ကိုယ်တစ်ယောက်တည်းလဲ ဖြစ်တယ်

ကိုယ့်မှကိုယ် ဖြစ်နေတဲ့လူကို ဆက်ပြီး မရှာတော့ဘူး ။ ကိုယ်တစ်ယောက်တည်းလဲ ဖြစ်တယ်ဆိုတဲ့အတွေးနဲ့ပဲ ဘဝကို ဆက်ပြီး လျှောက်တော့မယ် ။တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် ကျွန်မ . . . မှီခိုတတ်တဲ့စိတ်ကို အသေသတ်လိုက်ပါပြီ ကိုယ့်ကို ပျော်အောင်ထားနိုင်မယ့်လူတွေမရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ပဲ နေတတ်အောင်နေတယ်

တွယ်တာတတ်တာ မကောင်းဘူးလေ ဒဏ်ရာများစေတယ် ကိုယ်က တွယ်တာလေလေ ပိုပြီး တန်ဖိုးမထားလေလေပဲ ဒီလိုလူတွေပဲ များပါတယ် သူတွယ်တာလွန်းပါလား ငါ နဲနဲလေး ဆင်ခြင်မှဆိုတဲ့အတွေးတွေထက် ငါ ဘာလုပ်လုပ် သူခွင့်လွှတ်လိမ့်မယ်ဆိုတဲ့ အတွေးတွေပဲ ရှိတတ်ကြတာ များတယ် ဆက်ပြီး မတွယ်တာချင်တော့ဘူး

မျှော်လင့်တတ်တဲ့ စိတ်ကိုလဲ ထိန်းချုပ်ထားပါတယ် မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ကိုယ်မျှော်လင့်သလောက် ကိုယ့်ပဲ နာကျင်ခံစားရတာ ကတိတစ်ခုခုပဲဖြစ်ဖြစ် အနာဂတ်ကိုပဲဖြစ်ဖြစ် ကြိုတွေးပြီး စိတ်ကူးတွေ ယဉ်နေမိတဲ့အခါ ဖြစ်မလာတတ်တာတွေပဲ ကြုံရတာများလာတော့ ဆက်ပြီး မျှော်လင့်ထားရမှာကို ကြောက်တတ်လာတာပါ

အရမ်းကြီး မချစ်ပြတော့ဘူး သူမှ သူဖြစ်နေတဲ့ စိတ် သူမရှိရင် မဖြစ်ဘူးဆိုတဲ့ ဝန်ခံချက်တွေက နားမလည်တဲ့အတွက် ပြန်ပြီးအလေးထားခံရမယ်လို့ မထင်ပါနဲ့ နားလည်တဲ့လူက နားမလည်တာပါပဲ တန်ဖိုးဆိုတာ တစ်ခါတစ်ရံ ပိုင်ဆိုင်တဲ့လူရဲ့ လက်ထဲမှာပဲ ရှိနေတတ်တာလေ ။

ကိုယ့်ကို ပျော်အောင်ထားမယ့်လူကို မရှာတော့ဘူး ကိုယ်ပျော်ဖို့အတွက် ကိုယ့်မှာပဲ တာဝန်ရှိပါတယ် ကိုယ်ပျော်အောင် ကိုယ်ကိုယ်တိုင်ပဲ နေတတ်ဖို့လိုတာပါ ။ပြီးတော့ ကိုယ့်ကိုနာကျင်စေတဲ့လူတွေကို ဘဝထဲမှာ မထားတော့ဘူး ဆက်ပြီး ဆွဲမထားတော့ဘူး

ငှက်ကလေးကို လွတ်လိုက်သလိုပဲ တောင်းဆုတစ်ခုပဲ ပြုပါတယ် ရှင်လဲ လွတ်လပ်သလို ကျွန်မလဲ လွတ်လပ်ပါစေပေါ့ အရာအားလုံးကို ပေါ့ပေါ့လေးတွေးတာ မဟုတ်ပဲ ပေါ့ပါးပါးလေးပဲ တွေးတော့တဲ့အခါ လိုအပ်တဲ့အရာလား မလိုအပ်ဘူးလား မလိုအပ်ရင် ရင်ဘတ်ထဲ မထည့်တော့ဘူး ကိုယ်ပဲ ပင်ပန်းရတာလေ

