စေတနာတွေကို တန်ဖိုးထားစေချင်တယ်

ကိုယ်ကောင်းရင် သူလဲပြန်ကောင်းလိမ့်မယ်လို့ တစ်ယူသန်ကြီးတွေးခဲ့မိတဲ့ ကလေးအတွေးတွေအတွက် ရှက်လဲရှက်မိတယ် ပြီးတော့ ရယ်လဲ ရယ်ချင်မိတယ် ဘာလို့ ခုလို ပေါကြောင်ကြောင်အတွေးမျိုး တွေ့ခဲ့မိလဲ ကိုယ်ကိုယ်တိုင်တောင် စဉ်းစားလို့မရခဲ့ဘူး ။

ကိုယ့်ဘက်ကစေတနာတွေပေးနေပေမယ့် တစ်ဖက် လက်ခံယူတဲ့လူကလဲ အဲ့ဒီစေတနာတွေကို နားလည်ဦးမှ တန်ဖိုးထားတတ်ဦးမှ တန်ဖိုးရှိတာမျိုးလေ ။ ကိုယ်ဘယ်လောက်ပဲ ပေးပေး ယူတတ်တဲ့သူပဲ ရတာမျိုးလေ ။ ဒါကြောင့် ကိုယ်ပေးလိုက်တဲ့အတိုင်း ပြန်ရလာလိမ့်မယ်ဆိုတဲ့ ရောင်ပြန်တွေကို အရင်မတွေးနဲ့

အလင်းပြန်ဖို့တောင် တစ်ဖက်က တစ်ဖက်ပိတ်နံရံဖြစ်မနေဖို့ လိုတာမျိုးပဲလေ ။ စေတနာတွေ မေတ္တာတွေ ရောင်ပြန်ဟပ်ဖို့ဆိုလဲ တစ်ဖက်က ပြန်ပြီး ရောင်ပြန်ဟပ်နိုင်တဲ့ နှလုံးသားလေး ရှိနေဖို့လိုသေးတယ် ။

အခွင့်အခါ ကြုံလို့ ကိုယ်ပေးနိုင်တာတွေ ရှိခဲ့ရင် စေတနာသန့်သန့်နဲ့သာ ပေးလိုက်ပါ အချိန်တန်ရင် ပြန်ပြီး သိတတ်လိမ့်မယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ မပေးနဲ့ တစ်နေ့နေ့တစ်ချိန်ချိန် ပြန်ပြီးသိတတ်လိမ့်မယ်ဆိုပြီးလဲ မျှော်လင့်ချက်တွေ မထားနဲ့ အရေးကြီးဆုံးက ကိုယ်ပေးလိုက်တဲ့ စေတနာတွေအတွက် ကိုယ်ကိုယ်တိုင်လိပ်ပြာသန့်နေဖို့ပဲ လိုတာပါ ။

မေတ္တာတွေသည်လည်း စစ်မှန်တိုင်း တန်ပြန်ပြီး မလာတတ်ပါဘူး ကိုယ်ဘက်က ဘယ်လောက်ပဲ မေတ္တာတွေပေးပေး တစ်ဖက်က ခံယူတတ်တဲ့ နှလုံးသား အသက်ဝင်နေမှသာ မေတ္တာတွေဟာ ပြန်ပြီး အရောင်ဟပ်တတ်တာမျိုးပါ ။ ကျွဲပါး စောင်းတီးဆိုတဲ့ စကားပုံလို့ပေါ့ ကျွန်မတို့တွေသာ မေတ္တာ မေတ္တာဆိုပြီး ပေးနေတာ တစ်ဖက်က စာလုံးတောင် ပေါင်းတတ်ကြတာ မဟုတ်ဘူးလေ နားလည်ဖို့ဆိုတာ ဝေး ပြန်ပြီး သိတတ်ဖို့ဆိုတာ ပိုပြီး ဝေးတာပေါ့ ။

ဒါပေမယ့် ကိုယ်မေတ္တာတွေ ပေးနေတဲ့အကြောင်း ဘယ်သူမှ သိဖို့မလိုပါဘူး ကိုယ်စေတနာတွေ ထားနေတဲ့အကြောင်း လူအများကြီးသိဖို့လဲ မလိုဘူး တန်ဖိုးဆိုတာ နားလည်တတ်သူတွေ အတွက်ပဲလေ ကိုယ်ပေးနိုင်တဲ့ မေတ္တာတွေ စေတနာတွေ ရှိလာတဲ့အခါ ကိုယ့်ဘက်က လိပ်ပြာသန့်သန့် စိတ်သန့်သန့် နဲ့သာ ပေးလိုက်ပါ ကိုယ့်ဘက်က မေတ္တာ စေတနာတွေ စစ်မှန်ခဲ့ရင် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် အဲ့ဒီမေတ္တာ စေတနာအကျိုး သေချာပေါက် ပြန်ပြီး ခံစားရမှာပဲလေ ကိုယ်ပေးလိုက်တဲ့လူဆီက ပြန်ပြီးရလာလိမ့်မယ်ဆိုတဲ့ တစ်ယူသန်အတွေးမျိုးတော့ မတွေးစေချင်ဘူးပေါ့ လောကကြီးက အကျိုးပေးချိန်တဲ့တန်တဲ့အခါကျရင် တူသောအကျိုး ပြန်ပြီး ပေးပါလိမ့်မယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ္ေကာင္းရင္ သူလဲျပန္ေကာင္းလိမ့္မယ္လို႔ တစ္ယူသန္ႀကီးေတြးခဲ့မိတဲ့ ကေလးအေတြးေတြအတြက္ ရွက္လဲရွက္မိတယ္ ၿပီးေတာ့ ရယ္လဲ ရယ္ခ်င္မိတယ္္ ဘာလို႔ ခုလို ေပါေၾကာင္ေၾကာင္အေတြးမ်ိဳး ေတြ႕ခဲ့မိလဲ ကိုယ္ကိုယ္တိုင္ေတာင္ စဥ္းစားလို႔မရခဲ့ဘူး ။

