ကြၽန္မ မရင့္က်က္ေသးဘူး

ကျွန်မ မရင့်ကျက်သေးဘူးထင်တယ် ထစ်ကနဲရှိ မျက်ရည်က ဝဲတက်နေတုန်း ဟန်ဆောင်ပြုံးတာတောင် မျက်ဝန်းကို ဖုံးကွယ်ဖို့ကျွန်မ မစွမ်းနိုင်ခဲ့သေးဘူး ။

တစ်ခုခုဆို အဆုံးစွန်ထိတွေးပြီး ဝမ်းနည်းနေတတ်တုန်း ဘာမဟုတ်တာလေးဆိုပေမယ့် ကျွန်မအတွက် ကမ္ဘာကြီး ပျက်မတတ် ခံစားချင်ခံစားနေတတ်တာ အဲ့အကျင့်ကလဲ ခုထိ ပြင်ဖို့ခက်နေတုန်းပဲ ။

ကိုယ့်အနားက လူတွေကို မျှော်လင့်ချက်တွေထားပြီး ဆွဲထားချင်နေတုန်း ခဏအလည်လာတာမှန်းမသိ ဒဏ်ရာတွေပေးပြီး ထားခဲ့မယ်မှန်းမသိပဲ ကိုယ့်အနားရောက်လာရုံနဲ့ တစ်သက်လုံး အနားရှိစေချင်နေတာမျိုးတွေပေါ့ ။

ဟုတ်ပါတယ် ကျွန်မ မရင့်ကျက်သေးဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ မရင့္က်က္ေသးဘူးထင္တယ္ ထစ္ကနဲရွိ မ်က္ရည္က ဝဲတက္ေနတုန္း ဟန္ေဆာင္ၿပဳံးတာေတာင္ မ်က္ဝန္းကို ဖုံးကြယ္ဖို႔ကြၽန္မ မစြမ္းႏိုင္ခဲ့ေသးဘူး ။

တစ္ခုခုဆို အဆုံးစြန္ထိေတြးၿပီး ဝမ္းနည္းေနတတ္တုန္း ဘာမဟုတ္တာေလးဆိုေပမယ့္ ကြၽန္မအတြက္ ကမာၻႀကီး ပ်က္မတတ္ ခံစားခ်င္ခံစားေနတတ္တာ အဲ့အက်င့္ကလဲ ခုထိ ျပင္ဖို႔ခက္ေနတုန္းပဲ ။

ကိုယ့္အနားက လူေတြကို ေမွ်ာ္လင့္ခ်က္ေတြထားၿပီး ဆြဲထားခ်င္ေနတုန္း ခဏအလည္လာတာမွန္းမသိ ဒဏ္ရာေတြေပးၿပီး ထားခဲ့မယ္မွန္းမသိပဲ ကိုယ့္အနားေရာက္လာ႐ုံနဲ႔ တစ္သက္လုံး အနားရွိေစခ်င္ေနတာမ်ိဳးေတြေပါ့ ။

ဟုတ္ပါတယ္ ကြၽန္မ မရင့္က်က္ေသးဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း