Relationship တစ်ခု တည်မြဲဖို့ဆိုရင် နားလည်မှုက အများကြီးလိုအပ်တယ်

Relationship တစ်ခု တည်မြဲဖို့ဆိုရင် နားလည်မှုက အများကြီးလိုအပ်တယ်

အရမ်းချစ်ပြီး ကွဲသွားကြတဲ့အတွဲတွေ နှစ်ရှည်လက်တွဲပြီးမှ ကွဲသွားတဲ့အတွဲတွေ မကြာခဏတွေ့ဖူးကြလိမ့်မယ်

အဲ့လိုအတွဲတွေထဲ မပါချင်ရင် နားလည်မှုလေးထားနိုင်အောင်ကြိုးစားပါ

တစ်ဦးတစ်ယောက်တည်းက နားလည်ပေးရတာမျိုးမဟုတ်ပဲ နှစ်ဖက်လုံး နားလည်ပေးကြတာမျိုးပေါ့

ဘေးနားမှာပဲရှိတယ် ရေမြားခြားမှာပဲ ရှိရှိ ချစ်ခြင်းမေတ္တာတရားကို မပြောင်းမလဲပဲ ရှိပါစေ မယုံမကြည်နဲ့ လက်တွဲထားရတာကို အရမ်းကို ပူလောင်ရပါတယ် သံသယပေါ့

ဒီချိန်ဆို သူဘယ်တွေများလုပ်နေမှာလဲ ဘယ်သူနဲ့ရှိနေမှာလဲ ငါ့ကိုကော ချစ်မှ ချစ်ရဲ့လားဆိုတဲ့ သံသယတွေက Realtionship တစ်ခုကို လွယ်လွယ်လေး အဆုံးသတ်စေပါတယ်

ယုံကြည်ပေးလိုက်ပါ အနည်းအကျဉ်းပဲ ဖြစ်ဖြစ်ပေါ့

နောက်မှာ ကိုယ့်ယုံကြည်မှုနဲ့ မထိုက်တန်တဲ့အခါ ကိုယ်နဲ့လဲ မထိုက်တန်တဲ့အကြောင်း လက်ခံတတ်ဖို့လိုတယ် ပြီးတော့ သစ္စာတရား အဲ့တာ အရေးကြီးဆုံးပဲ

အနီးမှာပဲ ဖြစ်ဖြစ် အဝေးမှာပဲဖြစ်ဖြစ် မြင်နိုင်ကြားနိုင်တာပဲဖြစ်ဖြစ် မျက်ကွယ်ရာမှာပဲဖြစ်ဖြစ် သစ္စာလေးထားနိုင်ဖို့လိုတယ် အခုက ယောက်ျားမှ ဖောက်ပြားတယ် မိန်းမမှ ဖောက်ပြားတယ်လို့ ပြောလို့မရဘူး

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဖောက်လွဲဖောက်ပြန် လုပ်တတ်တဲ့ ခေတ်လေ ဒါကြောင့် သစ္စာတရားလေး ထားနိုင်ဖို့ အရေးကြီးတယ် ။

နောက်တစ်ခုက ငွေ အချစ်မှာ မျက်စိမရှိတာမှန်ပေမယ့် ပတ်ဝန်းကျင်မှာ မိသားစုမှာမြင်တတ်တဲ့ မျက်လုံးတွေ ရှိတယ်

ကိုယ်က ဘာကောင်မှ မဟုတ်ရင် ဘယ်သူက သဘောတူကြည်ဖြူမှာလဲ ငွေ အရာအားလုံးကို မဝယ်နိုင်ပေမယ့် နေရာတော်တော်များမှာ သူ မပါလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား

ချစ်လို့ လက်ကို ဆွဲထားမယ်ဆိုရင်တောင် မျက်နှာမငယ်ချင်တာမျိုး တင့်တောင့်တင့်တယ် ထားချင်တာမျိုး လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးချင်တာမျိုးတွေတော့ ဘယ်သူမဆိုဖြစ်တတ်ပါတယ်

ငွေမက်တယ်လို့ ခေါင်းစဉ်မတက်ပါနဲ့ လူတိုင်းမှာ ငွေဆိုတာလိုအပ်ပါတယ်

ရေစက်ဆုံလို့ပဲ ဖြစ်ဖြစ် လူနှစ်ယောက် စတင်ပြီး တည်ဆောက်ထားတဲ့ relationship တစ်ခုမှာ လွယ်လွယ်လေး အဆုံးသတ်သွားတာမျိုး မဖြစ်ချင်ရင် ဒီအချက်လေးတွေ သိထားပါ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

Relationship တစ္ခု တည္ၿမဲဖို႔ဆိုရင္ နားလည္မႈက အမ်ားႀကီးလိုအပ္တယ္

အရမ္းခ်စ္ၿပီး ကြဲသြားၾကတဲ့အတြဲေတြ ႏွစ္ရွည္လက္တြဲၿပီးမွ ကြဲသြားတဲ့အတြဲေတြ မၾကာခဏေတြ႕ဖူးၾကလိမ့္မယ္