တစ်ယောက်တည်း နေတတ်အောင်နေပါတယ် ကိုယ်မှ ကိုယ်ဖြစ်နေတဲ့လူကိုလဲ ဆက်ပြီး မမျှော်တော့ဘူး ကိုယ့်အနားမှာ ကိုယ်ရှိနေတယ်ဆိုတဲ့အတွေးနဲ့ ဘဝမှာ ပျော်အောင်နေပါတယ်

ဘဝမှာကိုယ့်အမှားတွေကြောင့် နောင်တတွေရပြီး နာကျင်ခဲ့ရတာထက်စာရင် တစ်ပါးသူရဲ့လုပ်ရပ်တွေကြောင့် နာကျင်ခဲ့ရတာ များတယ်လေ တစ်ယောက်တည်းနေတဲ့အခါ တစ်ခါတစ်ရံ နည်းနည်းလေး အထီးကျန်ရုံကအပ ကျန်တာ အဆင်ပြေပါတယ် ဒဏ်ရာတွေပေးမယ့်လက်တွေလဲ မရှိတော့ဘူး နာကျင်စရာပေးမယ့်လူတွေလဲ မရှိတော့ဘူး တွယ်တာတတ် မျှော်လင့်တတ်တဲ့ ကျွန်မအတွက်တော့ တစ်ယောက်တည်းက ပိုပြီး အဆင်ပြေပါတယ် ။လူအများကြီးကြားမှာ နာကျင်နေရတာထက်စာရင် တစ်ယောက်တည်းအထီးကျန်နေရတာကိုပဲ ရွေးတယ် သိပ်ပြီး သိမ်ငယ်စရာ မလိုတော့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္မွကိုယ္ ျဖစ္ေနတဲ့လူကို ဆက္ၿပီး မရွာေတာ့ဘူး ။ ကိုယ္တစ္ေယာက္တည္းလဲ ျဖစ္တယ္ဆိုတဲ့အေတြးနဲ႔ပဲ ဘဝကို ဆက္ၿပီး ေလွ်ာက္ေတာ့မယ္ ။တစ္ေယာက္တည္းလည္း အဆင္ေျပပါတယ္ ကြၽန္မ . . . မွီခိုတတ္တဲ့စိတ္ကို အေသသတ္လိုက္ပါၿပီ ကိုယ့္ကို ေပ်ာ္ေအာင္ထားႏိုင္မယ့္လူေတြမရွိတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ပဲ ေနတတ္ေအာင္ေနတယ္

တြယ္တာတတ္တာ မေကာင္းဘူးေလ ဒဏ္ရာမ်ားေစတယ္ ကိုယ္က တြယ္တာေလေလ ပိုၿပီး တန္ဖိုးမထားေလေလပဲ ဒီလိုလူေတြပဲ မ်ားပါတယ္ သူတြယ္တာလြန္းပါလား ငါ နဲနဲေလး ဆင္ျခင္မွဆိုတဲ့အေတြးေတြထက္ ငါ ဘာလုပ္လုပ္ သူခြင့္လႊတ္လိမ့္မယ္ဆိုတဲ့ အေတြးေတြပဲ ရွိတတ္ၾကတာ မ်ားတယ္ ဆက္ၿပီး မတြယ္တာခ်င္ေတာ့ဘူး

ေမွ်ာ္လင့္တတ္တဲ့ စိတ္ကိုလဲ ထိန္းခ်ဳပ္ထားပါတယ္ ေမွ်ာ္လင့္ထားသလို ျဖစ္မလာတဲ့အခါ ကိုယ္ေမွ်ာ္လင့္သေလာက္ ကိုယ့္ပဲ နာက်င္ခံစားရတာ ကတိတစ္ခုခုပဲျဖစ္ျဖစ္ အနာဂတ္ကိုပဲျဖစ္ျဖစ္ ႀကိဳေတြးၿပီး စိတ္ကူးေတြ ယဥ္ေနမိတဲ့အခါ ျဖစ္မလာတတ္တာေတြပဲ ႀကဳံရတာမ်ားလာေတာ့ ဆက္ၿပီး ေမွ်ာ္လင့္ထားရမွာကို ေၾကာက္တတ္လာတာပါ

