တစ်စုံတစ်ယောက် ပျော်ဖို့ဆိုပြီး ကိုယ်မပျော်ရတဲ့ ရက်တွေ

တစ်စုံတစ်ယောက်အတွက် တဲ့ …နာမည်ဖော်လို့မရတဲ့ သူကို ပြောချင်တဲ့စကားတွေရှိလာတဲ့အခါ ကျွန်မ တစ်စုံတစ်ယောက်ဆိုတာကို သုံးတယ် ။ ထားပါတော့ …

တစ်စုံတစ်ယောက် ပျော်ဖို့ဆိုပြီး ကိုယ်မပျော်ရတဲ့ ရက်တွေမှာ အတတ်နိုင်ဆုံးပြုံးနေရတာတွေဟာ တကယ်တော့ ပိုမောတယ် ။ ပြောပြလိုက်ချင်ပေမယ့် ငါပြောပြလိုက်ရင်ဆိုတဲ့အတွေးနောက်မှာ ငိုင်သွားမှာကို ကြောက်တယ် အဲ့ဒီစိတ်ကြောင့်ပဲ ကျွန်မ တိတ်တိတ်လေး ငိုခဲ့တာပါ ။

တစ်စုံတစ်ယောက် အဆင်ပြေဖို့ဆိုပြီး ကိုယ်အဆင်​မပြေခဲ့တာတွေ ဘယ်သူမှ မသိဘူး ။ တစ်စုံတစ်ယောက်အတွက် အရာရာဖြစ်ချင်နေတဲ့စိတ်တစ်ခုပဲ ရှိခဲ့ပြီး ကိုယ့်မှာအရာရာကို ဆုံးရှုံးနေရတယ်ဆိုတာ ကိုယ်ကိုယ်တိုင်လဲ မသိခဲ့ဘူး ။

တစ်စုံတစ်ယောက်အတွက် အရေးပါဖို့ကြိုးစားရင်း ကိုယ့်ပတွက် တကယ်အရေးကြီးတဲ့အရာတွေကို လျစ်လျူရှုခဲ့မိတယ် ။

ပြန်ပြီးတန်ဖိုးထားခဲ့မယ်ဆိုရင် တန်ပါတယ် ။ ဒါပေမယ့် ကျွန်မ ကံမကောင်းခဲ့ဘူး ကိုယ့်ဟာ သူ့အတွက် ဘယ်နေရာမှာမှ ရှိမနေခဲ့ဘူး ။

အဲ့ဒီအရာကို လက်သင့်ခံလိုက်ရတဲ့အချိန်မှာ ကျွန်မမှာ အရာရာကို ရှုံးနေပြီးသားဖြစ်နေပြီးပြီ ။ တစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ် မျှော်လင့်ခဲ့တဲ့ကိုယ့်မှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ … ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖို့ အချိန်အကြာကြီး ယူခဲ့ရတယ် ။

ဒါပါပဲ … တချို့ဇာတ်လမ်းတွေက … ခဏတာဖတ်ဖို့ ကျွန်မတို့မှာ အချိန်တွေအကြာကြီး ပေးဆပ်ရတယ် ။ ဒါကြောင့် ဆင်ခြင်ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္စုံတစ္ေယာက္အတြက္ တဲ့ …နာမည္ေဖာ္လို႔မရတဲ့ သူကို ေျပာခ်င္တဲ့စကားေတြရွိလာတဲ့အခါ ကြၽန္မ တစ္စုံတစ္ေယာက္ဆိုတာကို သုံးတယ္ ။ ထားပါေတာ့ …

တစ္စုံတစ္ေယာက္ ေပ်ာ္ဖို႔ဆိုၿပီး ကိုယ္မေပ်ာ္ရတဲ့ ရက္ေတြမွာ အတတ္ႏိုင္ဆုံးၿပဳံးေနရတာေတြဟာ တကယ္ေတာ့ ပိုေမာတယ္ ။ ေျပာျပလိုက္ခ်င္ေပမယ့္ ငါေျပာျပလိုက္ရင္ဆိုတဲ့အေတြးေနာက္မွာ ငိုင္သြားမွာကို ေၾကာက္တယ္ အဲ့ဒီစိတ္ေၾကာင့္ပဲ ကြၽန္မ တိတ္တိတ္ေလး ငိုခဲ့တာပါ ။

တစ္စုံတစ္ေယာက္ အဆင္ေျပဖို႔ဆိုၿပီး ကိုယ္အဆင္​မေျပခဲ့တာေတြ ဘယ္သူမွ မသိဘူး ။ တစ္စုံတစ္ေယာက္အတြက္ အရာရာျဖစ္ခ်င္ေနတဲ့စိတ္တစ္ခုပဲ ရွိခဲ့ၿပီး ကိုယ့္မွာအရာရာကို ဆုံးရႈံးေနရတယ္ဆိုတာ ကိုယ္ကိုယ္တိုင္လဲ မသိခဲ့ဘူး ။

တစ္စုံတစ္ေယာက္အတြက္ အေရးပါဖို႔ႀကိဳးစားရင္း ကိုယ့္ပတြက္ တကယ္အေရးႀကီးတဲ့အရာေတြကို လ်စ္လ်ဴရႈခဲ့မိတယ္ ။

ျပန္ၿပီးတန္ဖိုးထားခဲ့မယ္ဆိုရင္ တန္ပါတယ္ ။ ဒါေပမယ့္ ကြၽန္မ ကံမေကာင္းခဲ့ဘူး ကိုယ့္ဟာ သူ႔အတြက္ ဘယ္ေနရာမွာမွ ရွိမေနခဲ့ဘူး ။

အဲ့ဒီအရာကို လက္သင့္ခံလိုက္ရတဲ့အခ်ိန္မွာ ကြၽန္မမွာ အရာရာကို ရႈံးေနၿပီးသားျဖစ္ေနၿပီးၿပီ ။ တစ္ခုတည္းကိုပဲ တစ္စိုက္မတ္မတ္ ေမွ်ာ္လင့္ခဲ့တဲ့ကိုယ့္မွာ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာတဲ့အခါ … ကိုယ့္ကိုယ္ကိုယ္ ျပန္ရွာဖို႔ အခ်ိန္အၾကာႀကီး ယူခဲ့ရတယ္ ။

ဒါပါပဲ … တခ်ိဳ႕ဇာတ္လမ္းေတြက … ခဏတာဖတ္ဖို႔ ကြၽန္မတို႔မွာ အခ်ိန္ေတြအၾကာႀကီး ေပးဆပ္ရတယ္ ။ ဒါေၾကာင့္ ဆင္ျခင္ပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း