ဘယ်ခွဲခွာခြင်းမှာမှ နောင်တတွေ မရှိခဲ့ဘူး

ရေစက် မဆုံလို့ပဲ ဖြစ်ဖြစ် ဝဋ်ကြွေးကုန်လို့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လက်ပြနှုတ်ဆက်ကြတဲ့အခါ ကျွန်မ လူတိုင်းအပေါ်လိပ်ပြာလုံချင်တယ် ။

ကိုယ့်အနားမှာ ရှိနေတုန်းကလဲ အတတ်နိုင်ဆုံး ကိုယ်ရိုးသားပေးခဲ့သလို ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကျွန်မ ချစ်ပေးခဲ့ပြီးပြီ ။ ကိုယ့်ဘက်က ယူခဲ့တာတွေထက် ကိုယ့်ဘက်က ပေးဖြစ်ခဲ့တာတွေပဲ ပိုများပါတယ် ။ အဲ့ဒီအတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်ဆိုတာထက် ကျွန်မ မေတ္တာတွေ ဖြူခဲ့ပါတယ် ။

ကမ္ဘာကြီးရဲ့ဒေါင့်တစ်နေရာမှာပဲဖြစ်ဖြစ် သံသရာတစ်ကွေ့မှာပဲဖြစ်ဖြစ် မတော်တဆ ပြန်ဆုံကြတဲ့အခါ ကျွန်မဘက်က အရင်စပြုံးပြနိုင်တဲ့အထိ ကျွန်မ ရိုးသားချင်တယ် ။ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့တဲ့ … ကိုယ်ကတော့ မျက်လုံးတည့်တည့်ကြည့်ပြီး ပြုံးပြချင်တယ် ။ ဒါမဟုတ် မိတ်ဆွေတစ်ယောက်ကို ပြန်တွေ့သလိုမျိုး ကျွန်မ စကားတွေဖောင်ဖွဲ့ပြောကောင်းပြောနိုင်တယ် ။

လက်ရှိအချိန်ထိ ဘယ်သူ့အပေါ်မှာမဆို ကျွန်မ အတတ်နိုင်ဆုံးဖြူစင်သလို ကျွန်မ တတ်နိုင်ခဲ့တာထက် ပိုလုပ်ပေးပါခဲ့ပါတယ် ဒါကြောင့် ဘယ်ခွဲခွါခြင်းမှာမှ ကျွန်မ နောင်တ မရခဲ့ဘူးအကယ်၍ တစ်နေ့နေ့ တစ်နေရာရာမှာ ပြန်တွေ့ခဲ့ရင် ကျွန်မ အလှဆုံးပြန်ပြုံးပြနိုင်မယ် ထင်ပါတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ေရစက္ မဆုံလို႔ပဲ ျဖစ္ျဖစ္ ၀ဋ္ေႂကြးကုန္လို႔ပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ျပႏႈတ္ဆက္ၾကတဲ့အခါ ကြၽန္မ လူတိုင္းအေပၚလိပ္ျပာလုံခ်င္တယ္ ။

ကိုယ့္အနားမွာ ရွိေနတုန္းကလဲ အတတ္ႏိုင္ဆုံး ကိုယ္႐ိုးသားေပးခဲ့သလို ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး ကြၽန္မ ခ်စ္ေပးခဲ့ၿပီးၿပီ ။ ကိုယ့္ဘက္က ယူခဲ့တာေတြထက္ ကိုယ့္ဘက္က ေပးျဖစ္ခဲ့တာေတြပဲ ပိုမ်ားပါတယ္ ။ အဲ့ဒီအတြက္ ကိုယ့္လိပ္ျပာကိုယ္လုံပါတယ္ဆိုတာထက္ ကြၽန္မ ေမတၱာေတြ ျဖဴခဲ့ပါတယ္ ။

ကမာၻႀကီးရဲ႕ေဒါင့္တစ္ေနရာမွာပဲျဖစ္ျဖစ္ သံသရာတစ္ေကြ႕မွာပဲျဖစ္ျဖစ္ မေတာ္တဆ ျပန္ဆုံၾကတဲ့အခါ ကြၽန္မဘက္က အရင္စၿပဳံးျပႏိုင္တဲ့အထိ ကြၽန္မ ႐ိုးသားခ်င္တယ္ ။ ဆင္ျဖဴမ်က္ႏွာ ဆင္မည္းမၾကည့္၀ံ့တဲ့ … ကိုယ္ကေတာ့ မ်က္လုံးတည့္တည့္ၾကည့္ၿပီး ၿပဳံးျပခ်င္တယ္ ။ ဒါမဟုတ္ မိတ္ေဆြတစ္ေယာက္ကို ျပန္ေတြ႕သလိုမ်ိဳး ကြၽန္မ စကားေတြေဖာင္ဖြဲ႕ေျပာေကာင္းေျပာႏိုင္တယ္ ။

လက္ရွိအခ်ိန္ထိ ဘယ္သူ႔အေပၚမွာမဆို ကြၽန္မ အတတ္ႏိုင္ဆုံးျဖဴစင္သလို ကြၽန္မ တတ္ႏိုင္ခဲ့တာထက္ ပိုလုပ္ေပးပါခဲ့ပါတယ္ ဒါေၾကာင့္ ဘယ္ခြဲခြါျခင္းမွာမွ ကြၽန္မ ေနာင္တ မရခဲ့ဘူးအကယ္၍ တစ္ေန႔ေန႔ တစ္ေနရာရာမွာ ျပန္ေတြ႕ခဲ့ရင္ ကြၽန္မ အလွဆုံးျပန္ၿပဳံးျပႏိုင္မယ္ ထင္ပါတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း