နာကျင်မှုကင်းကင်းနဲ့ တစ်ရက်လောက်ဖြစ်ဖြစ် အသက်၀၀ရှူချင်တယ်

တစ်ရက်လောက်ဖြစ်ဖြစ်……

ကျွန်မ တစ်ခါတစ်ရံကျတော့ ကလေးဆန်ဆန် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်လေး နေချင်တယ် အမြဲတမ်း ရင့်ကျက်ချင်ယောင် မဆောင်ချင်ဘူး

ကလေးတစ်ယောက်လို ဘယ်အရာကိုမှ ငဲ့မကြည့်ပဲ လိုချင်တာတွေ ရမလာတဲ့အခါ အကျယ်ကြီးအော်ငိုပစ်တတ်တဲ့ အခိုက်အတန့်တွေ တစ်ခါတစ်ရံတော့လဲ ကျွန်မ လိုပါတယ်

ရင်ဘတ်ထဲမှာ တင်းကျပ်နေအောင် ချုပ်တည်းထားရတာတွေက အရမ်းကို မွန်းကျပ်စေသလို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မပိုင်ရတဲ့အခါတိုင်းမှာ ကျွန်မ အကျယ်ကြီး အော်ငိုချင်ပါတယ် ။

ရင့်ကျက်လာလိုက်တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ မရင့်ကျက်ချင်တော့တဲ့ အခိုက်အတန့်တွေ အများကြီးရှိချင်တယ် ခပ်ဆိုးဆိုးကလေးတစ်ယောက်လိုပေါ့ ဘယ်အရာကိုမှ မငဲ့ကွက်ပဲ ဘယ်သူမျက်နှာ မကြည့်ပဲ ကိုယ်ဖြစ်ချင်တာလေးကို တစ်ဇွတ်ထိုး လုပ်ကြည့်ချင်တယ်

ရင့်ကျက်တယ်ဆိုတာ ဟန်ဆောင်ခြင်းတစ်မျိုးပဲတဲ့ တကယ်ကို မှန်ပါတယ် ပြောချင်စကားတွေ ရှိလာခဲ့ရင်တောင် ဘယ်လိုများခံစားရမလဲ ဆိုတဲ့အတွေးနဲ့ မပြောဖြစ်ပဲ မြိုချပစ်လိုက်ရတာတွေ လုပ်ချင်တာတွေ ရှိလာခဲ့ရင်တောင် အနောက်မှာရပ်နေတဲ့မျက်နှာတွေ ပြန်ပြီး ငဲ့ကွက်ရင်းကိုယ့်ဆန္ဒတွေကို ချိုးနှိမ်ပစ်လိုက်ရတာတွေလေ

ရင့်ကျက်ဖို့ သင်ယူလေ့လာစရာမလိုပါဘူး လောကကြီးက ဒုက္ခတွေ သုခတွေနဲ့ ကောင်းကောင်းကြီး ပညာပေးလိမ့်မယ်

ကျွန်မကတော့ တစ်ခါတစ်လေ မရင့်ကျက်ချင်တော့ဘူး

ကိုယ်အတွေးထဲမှာ ရှိတဲ့ ပုံစံအတိုင်း လွတ်လွတ်လပ်လပ်နေထိုင်ချင်တယ် ဘယ်သူတွေက ငါ့ကို ဘာပြောမလဲဆိုတဲ့ကို ဂရုမစိုက်ပဲ အော်ငိုချင်ငိုမယ် အော်ရယ်ချင်ရယ်မယ်

ဘယ်လိုခံစားရမလဲဆိုတဲ့ အတွေးတွေဝင်မလာပဲ ကိုယ်ဖြစ်ချင်တာလေးကို ကိုယ်ဆန္ဒရှိတဲ့အတိုင်း လုပ်ပစ်ချင်တယ်

ရင့်ကျက်ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရာရာ မြိုသိပ်ပြီး နာကျင်နေရတာက တစ်ခါတစ်ခါ အရမ်းကို ပင်ပန်းလွန်းပါတယ် ဖြစ်နိုင်ရင် ကျွန်မ အမြဲတမ်းမရင့်ကျက်ချင်ဘူး ကလေးလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်လေး နေခွင့်ရရင် နေချင်သေးတယ်

ဘယ်အရာကိုမှ ဆုပ်ကိုင်မထားပဲ ဘယ်အရာကိုမှ မြိုသိပ်မထားပဲ နာကျင်မှုကင်းကင်းနဲ့ တစ်ရက်လောက်ဖြစ်ဖြစ် အသက်၀၀ရှုချင်နေမိတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

တစ္ရက္ေလာက္ျဖစ္ျဖစ္……

ကြၽန္မ တစ္ခါတစ္ရံက်ေတာ့ ကေလးဆန္ဆန္ လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ေနခ်င္တယ္ အၿမဲတမ္း ရင့္က်က္ခ်င္ေယာင္ မေဆာင္ခ်င္ဘူး

