အလုပ် နဲ့ ခံစားချက်တွေကို ရောထွေးမပစ်လိုက်နဲ့

အလုပ် နဲ့ ခံစားချက်တွေကို ရောထွေးမပစ်လိုက်နဲ့

တစ်ခါက ကျွန်မ အသည်းတွေ ပိုးဆိုးပက်စက် ကွဲခဲ့ဖူးတယ် အနာဂတ်တွေအထိ အိပ်မက်တွေ အတူမက်ခဲ့ပြီးမှ လေထဲတိုက်အိမ်ဆောက်ခဲ့တဲ့ အဖြစ်အပျက်မျိုးလို

သစ္စာဖောက်မှုတွေကြားမှာ ပျောက်ခြင်းမလှ ပျောက်ပျက်သွားခဲ့တာ ကျွန်မ အနာဂတ်တွေကော အိပ်မက်တွေကော ရည်မှန်းချက်တွေကော အစစအရာရာ ပြိုကျပျက်စီးသွားတဲ့အထိ ကျွန်မ အသည်းတွေ ကွဲခဲ့ဖူးပါတယ်

ထမင်းလဲ မစားဖြစ်ခဲ့သလို တချို့ညတွေဆို ညလုံးပေါက်တဲ့အထိ မျက်ရည်တွေနဲ့ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ မျက်လုံးတွေ မို့အစ်နေတဲ့အထိ ငိုခဲ့ဖူးပါတယ်

ဒါပေမယ့်. . . ခံစားချက်တွေကို အလုပ်နဲ့ ရောထွေးပစ်လိုက်လို့ မဖြစ်ဘူးလေ ကျွန်မကိုယ်ကျွန်မ ဆက်ပြီး မရပ်တည်ချင်တော့ဘူးဆိုရင်တောင် အနောက်မှာ ကျွန်မကို မှီခိုပြီးရပ်နေတဲ့လူတွေအတွက် အိပ်မက်တွေဆက်ပြီး မက်နေရဦးမယ် မျှော်လင့်ချက်တွေ ဆက်ပြီးထားနေရဦးမယ်လေ

အငိုမျက်လုံးတွေကို အပြုံးတွေနဲ့ ဖုံးပြီး အလုပ်ထဲ စိတ်မပါတောင် စိတ်နှစ်ပြီး လုပ်ခဲ့ဖူးပါတယ် ။ ဘဝက ဘဝပါပဲ ခံစားချက်က ခံစားချက်ပါပဲ ရောထွေးမပစ်လိုက်နဲ့

သမ္မတကနေ အမှိုက်ကျုံးတဲ့လူအထိ လူတိုင်းမှာ ခံစားချက်ကိုယ်စီနဲ့ပါ အဆင်ပြေနေတာ ဟုတ်ချင်မှဟုတ်လိမ့်မယ် ဒါပေမယ့် နေရာတိုင်းမှာ နှလုံးသားကိုချည်း ဦးစားပေးလို့မဖြစ်ဘူးလေ

ဒဏ်ရာ ဒဏ်ချက်တွေ ရလာတဲ့အခါ ကိုယ်ပိုင်တဲ့ အိပ်ခန်းလေးထဲမှာ အားရပါးရငိုပါ ပေါက်ကွဲပစ်ပါ အလုပ်ထဲကို သယ်မလာနဲ့ တစ်ကန့်စီပဲ ထားတာ အကောင်းဆုံးပဲ

မပျော်ပဲ ပြုံးတတ်ဖို့ ရင့်ကျက်ဖို့လိုတယ်ဆိုတာထက် အဓိကနဲ့သာမည ခွဲခြားတတ်ဖို့ ပိုပြီးလိုပါတယ် ခံစားချက်ကို ဦးစားပေးလွန်းတဲ့လူတွေက ဘဝမှာ ပိုပြီးခက်ခဲတတ်ကြတယ်

