အဆင်ပြေပါတယ်လို့ပဲ ညာပါ

ရေနစ်သူကို လက်ကူပေးတဲ့ခေတ်က ကုန်သွားပြီ ရေနစ်တဲ့သူကို ဝါးကူထိုးဖို့ စောင့်နေကြတာချည်းပါပဲ အမှားတွေ ရှိလာတဲ့အခါ အမှန်ပြင်ပေးဖို့ ဘယ်သူမှ စိတ်ကူးမရှိတော့ဘူး အဲ့ဒီအမှားအပေါ်မှာပဲ ထပ်ထပ်ပြီး အပြစ်တွေ ရှာလိမ့်မယ်

မြေနှိမ့်ရာ လှံစိုက်တာထက် ပိုဆိုးတဲ့ အဖြစ်တွေပေါ့ နိမ့်ကျနေတဲ့အခါ ဆက်ပြီး ချနင်းသွားမှာပဲ ဘယ်သူကမှ လက်ကမ်းပြီး ဆွဲတင်မနေတော့ဘူး သည်းခံရင် အနိုင်ပဲ ယူချင်ကြတာ ဘယ်သူမှ ကိုယ့်ဘက်သူ့ဘက်ဆိုပြီး စာနာနားလည်ကြတာမဟုတ်ဘူး

အသူခံ လည်သူစားတဲ့ ခေတ်လေ ကိုယ်က ရိုးသားချင်သလောက် ကိုယ့်အပေါ် အသုံးချမယ့်လူတွေပဲ များတယ် ကိုယ့်ထက် နဲနဲလေးသာသွားရင် မနာလို တိုက်ခိုက်မယ် အမြင့်လေးရောက်သွားတဲ့အခါ ဂဲနဲ့ပေါက်တယ် အောက်ဖဲလှန်တယ်

လူတိုင်း အမှားနဲ့ မကင်းကြပါဘူး အဲ့ဒီအမှားနဲ့ မကင်းတဲ့လူတွေကပဲ ကိုယ်မှားတဲ့ တစ်ဆိတ်ကို တစ်အိတ်တွေလုပ်ပြီး ပြောနေကြတာလေ ။

ဒါကြောင့် လျှို့ဝှက်ချက်တွေရှိလာတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ သိပါစေ အားနည်းချက်တွေ ရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ ပြင်ပါ ဘယ်သူ့ကိုမှ စာနာလိမ့်မယ်အထင်နဲ့ လျှောက်လျှောက်မပြနဲ့ လောကမှာ ဆရာဝန်ထက် ဒဏ်ရာကို ဆားဖြူးမယ့်လူတွေချည်းပဲ

ပြီးတော့ အဆင်ပြေပါတယ်လို့ပဲ ညာပါ ကိုယ်အဆင်မပြေလို့ပဲ ပျော်မယ့်လူတွေချည်းပဲ ဘယ်သူမှ ကိုယ့်ကို စာနာ နားလည်ကြမှာမဟုတ်ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေရနစ္သူကို လက္ကူေပးတဲ့ေခတ္က ကုန္သြားၿပီ ေရနစ္တဲ့သူကို ဝါးကူထိုးဖို႔ ေစာင့္ေနၾကတာခ်ည္းပါပဲ အမွားေတြ ရွိလာတဲ့အခါ အမွန္ျပင္ေပးဖို႔ ဘယ္သူမွ စိတ္ကူးမရွိေတာ့ဘူး အဲ့ဒီအမွားအေပၚမွာပဲ ထပ္ထပ္ၿပီး အျပစ္ေတြ ရွာလိမ့္မယ္

ေျမႏွိမ့္ရာ လွံစိုက္တာထက္ ပိုဆိုးတဲ့ အျဖစ္ေတြေပါ့ နိမ့္က်ေနတဲ့အခါ ဆက္ၿပီး ခ်နင္းသြားမွာပဲ ဘယ္သူကမွ လက္ကမ္းၿပီး ဆြဲတင္မေနေတာ့ဘူး သည္းခံရင္ အႏိုင္ပဲ ယူခ်င္ၾကတာ ဘယ္သူမွ ကိုယ့္ဘက္သူ႔ဘက္ဆိုၿပီး စာနာနားလည္ၾကတာမဟုတ္ဘူး

အသူခံ လည္သူစားတဲ့ ေခတ္ေလ ကိုယ္က ႐ိုးသားခ်င္သေလာက္ ကိုယ့္အေပၚ အသုံးခ်မယ့္လူေတြပဲ မ်ားတယ္ ကိုယ့္ထက္ နဲနဲေလးသာသြားရင္ မနာလို တိုက္ခိုက္မယ္ အျမင့္ေလးေရာက္သြားတဲ့အခါ ဂဲနဲ႔ေပါက္တယ္ ေအာက္ဖဲလွန္တယ္

လူတိုင္း အမွားနဲ႔ မကင္းၾကပါဘူး အဲ့ဒီအမွားနဲ႔ မကင္းတဲ့လူေတြကပဲ ကိုယ္မွားတဲ့ တစ္ဆိတ္ကို တစ္အိတ္ေတြလုပ္ၿပီး ေျပာေနၾကတာေလ ။

ဒါေၾကာင့္ လွ်ိဳ႕ဝွက္ခ်က္ေတြရွိလာတဲ့အခါ ကိုယ္တစ္ေယာက္တည္းပဲ သိပါေစ အားနည္းခ်က္ေတြ ရွိလာတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ပဲ ျပင္ပါ ဘယ္သူ႔ကိုမွ စာနာလိမ့္မယ္အထင္နဲ႔ ေလွ်ာက္ေလွ်ာက္မျပနဲ႔ ေလာကမွာ ဆရာ၀န္ထက္ ဒဏ္ရာကို ဆားျဖဴးမယ့္လူေတြခ်ည္းပဲ

ၿပီးေတာ့ အဆင္ေျပပါတယ္လို႔ပဲ ​ညာပါ ကိုယ္အဆင္မေျပလို႔ပဲ ေပ်ာ္မယ့္လူေတြခ်ည္းပဲ ဘယ္သူမွ ကိုယ့္ကို စာနာ နားလည္ၾကမွာမဟုတ္ဘူး ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း