အရမ္းႀကီး မခ်စ္ျပေတာ့ဘူး သူမွ သူျဖစ္ေနတဲ့ စိတ္ သူမရွိရင္ မျဖစ္ဘူးဆိုတဲ့ ဝန္ခံခ်က္ေတြက နားမလည္တဲ့အတြက္ ျပန္ၿပီးအေလးထားခံရမယ္လို႔ မထင္ပါနဲ႔ နားလည္တဲ့လူက နားမလည္တာပါပဲ တန္ဖိုးဆိုတာ တစ္ခါတစ္ရံ ပိုင္ဆိုင္တဲ့လူရဲ႕ လက္ထဲမွာပဲ ရွိေနတတ္တာေလ ။

ကိုယ့္ကို ေပ်ာ္ေအာင္ထားမယ့္လူကို မရွာေတာ့ဘူး ကိုယ္ေပ်ာ္ဖို႔အတြက္ ကိုယ့္မွာပဲ တာဝန္ရွိပါတယ္ ကိုယ္ေပ်ာ္ေအာင္ ကိုယ္ကိုယ္တိုင္ပဲ ေနတတ္ဖို႔လိုတာပါ ။ၿပီးေတာ့ ကိုယ့္ကိုနာက်င္ေစတဲ့လူေတြကို ဘဝထဲမွာ မထားေတာ့ဘူး ဆက္ၿပီး ဆြဲမထားေတာ့ဘူး

ငွက္ကေလးကို လြတ္လိုက္သလိုပဲ ေတာင္းဆုတစ္ခုပဲ ျပဳပါတယ္ ရွင္လဲ လြတ္လပ္သလို ကြၽန္မလဲ လြတ္လပ္ပါေစေပါ့ အရာအားလုံးကို ေပါ့ေပါ့ေလးေတြးတာ မဟုတ္ပဲ ေပါ့ပါးပါးေလးပဲ ေတြးေတာ့တဲ့အခါ လိုအပ္တဲ့အရာလား မလိုအပ္ဘူးလား မလိုအပ္ရင္ ရင္ဘတ္ထဲ မထည့္ေတာ့ဘူး ကိုယ္ပဲ ပင္ပန္းရတာေလ

တစ္ေယာက္တည္း ေနတတ္ေအာင္ေနပါတယ္ ကိုယ္မွ ကိုယ္ျဖစ္ေနတဲ့လူကိုလဲ ဆက္ၿပီး မေမွ်ာ္ေတာ့ဘူး ကိုယ့္အနားမွာ ကိုယ္ရွိေနတယ္ဆိုတဲ့အေတြးနဲ႔ ဘဝမွာ ေပ်ာ္ေအာင္ေနပါတယ္

ဘဝမွာကိုယ့္အမွားေတြေၾကာင့္ ေနာင္တေတြရၿပီး နာက်င္ခဲ့ရတာထက္စာရင္ တစ္ပါးသူရဲ႕လုပ္ရပ္ေတြေၾကာင့္ နာက်င္ခဲ့ရတာ မ်ားတယ္ေလ တစ္ေယာက္တည္းေနတဲ့အခါ တစ္ခါတစ္ရံ နည္းနည္းေလး အထီးက်န္႐ုံကအပ က်န္တာ အဆင္ေျပပါတယ္ ဒဏ္ရာေတြေပးမယ့္လက္ေတြလဲ မရွိေတာ့ဘူး နာက်င္စရာေပးမယ့္လူေတြလဲ မရွိေတာ့ဘူး တြယ္တာတတ္ ေမွ်ာ္လင့္တတ္တဲ့ ကြၽန္မအတြက္ေတာ့ တစ္ေယာက္တည္းက ပိုၿပီး အဆင္ေျပပါတယ္ ။လူအမ်ားႀကီးၾကားမွာ နာက်င္ေနရတာထက္စာရင္ တစ္ေယာက္တည္းအထီးက်န္ေနရတာကိုပဲ ေ႐ြးတယ္ သိပ္ၿပီး သိမ္ငယ္စရာ မလိုေတာ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း