ဘ၀ . . . ဆက်လျှောက်ရမယ့်လမ်းတွေမှ အများကြီးပဲ ခလုတ်လေးတိုက်ရုံနဲ့ ရပ်တန့်လိုက်လို့မှ မဖြစ်တာ ကိုယ်ရပ်လိုက်တဲ့အခါ ကိုယ့်ရှင်သန်ခဲ့ခြင်းက အသက်မဲ့သွားမှာပေါ့

ဘယ်သူ့အတွက်မှ အသုံးမဝင် လောကမှာ လူဖြစ်လာရတာ ရှုံးတယ် လူပိုသက်သက်ပဲ ကိုယ်လိုချင်တဲ့အရာတွေ ဖြစ်မလာရုံနဲ့ လက်လျှော့ပစ်လိုက်တာတွေလဲ မှားတယ်

ကလေးရေ . . . ဖြစ်နိုင်ရင် ခံစားချက်သက်သက် အလုပ်သက်သက် တစ်ကန့်စီထားပါ ။ နာကျင်နေရမှုတွေကို အလုပ်ထဲမှာ သယ်မလာနဲ့ ဘဝအတွက် ဆက်ပြီး လျှောက်ရမယ်မှန်းသိရင် ဆက်ပြီးပဲ လျှောက်ပါ

ကိုယ့်ကိုယ်ကိုယ် မလိုချင်တော့တဲ့အခါ ကိုယ့်ကို လိုအပ်နေတဲ့ လူတချို့ရဲ့ မျက်နှာတွေကို တစ်ချက်လောက်ဖြစ်ဖြစ် ငဲ့ကြည့်ပါ ။

ခံစားချက်ကို ရင်ဘတ်ကြီးနဲ့ အပြည့်အသိပ် ခံစားတတ်သလို အလုပ်ကို အလုပ်နဲ့တူအောင်လဲ လုပ်တတ်စေချင်တယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

အလုပ္ နဲ႔ ခံစားခ်က္ေတြကို ေရာေထြးမပစ္လိုက္နဲ႔

တစ္ခါက ကြၽန္မ အသည္းေတြ ပိုးဆိုးပက္စက္ ကြဲခဲ့ဖူးတယ္ အနာဂတ္ေတြအထိ အိပ္မက္ေတြ အတူမက္ခဲ့ၿပီးမွ ေလထဲတိုက္အိမ္ေဆာက္ခဲ့တဲ့ အျဖစ္အပ်က္မ်ိဳးလို

သစၥာေဖာက္မႈေတြၾကားမွာ ေပ်ာက္ျခင္းမလွ ေပ်ာက္ပ်က္သြားခဲ့တာ ကြၽန္မ အနာဂတ္ေတြေကာ အိပ္မက္ေတြေကာ ရည္မွန္းခ်က္ေတြေကာ အစစအရာရာ ၿပိဳက်ပ်က္စီးသြားတဲ့အထိ ကြၽန္မ အသည္းေတြ ကြဲခဲ့ဖူးပါတယ္

ထမင္းလဲ မစားျဖစ္ခဲ့သလို တခ်ိဳ႕ညေတြဆို ညလုံးေပါက္တဲ့အထိ မ်က္ရည္ေတြနဲ႔ ဘာေၾကာင့္လဲ ဆိုတဲ့ ေမးခြန္းေတြနဲ႔ မ်က္လုံးေတြ မို႔အစ္ေနတဲ့အထိ ငိုခဲ့ဖူးပါတယ္

ဒါေပမယ့္. . . ခံစားခ်က္ေတြကို အလုပ္နဲ႔ ေရာေထြးပစ္လိုက္လို႔ မျဖစ္ဘူးေလ ကြၽန္မကိုယ္ကြၽန္မ ဆက္ၿပီး မရပ္တည္ခ်င္ေတာ့ဘူးဆိုရင္ေတာင္ အေနာက္မွာ ကြၽန္မကို မွီခိုၿပီးရပ္ေနတဲ့လူေတြအတြက္ အိပ္မက္ေတြဆက္ၿပီး မက္ေနရဦးမယ္ ေမွ်ာ္လင့္ခ်က္ေတြ ဆက္ၿပီးထားေနရဦးမယ္ေလ

