လိုတဲ့အခါ သုံးပါ … ကျွန်မ လိုသုံးမှန်းသိသိရဲ့နဲ့ ပေးတတ်ပါတယ်

ကိုယ့်ကို လိုသုံးလုပ်နေတာလား ဒါမှမဟုတ် တကယ့်စိတ်ရင်းအမှန်နဲ့ပေါင်းနေတာလား မသိရလောက်အောင်ထိတော့ ကျွန်မ မအသေးဘူးထင်ပါတယ် ။ လိုမှ လာတဲ့သူတွေကိုလဲ သိပါတယ်

ကိုယ့်အပေါ်စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူတွေကိုလဲ သိတယ် တမင် ကန်းချင်ယောင်ဆောင်ထားလိုက်တာပါ ကိုယ့်ကြောင့် သူအဆင်ပြေသွားမယ်ဆိုရင် လိုသုံးလုပ်ခံရလဲ တန်ပါတယ် ။ ဒါပေမယ့် အဲ့ဒီလိုသုံးထဲမှာ အချစ်တွေတော့ မပါဘူးပေါ့။

လိုသုံးတဲ့ စကားလေးနှစ်လုံးတည်းပဲ တကယ်တမ်း အဲ့လို လက်တွေ့ကြုံတဲ့အခါ အနည်းနဲ့အများတော့ ခံရခက်တယ် . မလိုတဲ့အခါ မေ့ထားတတ်ကြပြီးမှ လိုတဲ့အခါ ပြုံးပြုံးလေးအနားကပ်လာကြတာလေ ။

တချို့ဆို လိုတုန်းခဏလေးပေါ်လာတာတွေရှိတယ် ပြီးတာနဲ့ ဘယ်ရောက်လို့ရောက်သွားမှန်းမသိတော့အောင် ကိုယ်ဖျောက်နေနိုင်စွမ်းတွေရှိပါတယ် ။ ဒါပေမယ့် ကိုယ့်ဘက်က လူတိုင်းအပေါ်စေတနာအစစ်အမှန်တွေပဲ ပေးတယ် သူ့အလှည့်တုန်းက ကူထားလို့ကိုယ့်အလှည့်ကျ သူရှိနေပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေမထားဘူး ။ ကိုယ်ပေးနိုင်တဲ့အရာဆို စေတနာသန့်သန့်လေးနဲ့ ပေးတယ် ။

ဒါပေမယ့် အဲ့ဒီလိုသုံးတွေအနောက်မှာ နောက်တစ်ခါပြန်ပြီး ယုံကြည်လို့မရတော့ဘူးဆိုတဲ့ ဆုံးရှုံးမှုကို သူတို့တွေ မသိခဲ့ကြဘူး ။ ဒီလူက ငါ့ကို လိုမှသတိရပါလားဆိုတဲ့ ဝမ်းနည်းမှုတွေကို သူတို့မသိကြဘူး ။ ကိုယ်ပေးလိုက်လို့သူအဆင်ပြေသွားတဲ့အခါ ကျွန်မ တကယ်ပျော်ပါတယ် ။ ဒါပေမယ့်သူတို့အပေါ် အရင်လို ဘယ်လိုပဲ ယုံကြည်ဖို့ကြိုးစား ကြိုးစား ပြန်ပြီး ယုံကြည်လို့မရခဲ့ဘူး။ အနားကပ်လာတာနဲ့ တစ်ခုခုလိုနေလို့နေမှာဆိုပြီးပဲ တွေးနေမိတော့တယ်။

လိုတဲ့အခါ သုံးပါ … ကျွန်မ လိုသုံးမှန်းသိသိရဲ့နဲ့ ပေးတတ်ပါတယ် ။ ဒါပေမယ့်တုံးအ လို့တော့မဟုတ်ဘူးနော် ကိုယ်ပေးနိုင်တဲ့ပေးပြီးလို့သူ အဆင်ပြေသွားတဲ့အခါ အဆင်ပြေသွားပါလားဆိုတဲ့အသိလေးတစ်ခုနဲ့ပဲ ကြည်နူးတတ်တဲ့ ကောင်မလေးတစ်ယောက်မို့ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္ကို လိုသုံးလုပ္ေနတာလား ဒါမွမဟုတ္ တကယ့္စိတ္ရင္းအမွန္နဲ႔ေပါင္းေနတာလား မသိရေလာက္ေအာင္ထိေတာ့ ကြၽန္မ မအေသးဘူးထင္ပါတယ္ ။ လိုမွ လာတဲ့သူေတြကိုလဲ သိပါတယ္