အဲ့လိုအတြဲေတြထဲ မပါခ်င္ရင္ နားလည္မႈေလးထားႏိုင္ေအာင္ႀကိဳးစားပါ

တစ္ဦးတစ္ေယာက္တည္းက နားလည္ေပးရတာမ်ိဳးမဟုတ္ပဲ ႏွစ္ဖက္လုံး နားလည္ေပးၾကတာမ်ိဳးေပါ့

ေဘးနားမွာပဲရွိတယ္ ေရျမားျခားမွာပဲ ရွိရွိ ခ်စ္ျခင္းေမတၱာတရားကို မ​ေျပာင္းမလဲပဲ ရွိပါေစ မယုံမၾကည္နဲ႔ လက္တြဲထားရတာကို အရမ္းကို ပူေလာင္ရပါတယ္ သံသယေပါ့

ဒီခ်ိန္ဆို သူဘယ္ေတြမ်ားလုပ္ေနမွာလဲ ဘယ္သူနဲ႔ရွိေနမွာလဲ ငါ့ကိုေကာ ခ်စ္မွ ခ်စ္ရဲ႕လားဆိုတဲ့ သံသယေတြက Realtionship တစ္ခုကို လြယ္လြယ္ေလး အဆုံးသတ္ေစပါတယ္

ယုံၾကည္ေပးလိုက္ပါ အနည္းအက်ဥ္းပဲ ျဖစ္ျဖစ္ေပါ့

ေနာက္မွာ ကိုယ့္ယုံၾကည္မႈနဲ႔ မထိုက္တန္တဲ့အခါ ကိုယ္နဲ႔လဲ မထိုက္တန္တဲ့အေၾကာင္း လက္ခံတတ္ဖို႔လိုတယ္ ၿပီးေတာ့ သစၥာတရား အဲ့တာ အေရးႀကီးဆုံးပဲ

အနီးမွာပဲ ျဖစ္ျဖစ္ အေဝးမွာပဲျဖစ္ျဖစ္ ျမင္ႏိုင္ၾကားႏိုင္တာပဲျဖစ္ျဖစ္ မ်က္ကြယ္ရာမွာပဲျဖစ္ျဖစ္ သစၥာေလးထားႏိုင္ဖို႔လိုတယ္ အခုက ေယာက္်ားမွ ေဖာက္ျပားတယ္ မိန္းမမွ ေဖာက္ျပားတယ္လို႔ ေျပာလို႔မရဘူး

ေယာက္်ားပဲျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ ေဖာက္လြဲေဖာက္ျပန္ လုပ္တတ္တဲ့ ေခတ္ေလ ဒါေၾကာင့္ သစၥာတရားေလး ထားႏိုင္ဖို႔ အေရးႀကီးတယ္ ။

ေနာက္တစ္ခုက ေငြ အခ်စ္မွာ မ်က္စိမရွိတာမွန္ေပမယ့္ ပတ္၀န္းက်င္မွာ မိသားစုမွာျမင္တတ္တဲ့ မ်က္လုံးေတြ ရွိတယ္

ကိုယ္က ဘာေကာင္မွ မဟုတ္ရင္ ဘယ္သူက သေဘာတူၾကည္ျဖဴမွာလဲ ေငြ အရာအားလုံးကို မ၀ယ္ႏိုင္ေပမယ့္ ေနရာေတာ္ေတာ္မ်ားမွာ သူ မပါလို႔ မျဖစ္ဘူးေလ ဟုတ္တယ္မလား

ခ်စ္လို႔ လက္ကို ဆြဲထားမယ္ဆိုရင္ေတာင္ မ်က္ႏွာမငယ္ခ်င္တာမ်ိဳး တင့္ေတာင့္တင့္တယ္ ထားခ်င္တာမ်ိဳး လိုအပ္တာေလးေတြ ျဖည့္ဆည္းေပးခ်င္တာမ်ိဳးေတြေတာ့ ဘယ္သူမဆိုျဖစ္တတ္ပါတယ္

ေငြမက္တယ္လို႔ ေခါင္းစဥ္မတက္ပါနဲ႔ လူတိုင္းမွာ ေငြဆိုတာလိုအပ္ပါတယ္

ေရစက္ဆုံလို႔ပဲ ျဖစ္ျဖစ္ လူႏွစ္ေယာက္ စတင္ၿပီး တည္ေဆာက္ထားတဲ့ relationship တစ္ခုမွာ လြယ္လြယ္ေလး အဆုံးသတ္သြားတာမ်ိဳး မျဖစ္ခ်င္ရင္ ဒီအခ်က္ေလးေတြ သိထားပါ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း