမယ့္ ဘယ္ေန႔က်န္ခဲ့မလဲဆိုတဲ့ အေတြးေတြပဲ ေတြးေနမိေတာ့တယ္

တကယ္ပါ … လူတစ္ေယာက္ကို ဆက္ၿပီး ခ်စ္ေနေပမယ့္ အဲ့ဒီလူကို မယုံၾကည္ေတာ့တဲ့အခါ ေရွ႕ဆက္ၿပီး လက္တြဲသြားဖို႔ သိပ္ကို ခက္တယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း