ပေးဆပ်ခြင်းသက်သက် ….

ပေးဆပ်ခြင်းသက်သက် ….

ဒီခေါင်းစဉ်လေးတပ်ဖို့ကျွန်မအများကြီးတွေးခဲ့တယ် ။ ဘာကြောင့်လဲဆိုရင် ကျွန်မပေးဆပ်တာတွေအတွက် ဘာခေါင်းစဉ်မှ မလိုအပ်ဘူးလို့အရင်က ကျွန်မထင်ခဲ့လို့ပါ ။ ဒါပေမယ့် ဘာများလုပ်ပေးရလို့လဲဆိုတဲ့မေးခွန်းတွေအတွက် ဒီလောက်လေးနဲ့ဆိုတဲ့ အပြောတွေအတွက် ကိုယ့်ဘက်ကို မြင်တတ်ဖို့ဒီစာကို ရေးဖြစ်ခဲ့တာပါ ။

ကိုယ့်ဘက်သူ့ဘက် မကြည့်တတ်တဲ့အရပ်မှာ ရပ်နေတဲ့ကျွန်မအတွက်တော့ … ပေးဆပ်ခြင်းတွေနဲ့ ကျင့်သားလေးရနေပါပြီ။ဘာတွေ ပေးဆပ်လိုက်ရလဲတဲ့ ကျွန်မရဲ့အိပ်မက်တွေ ပြီးတော့ မျှော်လင့်ချက်တွေ အများကြီးပဲ ။ တစ်ဖက်က မမြင်နိုင်လောက်အောင် ကန်းနေတာကလွဲရင် ကျွန်မ စေတနာတွေမှန်ပါတယ် ။ ဒီလောက်လေးနဲ့ စကားထဲ ထည့်ပြောနေတာမျိုးတွေတော့ မပြောပါနဲ့ တစ်ခါတစ်လေ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့အရာတွေက တစ်ဖက်မှာ အများကြီးပေးဆပ်လိုက်ရတာမျိုးလဲ ဖြစ်နိုင်တယ်လေ ။

ရှင်းရှင်းပြောရရင် .. လူတွေက သူတို့ရနေတဲ့အရာတွေကို မမြင်တတ်ဘူး ။ သူတို့ပေးလိုက်ရတဲ့အခါမှသာ အဲ့ဒီမျက်လုံးတွေက မြင်တတ်ကြတာလေ ။ဒါကြောင့် ကျွန်မ ဘာတွေပေးခဲ့လဲ မသိတာတော့ မထူးဆန်းပါဘူး ။ဘယ်လိုတွေလုပ်ပေးနေရလို့ပါဆိုတဲ့ ကျေးဇူးတရားတွေ နေရာပေးမှုတွေ လိုချင်ခဲ့တာမဟုတ်ပါဘူး တစ်ခုပဲ ။ အသိအမှတ်ပြုပေးတာမျိုးတော့ လိုချင်တယ် ။ အများကြီးမဟုတ်တောင် ကျေးဇူးတင်ပါတယ်ဆိုတာမျိုးပေါ့ ။

ဒါလေးများဆိုတဲ့ စကားမျိုးတွေတော့ မပြောပါနဲ့ ။ တစ်ခါတစ်လေမှာ ကိုယ့်အိပ်မက်တွေကို ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့မေ့ပစ်ပြီး ကိုယ်ဖြည့်ဆည်းပေးခဲ့ဖူးတာတွေရှိတယ် ။ ကိုယ့်ဒဏ်ရာကို ဖွက်ထားပြီး ငိုနေတဲ့မျက်ရည်တွေကို သုတ်ပေးဖူးတယ် ။ ကိုယ်ဒုက္ခတွေကို သိမ်းထားပြီး သောကတွေကို ဖြေသိမ့်ဖူးတယ် ။ ပေးဆပ်ခြင်းသက်သက်ပါ … အနောက်မှာ ဘာကိုမှ မမျှော်လင့်ခဲ့ဘူး ဒါပေမယ့် ခုလိုတွေ ပြောခံနေရဖို့လဲ မသင့်ဘူးလေ ။ ကျေးဇူးမတင်ချင်နေပါ ဒါလေးများဆိုတဲ့ စကားတွေတော့ မပြောပါနဲ့ ။ ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့် တစ်ဖက်မှာ အများကြီး ဒုက္ခခံထားရတဲ့အရာတွေ ရှိပါသေးတယ် ။

ပေးဆပ်ခြင်းသက်သက်နဲ့ ရှင်သန်ရခြင်းတွေက … လိပ်ပြာလုံပါတယ် ဒါပေမယ့်ဒဏ်ရာများတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေပးဆပ္ျခင္းသက္သက္ ….

