လိုသုံးဆိုတဲ့ စကားလုံးနောက်မှာ ကျွန်မ လုံး၀ မရှုံးခဲ့ဘူး

ကျွန်မမှာ လိုမှတ တတ်တဲ့ ကျွန်မကို သတိရတတ်တဲ့ လူတော်တော်များရှိတယ် လိုချင်တာတွေရှိလာတဲ့အခါ ကျွန်မအနားကပ်လာကြတယ် လိုချင်တာတွေ ရသွားတဲ့အခါ ကျွန်မနာမည်ကိုတောင် မေ့သွားကြတယ်

သူတို့စိတ်ထဲမှာ ကျွန်မကိုနာမည် တပ်ထားခဲ့တာကိုက လိုသုံးပဲလေ ပုံမှန်အတိုင်းကြည့်ရင်တော့ ကျွန်မရှုံးပါတယ် စေတနာတွေ မေတ္တာတွေ အလာဟသဖြစ်သွားပြီး အလေးထားမခံရတဲ့ကျွန်မ ရှုံးတယ်ပေါ့

တကယ်တမ်းကျတော့ ကျွန်မ အနိုင်ရလိုက်တာပါ စောစောစီးစီး ကိုယ့်အပေါ်မှာ ဘယ်လိုစိတ်ထားထားသလဲဆိုတာ သိလိုက်ရတဲ့ကျွန်မ နိုင်ပါတယ် ကြီးကြီးမားမားမဆုံးရှုံးသေးခင် ဖျောက်ဖျက်လို့မရတဲ့ ဒဏ်ရာအနာတရတွေ မရသေးခင် ကျွန်မသိလိုက်တဲ့အတွက် ကျွန်မ မြတ်ပါတယ်

သူတို့သာ ဖြူစင်တဲ့ မေတ္တာတွေ သန့်ရှင်းတဲ့စေတနာတွေ အရင်လိုပြန်မရနိုင်တော့တာ ယုံကြည်မှုဆိုတာမျိုးက တည်ဆောက်ရခက်ခဲသလောက် ဖျက်ဆီးရလွယ်ကူတယ်လေ တစ်ခါ ပျက်စီးသွားပြီးရင် အမှားတွေကို ပြန်ခွင့်လွှတ်လို့ရနိုင်ခဲ့ရင်တောင် အရင်လို ပြန်ယုံကြည်နိုင်ဖို့ မလွယ်တော့ဘူး ယုံကြည်မှုတွေလဲ သူတို့ဆုံးပါတယ်

သံသရာကိုပါ ထည့်ပြီးတွက်ရင် ကျွန်မ ရင်းလိုက်တဲ့ စေတနာတွေအတွက် အချိန်တန်ရင် သူ့အလိုလို တန်ပြန်လာလိမ့်မယ် မေတ္တာတွေအတွက်လဲ ရောင်ပြန်လာလိမ့်မယ်အခုလောလောဆယ်ပဲ ခဏနာကျင်ရတာပါ

လိုသုံး တဲ့ ဒီနာမည်လေးတစ်လုံးကို ကျွန်မအတွက် သုံးခဲ့ကြဖူးသလိုပဲ တချိန်ကျရင် ကျွန်မ အားလုံးပြန်ပြုံးပြတဲ့အခါ ပြန်ပြီးလဲ ပြုံးနိုင်ပြပါစေ

ကျွန်မ လက်ပြပြီး နှုတ်ဆက်သွားနိုင်တဲ့အခါ မလွမ်းပဲ မတမ်းတပဲ ပျော်ပျော်လေးနေနိုင်ကြပါစေပေါ့ ဒါပေမယ့် လိုသုံးဆိုတဲ့ စကားလုံးနောက်မှာ ကျွန်မ လုံး၀ မရှုံးခဲ့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မမွာ လိုမွတ တတ္တဲ့ ကြၽန္မကို သတိရတတ္တဲ့ လူေတာ္ေတာ္မ်ားရွိတယ္ လိုခ်င္တာေတြရွိလာတဲ့အခါ ကြၽန္မအနားကပ္လာၾကတယ္ လိုခ်င္တာေတြ ရသြားတဲ့အခါ ကြၽန္မနာမည္ကိုေတာင္ ေမ့သြားၾကတယ္

