ကျွန်မ ၀မ်းနည်းသွားတဲ့အခါ

ကျွန်မ ၀မ်းနည်းသွားတဲ့အခါ မျက်ရည်တွေက အရင်ဆုံးကျလာတတ်ပါတယ်

ပြန်ချေပဖို့ပြန်ပြောပြဖို့စကားလုံးတွေ အရင်ရှာမရခင်မှာပေါ့ မျက်၀န်းထဲမှာ မျက်ရည်တွေ အရင်ဝဲတယ် ငါ့ကို အဲ့လိုပြောရက်လေခြင်း ထင်ရက်လေခြင်းဆိုတဲ့ အတွေးတွေနဲ့ အတူ ကျွန်မ ၀မ်းနည်းမှုတွေပဲ အရင် စပြီး ဖြစ်တည်တာပေါ့

၀မ်းနည်းလိုက်တာနဲ့ မျက်ရည်တွေ ချက်ချင်းကျတော့ပဲ ။ အဲ့လောက်ထိကို ဟန်ဆောင်မှုကင်းခဲ့တာ ဒါမှမဟုတ် ဟန်မဆောင်နိုင်ခဲ့တာပေါ့ ။

စိတ်ထဲမှာ တစ်ခုခုဖြစ်နေတဲ့အခါ မျက်နှာမှာ ထင်းကနဲပေါ်တဲ့အထိလဲ အလိမ်အညာကင်းခဲ့တယ် စကားလုံးတစ်လုံးကြောင့် နာကျင်ရတဲ့အခါ မျက်လွှာက အော်တို ကျပြီးသားပဲ တစ်ခုခုကို မကျေနပ်တဲ့အခါ နှုတ်ခမ်းတွေ တုန်လာတဲ့အထိ ဖြစ်ပြီးသားပဲ

တစ်ခုခုကြောင့် ဒေါသထွက်တဲ့အခါ မျက်လုံးတွေ အရောင်တောက်လာတဲ့အထိ ပေါ်လွင်ပြီးသားပဲ ။

ဒါတွေက အရင်တုန်းက ဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ပုံစံတွေပေါ့ ဟန်ဆောင်မှုကင်းတယ် အရှိကို အရှိအတိုင်း ပြတယ် အရာရာကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ခံစားတယ် ကိုယ်စိတ်ထဲမှာ ရှိတဲ့အတိုင်း မျက်နှာမှာ ပေါ်တယ် ပြီးတော့ မျက်ရည်လွယ်တယ် . . .

ဒီပုံစံကြီးနဲ့ ကျွန်မ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးတယ် ပြီးတော့ အနာတရတွေတော်တော်များများလဲ ရခဲ့ဖူးတယ် ။ အနာတရဆိုလို့သွေးချင်းချင်းရဲနေတဲ့ အပေါ်ယံ အရေပြားက အနာတွေလို့မမှတ်ပါနဲ့ ဘယ်သူမှ မမြင်နိုင် မသိနိုင်ခဲ့တဲ့ ရင်ဘတ်ထဲက အနာတွေက ပိုပြီးနက်တာပါ ။ နောက်ပိုင်းကျ ကျွန်မ ရင့်ကျက်လာတယ်ဆိုတာထက် ကျွန်မ နည်းနည်းဆင်ခြင်ပြီးနေတတ်လာတယ်လို့ပြောပါရစေ ။

ခဏခဏနာကျင်ခဲ့ရပြီးနောက်ပိုင်း သာမန်နာကျင်မှုလောက်နဲ့ မျက်ရည်တွေ မကျတော့ဘူး ၀မ်းနည်းစရာတွေ ပါလာတဲ့ စကားလုံးတွေကိုတောင် အပြုံးမပျက်ပဲ ပြန်ပြီးပြောလာနိုင်တဲ့အထိ ကျွန်မ နေတတ်လာခဲ့တာပါ ။ ပတ်၀န်းကျင်က စကားလုံးတွေကို ရင်ဘတ်ကြီးထဲထည့်ပြီး မခံစားဖြစ်တော့ဘူး ။ သူက ငါ့ကို အဲ့လိုပြောတာပဲ ဘာမှမဖြစ်ပါဘူး ကြားတဲ့အခါ ကြားတယ်လို့မှတ်လိုက်တယ် ။ တစ်ဖက်နားက ၀င်ပြီး တစ်ဖက်နားက ထွက်လိုက်တယ် အဲ့အတွက် ဘာမှ ခံစားမနေတော့ဘူး ။

သူက မကောင်းပြောနေလို့မဟုတ်တမ်းတရားတွေပြောနေလို့ဆိုပြီး လိုက်ပြီးလဲ မရှင်းပြဖြစ်တော့ဘူး ဘ၀မှာ အဆင်ပြေသလိုလေး နေတတ်လာပါပြီ ။ ဒီအချိန်မှာ တော်ရုံတန်ရုံ ဆုံးရှုံးမှုလောက်နဲ့ ကျွန်မ အပြုံးမပျက်တော့ဘူး ထစ်ကနဲရှိ မျက်ရည်ကျတတ်တဲ့ကောင်မလေးမဟုတ်တော့ဘူး ။