ဒီေခါင္းစဥ္ေလးတပ္ဖို႔ကြၽန္မအမ်ားႀကီးေတြးခဲ့တယ္ ။ ဘာေၾကာင့္လဲဆိုရင္ ကြၽန္မေပးဆပ္တာေတြအတြက္ ဘာေခါင္းစဥ္မွ မလိုအပ္ဘူးလို႔အရင္က ကြၽန္မထင္ခဲ့လို႔ပါ ။ ဒါေပမယ့္ ဘာမ်ားလုပ္ေပးရလို႔လဲဆိုတဲ့ေမးခြန္းေတြအတြက္ ဒီေလာက္ေလးနဲ႔ဆိုတဲ့ အေျပာေတြအတြက္ ကိုယ့္ဘက္ကို ျမင္တတ္ဖို႔ဒီစာကို ေရးျဖစ္ခဲ့တာပါ ။

ကိုယ့္ဘက္သူ႔ဘက္ မၾကည့္တတ္တဲ့အရပ္မွာ ရပ္ေနတဲ့ကြၽန္မအတြက္ေတာ့ … ေပးဆပ္ျခင္းေတြနဲ႔ က်င့္သားေလးရေနပါၿပီ။ဘာေတြ ေပးဆပ္လိုက္ရလဲတဲ့ ကြၽန္မရဲ႕အိပ္မက္ေတြ ၿပီးေတာ့ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးပဲ ။ တစ္ဖက္က မျမင္ႏိုင္ေလာက္ေအာင္ ကန္းေနတာကလြဲရင္ ကြၽန္မ ေစတနာေတြမွန္ပါတယ္ ။ ဒီေလာက္ေလးနဲ႔ စကားထဲ ထည့္ေျပာေနတာမ်ိဳးေတြေတာ့ မေျပာပါနဲ႔ တစ္ခါတစ္ေလ ကိုယ့္အတြက္ ဘာမွမဟုတ္တဲ့အရာေတြက တစ္ဖက္မွာ အမ်ားႀကီးေပးဆပ္လိုက္ရတာမ်ိဳးလဲ ျဖစ္ႏိုင္တယ္ေလ ။

ရွင္းရွင္းေျပာရရင္ .. လူေတြက သူတို႔ရေနတဲ့အရာေတြကို မျမင္တတ္ဘူး ။ သူတို႔ေပးလိုက္ရတဲ့အခါမွသာ အဲ့ဒီမ်က္လုံးေတြက ျမင္တတ္ၾကတာေလ ။ဒါေၾကာင့္ ကြၽန္မ ဘာေတြေပးခဲ့လဲ မသိတာေတာ့ မထူးဆန္းပါဘူး ။ဘယ္လိုေတြလုပ္ေပးေနရလို႔ပါဆိုတဲ့ ေက်းဇူးတရားေတြ ေနရာေပးမႈေတြ လိုခ်င္ခဲ့တာမဟုတ္ပါဘူး တစ္ခုပဲ ။ အသိအမွတ္ျပဳေပးတာမ်ိဳးေတာ့ လိုခ်င္တယ္ ။ အမ်ားႀကီးမဟုတ္ေတာင္ ေက်းဇူးတင္ပါတယ္ဆိုတာမ်ိဳးေပါ့ ။

ဒါေလးမ်ားဆိုတဲ့ စကားမ်ိဳးေတြေတာ့ မေျပာပါနဲ႔ ။ တစ္ခါတစ္ေလမွာ ကိုယ့္အိပ္မက္ေတြကို ကိုယ္ကိုယ္တိုင္ ရင္နာနာနဲ႔ေမ့ပစ္ၿပီး ကိုယ္ျဖည့္ဆည္းေပးခဲ့ဖူးတာေတြရွိတယ္ ။ ကိုယ့္ဒဏ္ရာကို ဖြက္ထားၿပီး ငိုေနတဲ့မ်က္ရည္ေတြကို သုတ္ေပးဖူးတယ္ ။ ကိုယ္ဒုကၡေတြကို သိမ္းထားၿပီး ေသာကေတြကို ေျဖသိမ့္ဖူးတယ္ ။ ေပးဆပ္ျခင္းသက္သက္ပါ … အေနာက္မွာ ဘာကိုမွ မေမွ်ာ္လင့္ခဲ့ဘူး ဒါေပမယ့္ ခုလိုေတြ ေျပာခံေနရဖို႔လဲ မသင့္ဘူးေလ ။ ေက်းဇူးမတင္ခ်င္ေနပါ ဒါေလးမ်ားဆိုတဲ့ စကားေတြေတာ့ မေျပာပါနဲ႔ ။ ကိုယ့္အတြက္ဘာမွမဟုတ္ေပမယ့္ တစ္ဖက္မွာ အမ်ားႀကီး ဒုကၡခံထားရတဲ့အရာေတြ ရွိပါေသးတယ္ ။

ေပးဆပ္ျခင္းသက္သက္နဲ႔ ရွင္သန္ရျခင္းေတြက … လိပ္ျပာလုံပါတယ္ ဒါေပမယ့္ဒဏ္ရာမ်ားတယ္ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း