ကိုယ့္အေပၚစိတ္ရင္းအမွန္နဲ႔ ေပါင္းတဲ့သူေတြကိုလဲ သိတယ္ တမင္ ကန္းခ်င္ေယာင္ေဆာင္ထားလိုက္တာပါ ကိုယ့္ေၾကာင့္ သူအဆင္ေျပသြားမယ္ဆိုရင္ လိုသုံးလုပ္ခံရလဲ တန္ပါတယ္ ။ ဒါေပမယ့္ အဲ့ဒီလိုသုံးထဲမွာ အခ်စ္ေတြေတာ့ မပါဘူးေပါ့။

လိုသုံးတဲ့ စကားေလးႏွစ္လုံးတည္းပဲ တကယ္တမ္း အဲ့လို လက္ေတြ႕ႀကဳံတဲ့အခါ အနည္းနဲ႔အမ်ားေတာ့ ခံရခက္တယ္ . မလိုတဲ့အခါ ေမ့ထားတတ္ၾကၿပီးမွ လိုတဲ့အခါ ၿပဳံးၿပဳံးေလးအနားကပ္လာၾကတာေလ ။

တခ်ိဳ႕ဆို လိုတုန္းခဏေလးေပၚလာတာေတြရွိတယ္ ၿပီးတာနဲ႔ ဘယ္ေရာက္လို႔ေရာက္သြားမွန္းမသိေတာ့ေအာင္ ကိုယ္ေဖ်ာက္ေနႏိုင္စြမ္းေတြရွိပါတယ္ ။ ဒါေပမယ့္ ကိုယ့္ဘက္က လူတိုင္းအေပၚေစတနာအစစ္အမွန္ေတြပဲ ေပးတယ္ သူ႔အလွည့္တုန္းက ကူထားလို႔ကိုယ့္အလွည့္က် သူရွိေနေပးလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြမထားဘူး ။ ကိုယ္ေပးႏိုင္တဲ့အရာဆို ေစတနာသန္႔သန္႔ေလးနဲ႔ ေပးတယ္ ။

ဒါေပမယ့္ အဲ့ဒီလိုသုံးေတြအေနာက္မွာ ေနာက္တစ္ခါျပန္ၿပီး ယုံၾကည္လို႔မရေတာ့ဘူးဆိုတဲ့ ဆုံးရႈံးမႈကို သူတို႔ေတြ မသိခဲ့ၾကဘူး ။ ဒီလူက ငါ့ကို လိုမွသတိရပါလားဆိုတဲ့ ဝမ္းနည္းမႈေတြကို သူတို႔မသိၾကဘူး ။ ကိုယ္ေပးလိုက္လို႔သူအဆင္ေျပသြားတဲ့အခါ ကြၽန္မ တကယ္ေပ်ာ္ပါတယ္ ။ ဒါေပမယ့္သူတို႔အေပၚ အရင္လို ဘယ္လိုပဲ ယုံၾကည္ဖို႔ႀကိဳးစား ႀကိဳးစား ျပန္ၿပီး ယုံၾကည္လို႔မရခဲ့ဘူး။ အနားကပ္လာတာနဲ႔ တစ္ခုခုလိုေနလို႔ေနမွာဆိုၿပီးပဲ ေတြးေနမိေတာ့တယ္။

လိုတဲ့အခါ သုံးပါ … ကြၽန္မ လိုသုံးမွန္းသိသိရဲ႕နဲ႔ ေပးတတ္ပါတယ္ ။ ဒါေပမယ့္တုံးအ လို႔ေတာ့မဟုတ္ဘူးေနာ္ ကိုယ္ေပးႏိုင္တဲ့ေပးၿပီးလို႔သူ အဆင္ေျပသြားတဲ့အခါ အဆင္ေျပသြားပါလားဆိုတဲ့အသိေလးတစ္ခုနဲ႔ပဲ ၾကည္ႏူးတတ္တဲ့ ေကာင္မေလးတစ္ေယာက္မို႔ပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း