ကိုယ်မရှိလဲပျော်နေတဲ့သူအတွက် ကျနေတဲ့မျက်ရည်တွေရှိရင် အခုပဲတိတ်လိုက်ပါ

တစ်စုံတစ်ယောက်အတွက် အသက်ရှင်ရပ်တည်နေတာပါဆိုတဲ့ စိတ်ကို ဒီနေ့မှာ အသေသတ်ပစ်လိုက်ပါ ကိုယ့်အိပ်မက် ကိုယ့်အနာဂတ်အတွက် ကိုယ့်လမ်းကိုယ် စိတ်ပါလက်ပါလျှောက်နေတာမျိုးပဲ ဖြစ်ပါစေ

ကိုယ်မရှိလဲ ပျော်နေတဲ့ လူတစ်ယောက်အတွက် ကျနေတဲ့ မျက်ရည်တွေကို ဒီနေ့ပဲ အပြီးသုတ်လိုက်ပါ သူတောင် ကိုယ်မရှိပဲ ပျော်နေနိုင်သေးရင် ကိုယ်လဲ သူမရှိပဲ နေနိုင်တယ်ဆိုတဲ့ မာနလေးရှိစေချင်တယ်

ကိုယ်ဆွဲထားလွန်းလို့ အနားမှာရှိနေတဲ့ဆက်ဆံရေးတွေဒီနေ့ပဲ အဆုံးသတ်လိုက်ပါ မနေချင်မှန်းသိသိရဲ့နဲ့ ဆွဲထားရတာ ပိုပြီး ပင်ပန်းတယ် ပြီးတော့ ပိုပြီးလဲ နာကျင်ရတယ်လေ

ဘဝရယ်လို့ စပြီးဖြစ်လာကတည်းက တစ်ယောက်တည်းပဲ နောက်ဆုံး ထွက်သွားရမှာလဲ ကိုယ်တစ်ယောက်တည်းပဲလေ ဘာကြောင့်များ အဖော်မက်နေရတာလဲ တစ်စုံတစ်ယောက်က ကိုယ့်ဘဝမှာ မပျော်တော့တဲ့အခါ ထွက်သွားခွင့် ပေးနိုင်တဲ့ သတ္တိလေး ရှိပါတယ်

ကိုယ့်အပေါ် မကောင်းတဲ့အခါ ကိုယ် မပေါင်းပဲ နေနိုင်တဲ့ မာနလေး နဲနဲရှိပါသူမှ သူ ဆိုပြီး အစွဲအလမ်းကြီးတတ်လွန်းတာက ကိုယ့်ကို ပိုပြီး အားနည်းစေတယ် ပိုပြီး ဒဏ်ရာ အနာတရများစေတယ်

လူရယ်လို့ ဖြစ်လာရင် တစ်ယောက်တည်းနေလို့ မဖြစ်ဘူး တဲ့ မှန်ပါတယ် တစ်ယောက်တည်းနေလို့ မဖြစ်ဘူး ပေါင်းရ သင်းရမယ့်လူကလဲ သူတစ်ယောက်တည်း မဟုတ်ဘူးလေ

အပေါ်ယံလေးတွေနဲ့ ဆက်ဆံလာတဲ့အခါ အပေါ်ယံလေးအတိုင်း ရေလိုက်ငါးလိုက်လေးနေလိုက် အချိန်တန်လို့ ထွက်သွားရင်လဲ သိပ်ပြီးတော့ နာကျင်စရာမလိုတော့ဘူးလေ ဘဝက နေတတ်ရင် ပျော်ဖို့ကောင်းပါတယ် မနေတတ်လို့သာ ဒဏ်ရာ ဒဏ်ချက်တွေများနေတာ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

တစ္စုံတစ္ေယာက္အတြက္ အသက္ရွင္ရပ္တည္ေနတာပါဆိုတဲ့ စိတ္ကို ဒီေန႔မွာ အေသသတ္ပစ္လိုက္ပါ ကိုယ့္အိပ္မက္ ကိုယ့္အနာဂတ္အတြက္ ကိုယ့္လမ္းကိုယ္ စိတ္ပါလက္ပါေလွ်ာက္ေနတာမ်ိဳးပဲ ျဖစ္ပါေစ

ကိုယ္မရွိလဲ ေပ်ာ္ေနတဲ့ လူတစ္ေယာက္အတြက္ က်ေနတဲ့ မ်က္ရည္ေတြကို ဒီေန႔ပဲ အၿပီးသုတ္လိုက္ပါ သူေတာင္ ကိုယ္မရွိပဲ ေပ်ာ္ေနႏိုင္ေသးရင္ ကိုယ္လဲ သူမရွိပဲ ေနႏိုင္တယ္ဆိုတဲ့ မာနေလးရွိေစခ်င္တယ္

ကိုယ္ဆြဲထားလြန္းလို႔ အနားမွာရွိေနတဲ့ဆက္ဆံေရးေတြဒီေန႔ပဲ အဆုံးသတ္လိုက္ပါ မေနခ်င္မွန္းသိသိရဲ႕နဲ႔ ဆြဲထားရတာ ပိုၿပီး ပင္ပန္းတယ္ ၿပီးေတာ့ ပိုၿပီးလဲ နာက်င္ရတယ္ေလ

ဘ၀ရယ္လို႔ စၿပီးျဖစ္လာကတည္းက တစ္ေယာက္တည္းပဲ ေနာက္ဆုံး ထြက္သြားရမွာလဲ ကိုယ္တစ္ေယာက္တည္းပဲေလ ဘာေၾကာင့္မ်ား အေဖာ္မက္ေနရတာလဲ တစ္စုံတစ္ေယာက္က ကိုယ့္ဘ၀မွာ မေပ်ာ္ေတာ့တဲ့အခါ ထြက္သြားခြင့္ ေပးႏိုင္တဲ့ သတၱိေလး ရွိပါတယ္

ကိုယ့္အေပၚ မ​ေကာင္းတဲ့အခါ ကိုယ္ မေပါင္းပဲ ေနႏိုင္တဲ့ မာနေလး နဲနဲရွိပါသူမွ သူ ဆိုၿပီး အစြဲအလမ္းႀကီးတတ္လြန္းတာက ကိုယ့္ကို ပိုၿပီး အားနည္းေစတယ္ ပိုၿပီး ဒဏ္ရာ အနာတရမ်ားေစတယ္

လူရယ္လို႔ ျဖစ္လာရင္ တစ္ေယာက္တည္းေနလို႔ မျဖစ္ဘူး တဲ့ မွန္ပါတယ္ တစ္ေယာက္တည္းေနလို႔ မျဖစ္ဘူး ေပါင္းရ သင္းရမယ့္လူကလဲ သူတစ္ေယာက္တည္း မဟုတ္ဘူးေလ

အေပၚယံေလးေတြနဲ႔ ဆက္ဆံလာတဲ့အခါ အေပၚယံေလးအတိုင္း ေရလိုက္ငါးလိုက္ေလးေနလိုက္ အခ်ိန္တန္လို႔ ထြက္သြားရင္လဲ သိပ္ၿပီးေတာ့ နာက်င္စရာမလိုေတာ့ဘူးေလ ဘ၀က ေနတတ္ရင္ ေပ်ာ္ဖို႔ေကာင္းပါတယ္ မေနတတ္လို႔သာ ဒဏ္ရာ ဒဏ္ခ်က္ေတြမ်ားေနတာ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း