သိပ်ချစ်ပေမယ့်….

သိပ်ချစ်ပေမယ့်….

ကျွန်မကို ချစ်တယ် တဲ့ ကျွန်မစိတ်ထဲတော့ ပျော်တာပေါ့ ဒါပေမယ့် နှုတ်ကတော့ ငြင်းပဲငြင်းဖြစ်ခဲ့တယ် ။ တကယ်တမ်းကျတော့ ကျွန်မမချစ်ခဲ့တာမဟုတ်ပဲ မချစ်ရဲခဲ့တာပါ ။

ဒါတွေကျ သူဘယ်မြင်ပါ့မလဲ … ချစ်တယ်ပြောတဲ့အခါတိုင်း ကျွန်မ ငြင်းမြဲငြင်းတယ် ။ သိပ်ချစ်ပေမယ့်ပေါ့ … မချစ်ရဲသေးတာပါ ။

သူက ကျွန်မထက်လဲ ငယ်တယ်လေ စိတ်ကစားတာလဲဖြစ်ချင်ဖြစ်နေနိုင်သလို ကျွန်မကို ခံစားစေနိုင်တဲ့ကောင်လေးလဲ ဖြစ်ကောင်းဖြစ်လာနိုင်တယ် ။ဒီကြောက်စိတ်ကြီးရှိနေသမျှ ကာလပတ်လုံးတော့ ကျွန်မ သိပ်ချစ်ပေမယ့် ဘယ်တော့မှ ခေါင်းငြိမ့်ဖြစ်လိမ့်မယ် မထင်ဘူး ။

သူနဲ့ စကားတွေ ပြောဖြစ်တဲ့အချိန်မှာ ပျော်တယ် ။ သူ့အကြောင်းရင်ဖွင့်တဲ့အခါ ကိုယ်ရှိနေရတာကို ကျေနပ်တယ် ။ လမ်းတွေ့လို့ ပြုံးပြနှုတ်ဆက်ပြီး နေနေရတဲ့ ဆက်ဆံရေးတွေကိုပဲ သဘောကျတယ် ။

ကျွန်မ အခါခါငြင်းခဲ့လို့ထင်ပါတယ် လက်လျှော့ပြီး သူနောက်ထပ်တစ်ယောက်ကို သိပ်ချစ်တဲ့အကြောင်းတွေပြောပြီး … Relationshipလေးတည်ဆောက်တယ် ။ အဆင်ပြေပါတယ်ဆိုပေမယ့် ကျွန်မ လွမ်းနေရတာတွေဟာ တကယ်တမ်းကျတော့ အဆင်ပြေမနေခဲ့ဘူး ။

သိပ်မကြာခင်မှာ သူ့ရဲ့ Relationship တစ်ခုဟာလဲ ကြာကြာမခံခဲ့ပါဘူး ။ ကျွန်မ နဲ့စကားတွေပြောလိုက် ရန်တွေဖြစ်လိုက်ပေါ့ ။ ဒီအခြေအနေတစ်ခုမှာပဲ ရပ်နေမိတဲ့ကျွန်မဟာ သိပ်ချစ်ရဲ့နဲ့လို့ ပြောရင် ဘယ်သူမှ ယုံကြမယ် မထင်ဘူး ။ တကယ်ပါ ကျွန်မ ကျိန်စာတွေ မိနေခဲ့တယ် ထင်တယ် ။

နောက်ထပ်လူတွေအများကြီးကျွန်ကို ချစ်ရေးဆိုလဲ့ခဲ့ကြတာတောင် ကျွန်မ လက်မခံဖြစ်ခဲ့ဘူး ။ ရင်ထဲမှာ သူပဲရှိတယ်လေ ။ သူ့ကိုကျပြန်တော့လဲ လက်သင့်မခံနိုင်သေးဘူး ။ နာကျင်ရမှာကြောက်တယ် ။

တစ်ခါက မေးတယ် … ကျွန်တော်မရှိရင်ကော ဖြစ်မလားတဲ့ .. ခပ်တည်တည်ပဲ သိပ်ဖြစ်တာပေါ့ ဆိုပြီးဖြေတယ် ။ပြီးတော့ ကိုယ်ပဲ ငိုရတာပါ ။ တစ်နေ့ကျရင်တော့ … သံသယကင်းကင်း ကြောက်ရွံ့ခြင်းကင်းကင်းနဲ့ သူနဲ့ ဆုံချင်ပါသေးတယ် ။ အခုလောလောဆယ်တော့ … ရည်းစားမရပါစေနဲ့လို့ခဏခဏဆုတောင်းဖြစ်တယ် ဒါက လူသားဆန်တဲ့ မျှော်လင့်ခြင်းပါပဲ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သိပ္ခ်စ္ေပမယ့္….