သူတို႔စိတ္ထဲမွာ ကြၽန္မကိုနာမည္ တပ္ထားခဲ့တာကိုက လိုသုံးပဲေလ ပုံမွန္အတိုင္းၾကည့္ရင္ေတာ့ ကြၽန္မရႈံးပါတယ္ ေစတနာေတြ ေမတၱာေတြ အလာဟသျဖစ္သြားၿပီး အေလးထားမခံရတဲ့ကြၽန္မ ရႈံးတယ္ေပါ့

တကယ္တမ္းက်ေတာ့ ကြၽန္မ အႏိုင္ရလိုက္တာပါ ေစာေစာစီးစီး ကိုယ့္အေပၚမွာ ဘယ္လိုစိတ္ထားထားသလဲဆိုတာ သိလိုက္ရတဲ့ကြၽန္မ ႏိုင္ပါတယ္ ႀကီးႀကီးမားမားမဆုံးရႈံးေသးခင္ ေဖ်ာက္ဖ်က္လို႔မရတဲ့ ဒဏ္ရာအနာတရေတြ မရေသးခင္ ကြၽန္မသိလိုက္တဲ့အတြက္ ကြၽန္မ ျမတ္ပါတယ္

သူတို႔သာ ျဖဴစင္တဲ့ ေမတၱာေတြ သန႔္ရွင္းတဲ့ေစတနာေတြ အရင္လိုျပန္မရႏိုင္ေတာ့တာ ယုံၾကည္မႈဆိုတာမ်ိဳးက တည္ေဆာက္ရခက္ခဲသေလာက္ ဖ်က္ဆီးရလြယ္ကူတယ္ေလ တစ္ခါ ပ်က္စီးသြားၿပီးရင္ အမွားေတြကို ျပန္ခြင့္လႊတ္လို႔ရႏိုင္ခဲ့ရင္ေတာင္ အရင္လို ျပန္ယုံၾကည္ႏိုင္ဖို႔ မလြယ္ေတာ့ဘူး ယုံၾကည္မႈေတြလဲ သူတို႔ဆုံးပါတယ္

သံသရာကိုပါ ထည့္ၿပီးတြက္ရင္ ကြၽန္မ ရင္းလိုက္တဲ့ ေစတနာေတြအတြက္ အခ်ိန္တန္ရင္ သူ႔အလိုလို တန္ျပန္လာလိမ့္မယ္ ေမတၱာေတြအတြက္လဲ ေရာင္ျပန္လာလိမ့္မယ္အခုေလာေလာဆယ္ပဲ ခဏနာက်င္ရတာပါ

လိုသုံး တဲ့ ဒီနာမည္ေလးတစ္လုံးကို ကြၽန္မအတြက္ သုံးခဲ့ၾကဖူးသလိုပဲ တခ်ိန္က်ရင္ ကြၽန္မ အားလုံးျပန္ၿပဳံးျပတဲ့အခါ ျပန္ၿပီးလဲ ၿပဳံးႏိုင္ျပပါေစ

ကြၽန္မ လက္ျပၿပီး ႏႈတ္ဆက္သြားႏိုင္တဲ့အခါ မလြမ္းပဲ မတမ္းတပဲ ေပ်ာ္ေပ်ာ္ေလးေနႏိုင္ၾကပါေစေပါ့ ဒါေပမယ့္ လိုသုံးဆိုတဲ့ စကားလုံးေနာက္မွာ ကြၽန္မ လုံး၀ မရႈံးခဲ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း