ကိုယ့်လက်ကို မလွှတ်ရုံနဲ့ … ကိုယ့်ကိုဆုံးရှုံးရမှာ ကြောက်နေတယ်လို့ မထင်ပါနဲ့

ကိုယ့်လက်ကို မလွှတ်ရုံနဲ့ … ကိုယ့်ကိုဆုံးရှုံးရမှာ ကြောက်နေတယ်လို့ မထင်ပါနဲ့ သူတို့အတ္တတွေအတွက် ကိုယ့်ကို ရှိစေချင်ရုံပါ ။ အဲ့ထက် ဘာမှ မပိုခဲ့ပါဘူး ။

ကျွန်မ … အရာရာပေးခဲ့ပြီးသားပါ … ဒါပေမယ့် ဘာမှထူးမလာခဲ့ဘူး ။ ကျွန်မ အရာရာ နားလည်ပေးခဲ့တာပါ ဒါပေမယ့် ကျွန်မကို မြင်အောင်မကြည့်နိုင်တဲ့အထိ အတ္တတွေ ဖုံးနေခဲ့တယ် ။

ကျွန်မကို ချစ်နေရတာထက် ကျွန်မကို အနိုင်ယူနေရတာကို ပိုပြီးပျော်ပုံရတယ် ။ ကျွန်မမျက်ရည်တွေဟာ သူ့အတွက်တော့ အောင်နိုင်ရာပေါ့ ။

ကျွန်မ ပင်ပန်းနေပါပြီလို့ပြောပြီး … လှည့်ထွက်ဖို့ကြံခဲ့တုန်းက ကျွန်မလက်ကို မလွှတ်တမ်းဆွဲထားတယ် ဒါပေမယ့် အဲ့ဒီလက်မှာ အချစ်တွေမပါဘူး ကျွန်မကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်တွေ မပါဘူး သူမပိုင်တော့မှာကိုပဲ စိတ်ပူနေတဲ့ အရာတွေကိုပဲတွေ့တယ် ။

ကျွန်မ တကယ်ကို ပင်ပန်းနေတာပါဆိုတာထက် … ကျွန်မတကယ်ကို ခံနိုင်ရည်မရှိတော့တာပါ ။ ကျွန်မကို တန်ဖိုးမထားနိုင်တဲ့အခါ လွတ်လပ်ခွင့်ပေးလိုက်ဟာ ဒီအချိန်မှာ ကျွန်မလိုချင်နေတဲ့ ဆုတစ်ခုပါ ။ အနားမှာထားပြီး ကျွန်မ မပျော်တာကို ကြည့်နေရတာများ မ၀သေးလို့လား ။ ဒါမှမဟုတ် ၀ဋ်ကြွေးတွေများကျန်နေသေးတာလားပေါ့ ။

ဘ၀မှာ … ကိုယ့်ကို ထွက်မသွားပါနဲ့ဆိုတိုင်း ချစ်လို့မဟုတ်မှန်း သိလာပါပြီ ။ ကိုယ့်ကို ကြည့်ရင်း သူ့အတ္တတွေအတွက် ကျွန်မလက်ကို ဆွဲရုံပါ ။ ကိုယ့်ကို ချစ်တယ်ဆိုတဲ့ အရိပ်အယောင်တွေဟာ တစ်စက်မှ မပါခဲ့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္လက္ကို မလႊတ္႐ုံနဲ႔ … ကိုယ့္ကိုဆုံးရႈံးရမွာ ေၾကာက္ေနတယ္လို႔ မထင္ပါနဲ႔ သူတို႔အတၱေတြအတြက္ ကိုယ့္ကို ရွိေစခ်င္႐ုံပါ ။ အဲ့ထက္ ဘာမွ မပိုခဲ့ပါဘူး ။

ကြၽန္မ … အရာရာေပးခဲ့ၿပီးသားပါ … ဒါေပမယ့္ ဘာမွထူးမလာခဲ့ဘူး ။ ကြၽန္မ အရာရာ နားလည္ေပးခဲ့တာပါ ဒါေပမယ့္ ကြၽန္မကို ျမင္ေအာင္မၾကည့္ႏိုင္တဲ့အထိ အတၱေတြ ဖုံးေနခဲ့တယ္ ။

ကြၽန္မကို ခ်စ္ေနရတာထက္ ကြၽန္မကို အႏိုင္ယူေနရတာကို ပိုၿပီးေပ်ာ္ပုံရတယ္ ။ ကြၽန္မမ်က္ရည္ေတြဟာ သူ႔အတြက္ေတာ့ ေအာင္ႏိုင္ရာေပါ့ ။

ကြၽန္မ ပင္ပန္းေနပါၿပီလို႔ေျပာၿပီး … လွည့္ထြက္ဖို႔ႀကံခဲ့တုန္းက ကြၽန္မလက္ကို မလႊတ္တမ္းဆြဲထားတယ္ ဒါေပမယ့္ အဲ့ဒီလက္မွာ အခ်စ္ေတြမပါဘူး ကြၽန္မကို ဆုံးရႈံးရမွာ ေၾကာက္တဲ့ စိတ္ေတြ မပါဘူး သူမပိုင္ေတာ့မွာကိုပဲ စိတ္ပူေနတဲ့ အရာေတြကိုပဲေတြ႕တယ္ ။

ကြၽန္မ တကယ္ကို ပင္ပန္းေနတာပါဆိုတာထက္ … ကြၽန္မတကယ္ကို ခံႏိုင္ရည္မရွိေတာ့တာပါ ။ ကြၽန္မကို တန္ဖိုးမထားႏိုင္တဲ့အခါ လြတ္လပ္ခြင့္ေပးလိုက္ဟာ ဒီအခ်ိန္မွာ ကြၽန္မလိုခ်င္ေနတဲ့ ဆုတစ္ခုပါ ။ အနားမွာထားၿပီး ကြၽန္မ မေပ်ာ္တာကို ၾကည့္ေနရတာမ်ား မ၀ေသးလို႔လား ။ ဒါမွမဟုတ္ ၀ဋ္ေႂကြးေတြမ်ားက်န္ေနေသးတာလားေပါ့ ။

ဘ၀မွာ … ကိုယ့္ကို ထြက္မသြားပါနဲ႔ဆိုတိုင္း ခ်စ္လို႔မဟုတ္မွန္း သိလာပါၿပီ ။ ကိုယ့္ကို ၾကည့္ရင္း သူ႔အတၱေတြအတြက္ ကြၽန္မလက္ကို ဆြဲ႐ုံပါ ။ ကိုယ့္ကို ခ်စ္တယ္ဆိုတဲ့ အရိပ္အေယာင္ေတြဟာ တစ္စက္မွ မပါခဲ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း