ကြၽန္မကို ခ်စ္တယ္ တဲ့ ကြၽန္မစိတ္ထဲေတာ့ ေပ်ာ္တာေပါ့ ဒါေပမယ့္ ႏႈတ္ကေတာ့ ျငင္းပဲျငင္းျဖစ္ခဲ့တယ္ ။ တကယ္တမ္းက်ေတာ့ ကြၽန္မမခ်စ္ခဲ့တာမဟုတ္ပဲ မခ်စ္ရဲခဲ့တာပါ ။

ဒါေတြက် သူဘယ္ျမင္ပါ့မလဲ … ခ်စ္တယ္ေျပာတဲ့အခါတိုင္း ကြၽန္မ ျငင္းၿမဲျငင္းတယ္ ။ သိပ္ခ်စ္ေပမယ့္ေပါ့ … မခ်စ္ရဲေသးတာပါ ။

သူက ကြၽန္မထက္လဲ ငယ္တယ္ေလ စိတ္ကစားတာလဲျဖစ္ခ်င္ျဖစ္ေနႏိုင္သလို ကြၽန္မကို ခံစားေစႏိုင္တဲ့ေကာင္ေလးလဲ ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္ ။ဒီေၾကာက္စိတ္ႀကီးရွိေနသမွ် ကာလပတ္လုံးေတာ့ ကြၽန္မ သိပ္ခ်စ္ေပမယ့္ ဘယ္ေတာ့မွ ေခါင္းၿငိမ့္ျဖစ္လိမ့္မယ္ မထင္ဘူး ။

သူနဲ႔ စကားေတြ ေျပာျဖစ္တဲ့အခ်ိန္မွာ ေပ်ာ္တယ္ ။ သူ႔အေၾကာင္းရင္ဖြင့္တဲ့အခါ ကိုယ္ရွိေနရတာကို ေက်နပ္တယ္ ။ လမ္းေတြ႕လို႔ ၿပဳံးျပႏႈတ္ဆက္ၿပီး ေနေနရတဲ့ ဆက္ဆံေရးေတြကိုပဲ သေဘာက်တယ္ ။

ကြၽန္မ အခါခါျငင္းခဲ့လို႔ထင္ပါတယ္ လက္ေလွ်ာ့ၿပီး သူေနာက္ထပ္တစ္ေယာက္ကို သိပ္ခ်စ္တဲ့အေၾကာင္းေတြေျပာၿပီး … Relationshipေလးတည္ေဆာက္တယ္ ။ အဆင္ေျပပါတယ္ဆိုေပမယ့္ ကြၽန္မ လြမ္းေနရတာေတြဟာ တကယ္တမ္းက်ေတာ့ အဆင္ေျပမေနခဲ့ဘူး ။

သိပ္မၾကာခင္မွာ သူ႔ရဲ႕ Relationship တစ္ခုဟာလဲ ၾကာၾကာမခံခဲ့ပါဘူး ။ ကြၽန္မ နဲ႔စကားေတြေျပာလိုက္ ရန္ေတြျဖစ္လိုက္ေပါ့ ။ ဒီအေျခအေနတစ္ခုမွာပဲ ရပ္ေနမိတဲ့ကြၽန္မဟာ သိပ္ခ်စ္ရဲ႕နဲ႔လို႔ ေျပာရင္ ဘယ္သူမွ ယုံၾကမယ္ မထင္ဘူး ။ တကယ္ပါ ကြၽန္မ က်ိန္စာေတြ မိေနခဲ့တယ္ ထင္တယ္ ။

ေနာက္ထပ္လူေတြအမ်ားႀကီးကြၽန္ကို ခ်စ္ေရးဆိုလဲ့ခဲ့ၾကတာေတာင္ ကြၽန္မ လက္မခံျဖစ္ခဲ့ဘူး ။ ရင္ထဲမွာ သူပဲရွိတယ္ေလ ။ သူ႔ကိုက်ျပန္ေတာ့လဲ လက္သင့္မခံႏိုင္ေသးဘူး ။ နာက်င္ရမွာေၾကာက္တယ္ ။

တစ္ခါက ေမးတယ္ … ကြၽန္ေတာ္မရွိရင္ေကာ ျဖစ္မလားတဲ့ .. ခပ္တည္တည္ပဲ သိပ္ျဖစ္တာေပါ့ ဆိုၿပီးေျဖတယ္ ။ၿပီးေတာ့ ကိုယ္ပဲ ငိုရတာပါ ။ တစ္ေန႔က်ရင္ေတာ့ … သံသယကင္းကင္း ေၾကာက္႐ြံ႕ျခင္းကင္းကင္းနဲ႔ သူနဲ႔ ဆုံခ်င္ပါေသးတယ္ ။ အခုေလာေလာဆယ္ေတာ့ … ရည္းစားမရပါေစနဲ႔လို႔ခဏခဏဆုေတာင္းျဖစ္တယ္ ဒါက လူသားဆန္တဲ့ ေမွ်ာ္လင့္ျခင္းပါပဲ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း