အငိုမ်က္လုံးေတြကို အၿပဳံးေတြနဲ႔ ဖုံးၿပီး အလုပ္ထဲ စိတ္မပါေတာင္ စိတ္ႏွစ္ၿပီး လုပ္ခဲ့ဖူးပါတယ္ ။ ဘ၀က ဘ၀ပါပဲ ခံစားခ်က္က ခံစားခ်က္ပါပဲ ေရာေထြးမပစ္လိုက္နဲ႔

သမၼတကေန အမႈိက္က်ဳံးတဲ့လူအထိ လူတိုင္းမွာ ခံစားခ်က္ကိုယ္စီနဲ႔ပါ အဆင္ေျပေနတာ ဟုတ္ခ်င္မွဟုတ္လိမ့္မယ္ ဒါေပမယ့္ ေနရာတိုင္းမွာ ႏွလုံးသားကိုခ်ည္း ဦးစားေပးလို႔မျဖစ္ဘူးေလ

ဒဏ္ရာ ဒဏ္ခ်က္ေတြ ရလာတဲ့အခါ ကိုယ္ပိုင္တဲ့ အိပ္ခန္းေလးထဲမွာ အားရပါးရငိုပါ ေပါက္ကြဲပစ္ပါ အလုပ္ထဲကို သယ္မလာနဲ႔ တစ္ကန္႔စီပဲ ထားတာ အေကာင္းဆုံးပဲ

မေပ်ာ္ပဲ ၿပဳံးတတ္ဖို႔ ရင့္က်က္ဖို႔လိုတယ္ဆိုတာထက္ အဓိကနဲ႔သာမည ခြဲျခားတတ္ဖို႔ ပိုၿပီးလိုပါတယ္ ခံစားခ်က္ကို ဦးစားေပးလြန္းတဲ့လူေတြက ဘ၀မွာ ပိုၿပီးခက္ခဲတတ္ၾကတယ္

ဘ၀ . . . ဆက္ေလွ်ာက္ရမယ့္လမ္းေတြမွ အမ်ားႀကီးပဲ ခလုတ္ေလးတ္ိုက္႐ုံနဲ႔ ရပ္တန္႔လိုက္လို႔မွ မျဖစ္တာ ကိုယ္ရပ္လိုက္တဲ့အခါ ကိုယ့္ရွင္သန္ခဲ့ျခင္းက အသက္မဲ့သြားမွာေပါ့

ဘယ္သူ႔အတြက္မွ အသုံးမ၀င္ ေလာကမွာ လူျဖစ္လာရတာ ရႈံးတယ္ လူပိုသက္သက္ပဲ ကိုယ္လိုခ်င္တဲ့အရာေတြ ျဖစ္မလာ႐ုံနဲ႔ လက္ေလွ်ာ့ပစ္လိုက္တာေတြလဲ မွားတယ္

ကေလးေရ . . . ျဖစ္ႏိုင္ရင္ ခံစားခ်က္သက္သက္ အလုပ္သက္သက္ တစ္ကန္႔စီထားပါ ။ နာက်င္ေနရမႈေတြကို အလုပ္ထဲမွာ သယ္မလာနဲ႔ ဘ၀အတြက္ ဆက္ၿပီး ေလွ်ာက္ရမယ္မွန္းသိရင္ ဆက္ၿပီးပဲ ေလွ်ာက္ပါ

ကိုယ့္ကိုယ္ကိုယ္ မလိုခ်င္ေတာ့တဲ့အခါ ကိုယ့္ကို လိုအပ္ေနတဲ့ လူတခ်ိဳ႕ရဲ႕ မ်က္ႏွာေတြကို တစ္ခ်က္ေလာက္ျဖစ္ျဖစ္ ငဲ့ၾကည့္ပါ ။

ခံစားခ်က္ကို ရင္ဘတ္ႀကီးနဲ႔ အျပည့္အသိပ္ ခံစားတတ္သလို အလုပ္ကို အလုပ္နဲ႔တူေအာင္လဲ လုပ္တတ္ေစခ်င္တယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း