ဘ၀ကို ပျော်သလိုလေး ဒါမှမဟုတ် အဆင်ပြေသလိုလေး နေတတ်ထိုင်တတ်လာပါပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ၀မ္းနည္းသြားတဲ့အခါ မ်က္ရည္ေတြက အရင္ဆုံးက်လာတတ္ပါတယ္ ျပန္ေခ်ပဖို႔ျပန္ေျပာျပဖို႔စကားလုံးေတြ အရင္ရွာမရခင္မွာေပါ့ မ်က္၀န္းထဲမွာ မ်က္ရည္ေတြ အရင္ဝဲတယ္ ငါ့ကို အဲ့လိုေျပာရက္ေလျခင္း ထင္ရက္ေလျခင္းဆိုတဲ့ အေတြးေတြနဲ႔ အတူ ကြၽန္မ ၀မ္းနည္းမႈေတြပဲ အရင္ စၿပီး ျဖစ္တည္တာေပါ့

၀မ္းနည္းလိုက္တာနဲ႔ မ်က္ရည္ေတြ ခ်က္ခ်င္းက်ေတာ့ပဲ ။ အဲ့ေလာက္ထိကို ဟန္ေဆာင္မႈကင္းခဲ့တာ ဒါမွမဟုတ္ ဟန္မေဆာင္ႏိုင္ခဲ့တာေပါ့ ။

စိတ္ထဲမွာ တစ္ခုခုျဖစ္ေနတဲ့အခါ မ်က္ႏွာမွာ ထင္းကနဲေပၚတဲ့အထိလဲ အလိမ္အညာကင္းခဲ့တယ္ စကားလုံးတစ္လုံးေၾကာင့္ နာက်င္ရတဲ့အခါ မ်က္လႊာက ေအာ္တို က်ၿပီးသားပဲ တစ္ခုခုကို မေက်နပ္တဲ့အခါ ႏႈတ္ခမ္းေတြ တုန္လာတဲ့အထိ ျဖစ္ၿပီးသားပဲ

တစ္ခုခုေၾကာင့္ ေဒါသထြက္တဲ့အခါ မ်က္လုံးေတြ အေရာင္ေတာက္လာတဲ့အထိ ေပၚလြင္ၿပီးသားပဲ ။

ဒါေတြက အရင္တုန္းက ျဖစ္ခဲ့တဲ့ ကြၽန္မရဲ႕ ပုံစံေတြေပါ့ ဟန္ေဆာင္မႈကင္းတယ္ အရွိကို အရွိအတိုင္း ျပတယ္ အရာရာကို ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ခံစားတယ္ ကိုယ္စိတ္ထဲမွာ ရွိတဲ့အတိုင္း မ်က္ႏွာမွာ ေပၚတယ္ ၿပီးေတာ့ မ်က္ရည္လြယ္တယ္ . . .

ဒီပုံစံႀကီးနဲ႔ ကြၽန္မ အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့ဖူးတယ္ ၿပီးေတာ့ အနာတရေတြေတာ္ေတာ္မ်ားမ်ားလဲ ရခဲ့ဖူးတယ္ ။ အနာတရဆိုလို႔ေသြးခ်င္းခ်င္းရဲေနတဲ့ အေပၚယံ အေရျပားက အနာေတြလို႔မမွတ္ပါနဲ႔ ဘယ္သူမွ မျမင္ႏိုင္ မသိႏိုင္ခဲ့တဲ့ ရင္ဘတ္ထဲက အနာေတြက ပိုၿပီးနက္တာပါ ။ ေနာက္ပိုင္းက် ကြၽန္မ ရင့္က်က္လာတယ္ဆိုတာထက္ ကြၽန္မ နည္းနည္းဆင္ျခင္ၿပီးေနတတ္လာတယ္လို႔ေျပာပါရေစ ။

ခဏခဏနာက်င္ခဲ့ရၿပီးေနာက္ပိုင္း သာမန္နာက်င္မႈေလာက္နဲ႔ မ်က္ရည္ေတြ မက်ေတာ့ဘူး ၀မ္းနည္းစရာေတြ ပါလာတဲ့ စကားလုံးေတြကိုေတာင္ အၿပဳံးမပ်က္ပဲ ျပန္ၿပီးေျပာလာႏိုင္တဲ့အထိ ကြၽန္မ ေနတတ္လာခဲ့တာပါ ။ ပတ္၀န္းက်င္က စကားလုံးေတြကို ရင္ဘတ္ႀကီးထဲထည့္ၿပီး မခံစားျဖစ္ေတာ့ဘူး ။ သူက ငါ့ကို အဲ့လိုေျပာတာပဲ ဘာမွမျဖစ္ပါဘူး ၾကားတဲ့အခါ ၾကားတယ္လို႔မွတ္လိုက္တယ္ ။ တစ္ဖက္နားက ၀င္ၿပီး တစ္ဖက္နားက ထြက္လိုက္တယ္ အဲ့အတြက္ ဘာမွ ခံစားမေနေတာ့ဘူး ။

သူက မေကာင္းေျပာေနလို႔မဟုတ္တမ္းတရားေတြေျပာေနလို႔ဆိုၿပီး လိုက္ၿပီးလဲ မရွင္းျပျဖစ္ေတာ့ဘူး ဘ၀မွာ အဆင္ေျပသလိုေလး ေနတတ္လာပါၿပီ ။ ဒီအခ်ိန္မွာ ေတာ္႐ုံတန္႐ုံ ဆုံးရႈံးမႈေလာက္နဲ႔ ကြၽန္မ အၿပဳံးမပ်က္ေတာ့ဘူး ထစ္ကနဲရွိ မ်က္ရည္က်တတ္တဲ့ေကာင္မေလးမဟုတ္ေတာ့ဘူး ။

ဘ၀ကို ေပ်ာ္သလိုေလး ဒါမွမဟုတ္ အဆင္ေျပသလိုေလး ေနတတ္ထိုင္တတ္လာပါၿပီ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း