မျှော်ခဲ့ဖူးတဲ့ ကောင်မလေး ….

စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ် ။ ပေါ်လာနိုးနိုး ပေါ်လာနိုးနိုးနဲ့ မျှော်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့ ။

လာခဲ့မယ်လို့ ပြောထားခဲ့ရင်တော့ မမျှော်ပါဘူးလို့ ဘယ်လောက်ပြောပြော ကိုယ့်စိတ်ထဲမှာတော့ မျှော်မိနေတတ်တဲ့ စိတ်လေးတွေရှိပါတယ် ။ ရောက်မလာခဲ့တဲ့အခါ နားလည်ပေးပါ ခွင့်လွှတ်ပေးပါဆိုတဲ့ စကားတွေနောက်မှာ ကျွန်မ ဘာကြောင့် ခွင့်မလွှတ်နိုင်ခဲ့ဘူးလို့ ထင်တယ် ။

အလေးမထားပါလား တန်ဖိုးမထားပါလားဆိုတဲ့ အတွေးတွေ တစ်စီတစ်တန်းကြီး ခေါင်းထဲ ဝင်လာတဲ့အခါ ကျွန်မ မှာ ဝမ်းနည်းရတယ် အဲ့ဒီအစားဒေါသတွေ ထွက်ခဲ့မိတာပါ ။ နားလည်မပေးနိုင်တာမဟုတ်ပဲ မျှော်နေပါလားဆိုတဲ့ အသိလေးရှိစေချင်တာ ။

နောက်ဆို ဖြစ်နိုင်မယ်လို့ထင်တဲ့ ကတိတွေကိုပဲပေးပါ ။ ကတိတွေပေးထားပြီးတဲ့အခါ အနည်းနဲ့အများတော့ မျှော်လင့်တတ်ကြတာ သဘာဝပါပဲ ။

အဲ့ဒီ ကတိပျက်ခြင်းတွေ အနောက်မှာ ကျွန်မတို့ရဲ့ ယုံကြည်ရဲတဲ့စိတ်တွေ ကပ်ပါသွားတတ်တယ် ။ ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အတွေးတွေ ခေါင်းထဲစွဲသွားတဲ့အခါ မယုံကြည်နိုင်တာလားဆိုတဲ့ မေးခွန်းတွေ မေးရလောက်တဲ့အထိ ကျွန်မ မမျှော်လင့်တတ်ပဲ ဖြစ်သွားလိမ့်မယ် ။

တကယ်တမ်းကျတော့ ကျွန်မ… မျှော်လင့်သင့်သလောက် မျှော်လင့်ခဲ့ဖူးသလို ယုံကြည်သင့်တာတွေထက် ပိုပြီး ယုံကြည်ခဲ့မိတာပါ … အဲ့တာတွေ ဖြစ်မလာတဲ့အခါ ကျွန်မမှာ မျှော်လင့်နေမိတဲ့စိတ်ကို မုန်းမိသွားတာ ။ ဒါပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေစာင့္ရျခင္းေတြ ေမွ်ာ္ရျခင္းေတြဟာ ဘယ္ေလာက္ပင္ပန္းေစလဲဆိုတာ ေစာင့္ခဲ့ဖူးသူေတြ ေမွ်ာ္ခဲ့ဖူးသူေတြပဲ သိပါတယ္ ။ ေပၚလာႏိုးႏိုး ေပၚလာႏိုးႏိုးနဲ႔ ေမွ်ာ္ခဲ့ဖူးတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ရင္ဖြင့္သံေပါ့ ။

လာခဲ့မယ္လို႔ ေျပာထားခဲ့ရင္ေတာ့ မေမွ်ာ္ပါဘူးလို႔ ဘယ္ေလာက္ေျပာေျပာ ကိုယ့္စိတ္ထဲမွာေတာ့ ေမွ်ာ္မိေနတတ္တဲ့ စိတ္ေလးေတြရွိပါတယ္ ။ ေရာက္မလာခဲ့တဲ့အခါ နားလည္ေပးပါ ခြင့္လႊတ္ေပးပါဆိုတဲ့ စကားေတြေနာက္မွာ ကြၽန္မ ဘာေၾကာင့္ ခြင့္မလႊတ္ႏိုင္ခဲ့ဘူးလို႔ ထင္တယ္ ။

အေလးမထားပါလား တန္ဖိုးမထားပါလားဆိုတဲ့ အေတြးေတြ တစ္စီတစ္တန္းႀကီး ေခါင္းထဲ ဝင္လာတဲ့အခါ ကြၽန္မ မွာ ဝမ္းနည္းရတယ္ အဲ့ဒီအစားေဒါသေတြ ထြက္ခဲ့မိတာပါ ။ နားလည္မေပးႏိုင္တာမဟုတ္ပဲ ေမွ်ာ္ေနပါလားဆိုတဲ့ အသိေလးရွိေစခ်င္တာ ။

ေနာက္ဆို ျဖစ္ႏိုင္မယ္လို႔ထင္တဲ့ ကတိေတြကိုပဲေပးပါ ။ ကတိေတြေပးထားၿပီးတဲ့အခါ အနည္းနဲ႔အမ်ားေတာ့ ေမွ်ာ္လင့္တတ္ၾကတာ သဘာဝပါပဲ ။

အဲ့ဒီ ကတိပ်က္ျခင္းေတြ အေနာက္မွာ ကြၽန္မတို႔ရဲ႕ ယုံၾကည္ရဲတဲ့စိတ္ေတြ ကပ္ပါသြားတတ္တယ္ ။ ျဖစ္လာမွာ မဟုတ္ပါဘူးဆိုတဲ့ အေတြးေတြ ေခါင္းထဲစြဲသြားတဲ့အခါ မယုံၾကည္ႏိုင္တာလားဆိုတဲ့ ေမးခြန္းေတြ ေမးရေလာက္တဲ့အထိ ကြၽန္မ မေမွ်ာ္လင့္တတ္ပဲ ျဖစ္သြားလိမ့္မယ္ ။

တကယ္တမ္းက်ေတာ့ ကြၽန္မ… ေမွ်ာ္လင့္သင့္သေလာက္ ေမွ်ာ္လင့္ခဲ့ဖူးသလို ယုံၾကည္သင့္တာေတြထက္ ပိုၿပီး ယုံၾကည္ခဲ့မိတာပါ … အဲ့တာေတြ ျဖစ္မလာတဲ့အခါ ကြၽန္မမွာ ေမွ်ာ္လင့္ေနမိတဲ့စိတ္ကို မုန္းမိသြားတာ ။ ဒါပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း