နောက်တစ်ခါ ကတိတွေ ပေးမယ်ဆိုရင် ဖြစ်နိုင်မယ်လို့ ထင်တဲ့ ကတိတွေကိုပဲ ပေးပါ

ကတိဆိုတာကို လွယ်လွယ်လေးမပေးနဲ့ စိတ်ချမ်းသာရင်ပြီးရောဆိုပြီး ကတိတွေ လွယ်လွယ်ပေးလိုက်တဲ့အကျင့်ကို ဖျောက်ပါ . . .

ကတိ ပေးတဲ့သူကပဲ မေ့ချင်မေ့သွားတာလေ ကတိတွေကို တကယ်ကြီး ယုံမိတဲ့သူက ဖြစ်မလာတဲ့အခါ ပိုပြီး နာကျင်ရပါတယ် နောက်တစ်ခါဆို . . . တည်နိုင်မယ်လို့ထင်တဲ့ ကတိတွေကိုပဲပေးပါ ။ လုပ်ပေးနိုင်မယ်လို့ထင်တဲ့ ကတိတွေကိုပဲ ခေါင်းငြိမ့်ပေးပါ ကတိပေးလိုက်တဲ့သူက လွယ်လွယ်လေး မေ့ပစ်လိုက်ဖို့လွယ်ပေမယ့် မျှော်လင့်တကြီး စောင့်နေတဲ့လူတစ်ယောက်အတွက် ရင်ဝကို စောင့်ကန်လိုက်သလို ဖြစ်ချင် ဖြစ်နေတတ်တာလေ ။

အကျင့်တွေကို မပြင်နိုင်တဲ့အခါ ပြတ်ပြတ်သားသားငြင်းပါ ဗီဇမှန်းသိတဲ့အခါ မဖြစ်နိုင်တဲ့အကြောင်းပြောပြပါ ပြီးစလွယ် ပြီးပြီးရော ခေါင်းတွေငြိမ့်ပြီး နောက်ပိုင်း ဘာမှ ဖြစ်မလာတဲ့အခါ ငြင်းလိုက်တာထက်ပိုပြီး နာကျင်ရတဲ့အကြောင်းလေး သိစေချင်သေးတယ်

ကိုယ်ကလဲ ကိုယ်ပါ ကတိတွေ လွယ်လွယ်လေး ပေးတတ်မှန်း သိသိရဲ့နဲ့ ဒီတစ်ခါတော့ တည်ကောင်းပါရဲ့ဆိုပြီး ဆက်ပြီး မျှော်လင့်နေတတ်သေးတာ ဘာမှ ဆက်ပြီး ဖြစ်လာမှာ မဟုတ်မှန်း သိသိရဲ့နဲ့ ဖြစ်လာကောင်းပါရဲ့ဆိုတဲ့စိတ်နဲ့ ဆက်ပြီး ယုံကြည်ကြည့်ချင်သေးတာ ဒီတစ်ခါ နောက်ဆုံးပါ ခွင့်လွှတ်ပါနော် စကားတွေကို သိပ်ကြာကြာပြောစရာမလိုပဲ လွယ်လွယ်လေး ပြန်ပြီးလက်ခံတတ်တဲ့ အကျင့်ကိုက ခက်တာ လေထဲမှာပေးတဲ့ကတိတွေက လေထဲမှာပဲ ပျောက်သွားတတ်တာ သဘာဝဆိုရင် လွယ်လွယ်လေး မယုံတတ်တာလဲ ကိုယ့်ရဲ့ သဘာဝဖြစ်ချင်တယ် ။

နောက်တစ်ခါ ကတိတွေ ပေးမယ်ဆိုရင် ဖြစ်နိုင်မယ်လို့ ထင်တဲ့ ကတိတွေကိုပဲ ပေးပါ လွယ်လွယ်လေး မေ့မသွားနိုင်မယ့် ကတိတွေကိုပဲပေးပါ

လူမှာကတိ မင်းမှာ သစ္စာ တဲ့ လူတစ်ယောက်က ကတိတွေ လွယ်လွယ်လေးပေးပြီး လွယ်လွယ်လေး မေ့ပစ်လိုက်မယ်ဆိုရင် အစကတည်းက ပေးမနေပါနဲ့ မေ့ပစ်လိုက်မယ့်အတူတူ ဖြစ်မလာမယ့်အတူတူ အစကတည်းက မျှော်လင့်ချက်တွေ မပေးဖြစ်ခဲ့တာပဲ ကောင်းပါတယ် ဘယ်သူ့ဖက်မှ ထိခိုက်နာကျင်စရာမလိုတော့ဘူးလေ

ဖြစ်နိုင်ရင် ကတိတွေ လွယ်လွယ်လေး မပေးခဲ့တာပဲ ကောင်းပါတယ် ။ ပေးပြီးသားကတိတွေဆိုရင် အတတ်နိုင်ဆုံး တည်စေချင်ပါတယ် ။

ဒီလောက်ပါပဲ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း

ကတိဆိုတာကို လြယ္လြယ္ေလးမေပးနဲ႔ စိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီး ကတိေတြ လြယ္လြယ္ေပးလိုက္တဲ့အက်င့္ကို ေဖ်ာက္ပါ . . .

