မေတ္တာစစ်ရင်စူးတယ်တဲ့ …

မေတ္တာစစ်ရင်စူးတယ်တဲ့ …

သူစူးတာက နောက်မှပါ … ခုလောလောဆယ်တော့ ကိုယ်ပဲ ရူးရတယ် ။မချစ်မှန်းသိသိရဲ့နဲ့ တွယ်ကပ်နေရတာ အဆင်ပြေတယ်လို့ထင်လို့လား ဒါမှမဟုတ် ကိုယ်ချစ်နေရုံနဲ့ ဖြစ်တယ်ဆိုတာကော တကယ်အမှန်လို့ထင်လို့လား တကယ်တမ်းကျတော့ အဲ့တာတွေက ဟန်ဆောင်လိုက်တာပါ ။ အနည်းဆုံးတော့ ကိုယ်ချစ်သလို ပြန်ပြီး ချစ်စေချင်တာကြတာပါပဲ ။

လူတိုင်းအတွက် အရေးပါဖို့မလိုဘူး … ဒါပေမယ့် ကိုယ်ချစ်တဲ့လူအတွက်တော့ လူတိုင်းအရေးပါချင်ကြတာချည်းပဲလေ ။

အရုပ်လေးတစ်ရုပ်ကို ချောင်ထိုးထားတာ ကြာသွားတဲ့အခါ ဖုန်တက်သွားသလိုပဲ ကျွန်မတို့မှာလဲ စိတ်တွေ ပျက်ရတယ် မျှော်လင့်ရင်းလဲ မျှော်လင့်နေရတာတွေကို မုန်းမိလာတယ် ။ ဘာပဲဖြစ်ဖြစ်ပါ … ချစ်မိသူက အရင် ရူးရတယ် ။

သူပျော်နေရင် အဆင်ပြေပါတယ်ဆိုပေမယ့် သူပျော်ဖို့အတွက် ကိုယ်ငိုပေးခဲ့ရတဲ့ရက်တွေတိုင်းဟာ ပြဿဒါးပါ ဒါကို ကျွန်မအချိန်အတော်ကြာ အဲ့ဒီနာကျင်စရာတွေကို သည်းခံခဲ့သေးတယ် ။ သိပ်ချစ်တာလေဆိုတဲ့ ခပ်ရူးရူးအတွေးတွေနဲ့ပေါ့ ။

လောကရဲ့ နိယာမ … မေတ္တာတွေစစ်ရင် အဲ့ဒီမေတ္တာကို တန်ဖိုးမထားတဲ့သူက အချိန်တစ်ခုရောက်တဲ့အခါ အဲ့ဒီမေတ္တာတွေ စူးတယ်တဲ့ ။ သူစူးတာ မစူးတာက နောက်မှပါ ချစ်မိတဲ့ ကိုယ်ကတော့ အရင်ရူးရတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေမတၱာစစ္ရင္စူးတယ္တဲ့ …

သူစူးတာက ေနာက္မွပါ … ခုေလာေလာဆယ္ေတာ့ ကိုယ္ပဲ ႐ူးရတယ္ ။မခ်စ္မွန္းသိသိရဲ႕နဲ႔ တြယ္ကပ္ေနရတာ အဆင္ေျပတယ္လို႔ထင္လို႔လား ဒါမွမဟုတ္ ကိုယ္ခ်စ္ေန႐ုံနဲ႔ ျဖစ္တယ္ဆိုတာေကာ တကယ္အမွန္လို႔ထင္လို႔လား တကယ္တမ္းက်ေတာ့ အဲ့တာေတြက ဟန္ေဆာင္လိုက္တာပါ ။ အနည္းဆုံးေတာ့ ကိုယ္ခ်စ္သလို ျပန္ၿပီး ခ်စ္ေစခ်င္တာၾကတာပါပဲ ။

လူတိုင္းအတြက္ အေရးပါဖို႔မလိုဘူး … ဒါေပမယ့္ ကိုယ္ခ်စ္တဲ့လူအတြက္ေတာ့ လူတိုင္းအေရးပါခ်င္ၾကတာခ်ည္းပဲေလ ။

အ႐ုပ္ေလးတစ္႐ုပ္ကို ေခ်ာင္ထိုးထားတာ ၾကာသြားတဲ့အခါ ဖုန္တက္သြားသလိုပဲ ကြၽန္မတို႔မွာလဲ စိတ္ေတြ ပ်က္ရတယ္ ေမွ်ာ္လင့္ရင္းလဲ ေမွ်ာ္လင့္ေနရတာေတြကို မုန္းမိလာတယ္ ။ ဘာပဲျဖစ္ျဖစ္ပါ … ခ်စ္မိသူက အရင္ ႐ူးရတယ္ ။

သူေပ်ာ္ေနရင္ အဆင္ေျပပါတယ္ဆိုေပမယ့္ သူေပ်ာ္ဖို႔အတြက္ ကိုယ္ငိုေပးခဲ့ရတဲ့ရက္ေတြတိုင္းဟာ ျပႆဒါးပါ ဒါကို ကြၽန္မအခ်ိန္အေတာ္ၾကာ အဲ့ဒီနာက်င္စရာေတြကို သည္းခံခဲ့ေသးတယ္ ။ သိပ္ခ်စ္တာေလဆိုတဲ့ ခပ္႐ူး႐ူးအေတြးေတြနဲ႔ေပါ့ ။

ေလာကရဲ႕ နိယာမ … ေမတၱာေတြစစ္ရင္ အဲ့ဒီေမတၱာကို တန္ဖိုးမထားတဲ့သူက အခ်ိန္တစ္ခုေရာက္တဲ့အခါ အဲ့ဒီေမတၱာေတြ စူးတယ္တဲ့ ။ သူစူးတာ မစူးတာက ေနာက္မွပါ ခ်စ္မိတဲ့ ကိုယ္ကေတာ့ အရင္႐ူးရတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း