အသည္းကြဲျပီးေနာက္. . .

အသည်းကွဲပြီးနောက် …

ချစ်တတ်တဲ့ နှလုံးသားတွေ ရှိနေသမျှတော့ … နာကျင်ရတဲ့ အခိုက်အတန့်တွေ ရှိနေဦးမှာပါပဲ ။ တွေ့ဆုံခြင်းတွေ ရှိနေသေးသရွေ့ … လမ်းခွဲခြင်းတွေလဲ ရှိနေဦးမှာပါပဲ ။ ရေစက်ကုန်လို့ပဲ ဖြစ်ဖြစ် ဝဋ်ကြွေးကုန်လို့ပဲ ဖြစ်ဖြစ် …ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောာက် ခွဲရ ကွာရဖူးတာပါ…အဲ့လို ခွဲခွါရတဲ့အခါ အနည်းနဲ့အများတော့ … အသည်းကွဲရတာပါပဲ ။

အသည်းကွဲတဲ့အခါ … နာကျင်ရတယ် … မျက်ရည်တွေကျရတယ် ။ ဘာမှ မဖြစ်ပါဘူး မခံစားရပါဘူးလို့ နှုတ်က ဘယ်လောက်ပဲ ငြင်းငြင်း စိတ်ထဲမှာတော့ ခံစားရတာပါပဲ ။ အသည်းကွဲတဲ့အခါ တဲ့ အင်း ကျွန်မ ကိုယ်၌ကလဲ အသည်းတွေ ကွဲခဲ့ဖူးသလို သည်းသည်းထန်ထန် ငိုကြွေးခဲ့ရဖူးတယ် ။ ဘာလို့လဲ ကိုယ်က ချစ်ခဲ့တာကိုး ။

မငိုချင်ပဲ ကျနေတဲ့မျက်ရည်တွေကို တားနိုင်တဲ့ … အင်အားတွေ မရှိခဲ့ဘူး .. ဘယ်လိုတားရမလဲဆိုတာလဲ မသိခဲ့ဘူး … အဲ့ဒီအချိန်မှာ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေနဲ့ နာကျင်နေရတာကိုပဲ သိခဲ့တယ် ။ အဲ့ဒီထက် ဘာမှ ပိုပြီး မတွေးတတ် မသိခဲ့မိဘူး ။

အဲ့လို အသည်းကွဲခဲ့ရပြီးတဲ့နောက်မှာ … ကျွန်မ နောင်တရတတ်လာတယ် … ငါဘာလို့ အချိန်တွေ ဖြုန်းခဲ့မိပါလိမ့်ဆိုပြီးနောင်တတွေ ရလာခဲ့တယ် . ပြီးတော့ .. ကိုယ့်ကိုယ်ကို အရင်ကထက် ပိုပြီး တန်ဖိုးထားတတ်တယ် ။ အချစ်လား … အရင်တုန်းကလောက် ရင်မခုန်တတ်တော့ဘူး ။ သင်ခန်းစာတွေ ယူတတ်ခဲ့တယ်လို့ပဲ ထင်ပါတယ် ။ သူစိမ်းတစ်ယောက်ပဲလေဆိုတဲ့အတွေးနဲ့ အရမ်းကြီး မမျှော်လင့်တတ်တော့ဘူး ။ အပြုံးတွေလဲ အရင်ကထက် ပိုပြီး သစ်လွင်တောက်ပလာတယ်လို့ ထင်တယ် ။ နွေကြောင့် ကြွေသွားတဲ့ သစ်ပင်တွေ မိုးရာသီအစမှာ အဖူးတွေ အပွင့်တွေ ဝေလာခဲ့သလိုပေါ့ ။ မျက်ရည်တွေကျပြီးတဲ့နောက်မှာ အပြုံးတွေက အရင်ကထက် ပိုပြီး အသက်ဝင်လာတယ်လို့ ထင်တယ် ။

အသည်းကွဲပြီးတဲ့နောက်မှာ … ရင့်ကျက်လာတယ်ဆိုတာထက် ကျွန်မ တဖြေးဖြေးနေတတ်လာတယ် ။ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို ကိုယ်ကိုယ်တိုင်လောက် အားကိုးမနေတော့ဘူး ။မျှော်လင့်မနေတော့ဘူး … ပျော်အောင်ထားမယ့်လက်တစ်စုံကို မျှော်နေတာထက် ကိုယ်ကိုယ်တိုင်ပဲ ပျော်အောင်နေဖို့ အကောင်းဆုံး နည်းလမ်းလေးကိုရှာတယ် ။ ပြီးတော့ ကိုယ်နဲ့ မထိုက်တန်လို့ လွဲခဲ့ဖူး ကွဲခဲ့ဖူးတဲ့ အတိတ်ကို ခဏခဏပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေတော့ဘူး ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