ကေလးတစ္ေယာက္လို ဘယ္အရာကိုမွ ငဲ့မၾကည့္ပဲ လိုခ်င္တာေတြ ရမလာတဲ့အခါ အက်ယ္ႀကီးေအာ္ငိုပစ္တတ္တဲ့ အခိုက္အတန္႔ေတြ တစ္ခါတစ္ရံေတာ့လဲ ကြၽန္မ လိုပါတယ္

ရင္ဘတ္ထဲမွာ တင္းက်ပ္ေနေအာင္ ခ်ဳပ္တည္းထားရတာေတြက အရမ္းကို မြန္းက်ပ္ေစသလို ကိုယ့္စိတ္နဲ႔ကိုယ့္ကိုယ္ မပိုင္ရတဲ့အခါတိုင္းမွာ ကြၽန္မ အက်ယ္ႀကီး ေအာ္ငိုခ်င္ပါတယ္ ။

ရင့္က်က္လာလိုက္တာဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ မရင့္က်က္ခ်င္ေတာ့တဲ့ အခိုက္အတန္႔ေတြ အမ်ားႀကီးရွိခ်င္တယ္ ခပ္ဆိုးဆိုးကေလးတစ္ေယာက္လိုေပါ့ ဘယ္အရာကိုမွ မငဲ့ကြက္ပဲ ဘယ္သူမ်က္ႏွာ မၾကည့္ပဲ ကိုယ္ျဖစ္ခ်င္တာေလးကို တစ္ဇြတ္ထိုး လုပ္ၾကည့္ခ်င္တယ္

ရင့္က်က္တယ္ဆိုတာ ဟန္ေဆာင္ျခင္းတစ္မ်ိဳးပဲတဲ့ တကယ္ကို မွန္ပါတယ္ ေျပာခ်င္စကားေတြ ရွိလာခဲ့ရင္ေတာင္ ဘယ္လိုမ်ားခံစားရမလဲ ဆိုတဲ့အေတြးနဲ႔ မေျပာျဖစ္ပဲ ၿမိဳခ်ပစ္လိုက္ရတာေတြ လုပ္ခ်င္တာေတြ ရွိလာခဲ့ရင္ေတာင္ အေနာက္မွာရပ္ေနတဲ့မ်က္ႏွာေတြ ျပန္ၿပီး ငဲ့ကြက္ရင္းကိုယ့္ဆႏၵေတြကို ခ်ိဳးႏွိမ္ပစ္လိုက္ရတာေတြေလ

ရင့္က်က္ဖို႔ သင္ယူေလ့လာစရာမလိုပါဘူး ေလာကႀကီးက ဒုကၡေတြ သုခေတြနဲ႔ ေကာင္းေကာင္းႀကီး ပညာေပးလိမ့္မယ္

ကြၽန္မကေတာ့ တစ္ခါတစ္ေလ မရင့္က်က္ခ်င္ေတာ့ဘူး

ကိုယ္အေတြးထဲမွာ ရွိတဲ့ ပုံစံအတိုင္း လြတ္လြတ္လပ္လပ္ေနထိုင္ခ်င္တယ္ ဘယ္သူေတြက ငါ့ကို ဘာေျပာမလဲဆိုတဲ့ကို ဂ႐ုမစိုက္ပဲ ေအာ္ငိုခ်င္ငိုမယ္ ေအာ္ရယ္ခ်င္ရယ္မယ္

ဘယ္လိုခံစားရမလဲဆိုတဲ့ အေတြးေတြ၀င္မလာပဲ ကိုယ္ျဖစ္ခ်င္တာေလးကို ကိုယ္ဆႏၵရွိတဲ့အတိုင္း လုပ္ပစ္ခ်င္တယ္

ရင့္က်က္ပါတယ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အရာရာ ၿမိဳသိပ္ၿပီး နာက်င္ေနရတာက တစ္ခါတစ္ခါ အရမ္းကို ပင္ပန္းလြန္းပါတယ္ ျဖစ္ႏိုင္ရင္ ကြၽန္မ အၿမဲတမ္းမရင့္က်က္ခ်င္ဘူး ကေလးေလးတစ္ေယာက္လို လြတ္လြတ္လပ္လပ္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ေနခြင့္ရရင္ ေနခ်င္ေသးတယ္

ဘယ္အရာကိုမွ ဆုပ္ကိုင္မထားပဲ ဘယ္အရာကိုမွ ၿမိဳသိပ္မထားပဲ နာက်င္မႈကင္းကင္းနဲ႔ တစ္ရက္ေလာက္ျဖစ္ျဖစ္ အသက္၀၀ရႈခ်င္ေနမိတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း