ကတိ ေပးတဲ့သူကပဲ ေမ့ခ်င္ေမ့သြားတာေလ ကတိေတြကို တကယ္ႀကီး ယုံမိတဲ့သူက ျဖစ္မလာတဲ့အခါ ပိုၿပီး နာက်င္ရပါတယ္ ေနာက္တစ္ခါဆို . . . တည္ႏိုင္မယ္လို႔ထင္တဲ့ ကတိေတြကိုပဲေပးပါ ။ လုပ္ေပးႏိုင္မယ္လို႔ထင္တဲ့ ကတိေတြကိုပဲ ေခါင္းၿငိမ့္ေပးပါ ကတိေပးလိုက္တဲ့သူက လြယ္လြယ္ေလး ေမ့ပစ္လိုက္ဖို႔လြယ္ေပမယ့္ ေမွ်ာ္လင့္တႀကီး ေစာင့္ေနတဲ့လူတစ္ေယာက္အတြက္ ရင္၀ကို ေစာင့္ကန္လိုက္သလို ျဖစ္ခ်င္ ျဖစ္ေနတတ္တာေလ ။

အက်င့္ေတြကို မျပင္ႏိုင္တဲ့အခါ ျပတ္ျပတ္သားသားျငင္းပါ ဗီဇမွန္းသိတဲ့အခါ မျဖစ္ႏိုင္တဲ့အေၾကာင္းေျပာျပပါ ၿပီးစလြယ္ ၿပီးၿပီးေရာ ေခါင္းေတြၿငိမ့္ၿပီး ေနာက္ပိုင္း ဘာမွ ျဖစ္မလာတဲ့အခါ ျငင္းလိုက္တာထက္ပိုၿပီး နာက်င္ရတဲ့အေၾကာင္းေလး သိေစခ်င္ေသးတယ္

ကိုယ္ကလဲ ကိုယ္ပါ ကတိေတြ လြယ္လြယ္ေလး ေပးတတ္မွန္း သိသိရဲ႕နဲ႔ ဒီတစ္ခါေတာ့ တည္ေကာင္းပါရဲ႕ဆိုၿပီး ဆက္ၿပီး ေမွ်ာ္လင့္ေနတတ္ေသးတာ ဘာမွ ဆက္ၿပီး ျဖစ္လာမွာ မဟုတ္မွန္း သိသိရဲ႕နဲ႔ ျဖစ္လာေကာင္းပါရဲ႕ဆိုတဲ့စိတ္နဲ႔ ဆက္ၿပီး ယုံၾကည္ၾကည့္ခ်င္ေသးတာ ဒီတစ္ခါ ေနာက္ဆုံးပါ ခြင့္လႊတ္ပါေနာ္ စကားေတြကို သိပ္ၾကာၾကာေျပာစရာမလိုပဲ လြယ္လြယ္ေလး ျပန္ၿပီးလက္ခံတတ္တဲ့ အက်င့္ကိုက ခက္တာ ေလထဲမွာေပးတဲ့ကတိေတြက ေလထဲမွာပဲ ေပ်ာက္သြားတတ္တာ သဘာ၀ဆိုရင္ လြယ္လြယ္ေလး မယုံတတ္တာလဲ ကိုယ့္ရဲ႕ သဘာ၀ျဖစ္ခ်င္တယ္ ။

ေနာက္တစ္ခါ ကတိေတြ ေပးမယ္ဆိုရင္ ျဖစ္ႏိုင္မယ္လို႔ ထင္တဲ့ ကတိေတြကိုပဲ ေပးပါ လြယ္လြယ္ေလး ေမ့မသြားႏိုင္မယ့္ ကတိေတြကိုပဲေပးပါ

လူမွာကတိ မင္းမွာ သစၥာ တဲ့ လူတစ္ေယာက္က ကတိေတြ လြယ္လြယ္ေလးေပးၿပီး လြယ္လြယ္ေလး ေမ့ပစ္လိုက္မယ္ဆိုရင္ ​အစကတည္းက ေပးမေနပါနဲ႔ ေမ့ပစ္လိုက္မယ့္အတူတူ ျဖစ္မလာမယ့္အတူတူ အစကတည္းက ေမွ်ာ္လင့္ခ်က္ေတြ မေပးျဖစ္ခဲ့တာပဲ ေကာင္းပါတယ္ ဘယ္သူ႔ဖက္မွ ထိခိုက္နာက်င္စရာမလိုေတာ့ဘူးေလ

ျဖစ္ႏိုင္ရင္ ကတိေတြ လြယ္လြယ္ေလး မေပးခဲ့တာပဲ ေကာင္းပါတယ္ ။ ေပးၿပီးသားကတိေတြဆိုရင္ အတတ္ႏိုင္ဆုံး တည္ေစခ်င္ပါတယ္ ။

ဒီေလာက္ပါပဲ ။
မိန္းမသားတုိ့အတြက္
သွ်င္ယြန္း