အသည္းကြဲၿပီးေနာက္ …

ခ်စ္တတ္တဲ့ ႏွလုံးသားေတြ ရွိေနသမွ်ေတာ့ … နာက်င္ရတဲ့ အခိုက္အတန္႔ေတြ ရွိေနဦးမွာပါပဲ ။ ေတြ႕ဆုံျခင္းေတြ ရွိေနေသးသေ႐ြ႕ … လမ္းခြဲျခင္းေတြလဲ ရွိေနဦးမွာပါပဲ ။ ေရစက္ကုန္လို႔ပဲ ျဖစ္ျဖစ္ ၀ဋ္ေႂကြးကုန္လို႔ပဲ ျဖစ္ျဖစ္ …ကြၽန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာာက္ ခြဲရ ကြာရဖူးတာပါ…အဲ့လို ခြဲခြါရတဲ့အခါ အနည္းနဲ႔အမ်ားေတာ့ … အသည္းကြဲရတာပါပဲ ။

အသည္းကြဲတဲ့အခါ … နာက်င္ရတယ္ … မ်က္ရည္ေတြက်ရတယ္ ။ ဘာမွ မျဖစ္ပါဘူး မခံစားရပါဘူးလို႔ ႏႈတ္က ဘယ္ေလာက္ပဲ ျငင္းျငင္း စိတ္ထဲမွာေတာ့ ခံစားရတာပါပဲ ။ အသည္းကြဲတဲ့အခါ တဲ့ အင္း ကြၽန္မ ကိုယ္၌ကလဲ အသည္းေတြ ကြဲခဲ့ဖူးသလို သည္းသည္းထန္ထန္ ငိုေႂကြးခဲ့ရဖူးတယ္ ။ ဘာလို႔လဲ ကိုယ္က ခ်စ္ခဲ့တာကိုး ။

မငိုခ်င္ပဲ က်ေနတဲ့မ်က္ရည္ေတြကို တားႏိုင္တဲ့ … အင္အားေတြ မရွိခဲ့ဘူး .. ဘယ္လိုတားရမလဲဆိုတာလဲ မသိခဲ့ဘူး … အဲ့ဒီအခ်ိန္မွာ ဘာလို႔လဲဆိုတဲ့ ေမးခြန္းေတြနဲ႔ နာက်င္ေနရတာကိုပဲ သိခဲ့တယ္ ။ အဲ့ဒီထက္ ဘာမွ ပိုၿပီး မေတြးတတ္ မသိခဲ့မိဘူး ။

အဲ့လို အသည္းကြဲခဲ့ရၿပီးတဲ့ေနာက္မွာ … ကြၽန္မ ေနာင္တရတတ္လာတယ္ … ငါဘာလို႔ အခ်ိန္ေတြ ျဖဳန္းခဲ့မိပါလိမ့္ဆိုၿပီးေနာင္တေတြ ရလာခဲ့တယ္ . ၿပီးေတာ့ .. ကိုယ့္ကိုယ္ကို အရင္ကထက္ ပိုၿပီး တန္ဖိုးထားတတ္တယ္ ။ အခ်စ္လား … အရင္တုန္းကေလာက္ ရင္မခုန္တတ္ေတာ့ဘူး ။ သင္ခန္းစာေတြ ယူတတ္ခဲ့တယ္လို႔ပဲ ထင္ပါတယ္ ။ သူစိမ္းတစ္ေယာက္ပဲေလဆိုတဲ့အေတြးနဲ႔ အရမ္းႀကီး မေမွ်ာ္လင့္တတ္ေတာ့ဘူး ။ အၿပဳံးေတြလဲ အရင္ကထက္ ပိုၿပီး သစ္လြင္ေတာက္ပလာတယ္လို႔ ထင္တယ္ ။ ေႏြေၾကာင့္ ​ေႂကြသြားတဲ့ သစ္ပင္ေတြ မိုးရာသီအစမွာ အဖူးေတြ အပြင့္ေတြ ေဝလာခဲ့သလိုေပါ့ ။ မ်က္ရည္ေတြက်ၿပီးတဲ့ေနာက္မွာ အၿပဳံးေတြက အရင္ကထက္ ပိုၿပီး အသက္၀င္လာတယ္လို႔ ထင္တယ္ ။

အသည္းကြဲၿပီးတဲ့ေနာက္မွာ … ရင့္က်က္လာတယ္ဆိုတာထက္ ကြၽန္မ တေျဖးေျဖးေနတတ္လာတယ္ ။ ကိုယ္မဟုတ္တဲ့ တျခားတစ္ေယာက္ကို ကိုယ္ကိုယ္တိုင္ေလာက္ အားကိုးမေနေတာ့ဘူး ။ေမွ်ာ္လင့္မေနေတာ့ဘူး … ေပ်ာ္ေအာင္ထားမယ့္လက္တစ္စုံကို ေမွ်ာ္ေနတာထက္ ကိုယ္ကိုယ္တိုင္ပဲ ေပ်ာ္ေအာင္ေနဖို႔ အေကာင္းဆုံး နည္းလမ္းေလးကိုရွာတယ္ ။ ၿပီးေတာ့ ကိုယ္နဲ႔ မထိုက္တန္လို႔ လြဲခဲ့ဖူး ကြဲခဲ့ဖူးတဲ့ အတိတ္ကို ခဏခဏျပန္ေတြးၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မေနေတာ့ဘူး ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း