ကိုယ့္ဘက္ကေစတနာေတြေပးေနေပမယ့္ တစ္ဖက္ လက္ခံယူတဲ့လူကလဲ အဲ့ဒီေစတနာေတြကို နားလည္ဦးမွ တန္ဖိုးထားတတ္ဦးမွ တန္ဖိုးရွိတာမ်ိဳးေလ ။ ကိုယ္ဘယ္ေလာက္ပဲ ေပးေပး ယူတတ္တဲ့သူပဲ ရတာမ်ိဳးေလ ။ ဒါေၾကာင့္ ကိုယ္ေပးလိုက္တဲ့အတိုင္း ျပန္ရလာလိမ့္မယ္ဆိုတဲ့ ေရာင္ျပန္ေတြကို အရင္မေတြးနဲ႔

အလင္းျပန္ဖို႔ေတာင္ တစ္ဖက္က တစ္ဖက္ပိတ္နံရံျဖစ္မေနဖို႔ လိုတာမ်ိဳးပဲေလ ။ ေစတနာေတြ ေမတၱာေတြ ေရာင္ျပန္ဟပ္ဖို႔ဆိုလဲ တစ္ဖက္က ျပန္ၿပီး ေရာင္ျပန္ဟပ္ႏိုင္တဲ့ ႏွလုံးသားေလး ရွိေနဖို႔လိုေသးတယ္ ။

အခြင့္အခါ ႀကဳံလို႔ ကိုယ္ေပးႏိုင္တာေတြ ရွိခဲ့ရင္ ေစတနာသန္႔သန္႔နဲ႔သာ ေပးလိုက္ပါ အခ်ိန္တန္ရင္ ျပန္ၿပီး သိတတ္လိမ့္မယ္ဆိုတဲ့ အေတြးမ်ိဳးေတြနဲ႔ မေပးနဲ႔ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ျပန္ၿပီးသိတတ္လိမ့္မယ္ဆိုၿပီးလဲ ေမွ်ာ္လင့္ခ်က္ေတြ မထားနဲ႔ အေရးႀကီးဆုံးက ကိုယ္ေပးလိုက္တဲ့ ေစတနာေတြအတြက္ ကိုယ္ကိုယ္တိုင္လိပ္ျပာသန္႔ေနဖို႔ပဲ လိုတာပါ ။

ေမတၱာေတြသည္လည္း စစ္မွန္တိုင္း တန္ျပန္ၿပီး မလာတတ္ပါဘူး ကိုယ္ဘက္က ဘယ္ေလာက္ပဲ ေမတၱာေတြေပးေပး တစ္ဖက္က ခံယူတတ္တဲ့ ႏွလုံးသား အသက္၀င္ေနမွသာ ေမတၱာေတြဟာ ျပန္ၿပီး အေရာင္ဟပ္တတ္တာမ်ိဳးပါ ။ ကြၽဲပါး ေစာင္းတီးဆိုတဲ့ စကားပုံလို႔ေပါ့ ကြၽန္မတို႔ေတြသာ ေမတၱာ ေမတၱာဆိုၿပီး ေပးေနတာ တစ္ဖက္က စာလုံးေတာင္ ေပါင္းတတ္ၾကတာ မဟုတ္ဘူးေလ နားလည္ဖို႔ဆိုတာ ေဝး ျပန္ၿပီး သိတတ္ဖို႔ဆိုတာ ပိုၿပီး ေဝးတာေပါ့ ။

ဒါေပမယ့္ ကိုယ္ေမတၱာေတြ ေပးေနတဲ့အေၾကာင္း ဘယ္သူမွ သိဖို႔မလိုပါဘူး ကိုယ္ေစတနာေတြ ထားေနတဲ့အေၾကာင္း လူအမ်ားႀကီးသိဖို႔လဲ မလိုဘူး တန္ဖိုးဆိုတာ နားလည္တတ္သူေတြ အတြက္ပဲေလ ကိုယ္ေပးႏိုင္တဲ့ ေမတၱာေတြ ေစတနာေတြ ရွိလာတဲ့အခါ ကိုယ့္ဘက္က လိပ္ျပာသန္႔သန္႔ စိတ္သန္႔သန္႔ နဲ႔သာ ေပးလိုက္ပါ ကိုယ့္ဘက္က ေမတၱာ ေစတနာေတြ စစ္မွန္ခဲ့ရင္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္က်ရင္ အဲ့ဒီေမတၱာ ေစတနာအက်ိဳး ေသခ်ာေပါက္ ျပန္ၿပီး ခံစားရမွာပဲေလ ကိုယ္ေပးလိုက္တဲ့လူဆီက ျပန္ၿပီးရလာလိမ့္မယ္ဆိုတဲ့ တစ္ယူသန္အေတြးမ်ိဳးေတာ့ မေတြးေစခ်င္ဘူးေပါ့ ေလာကႀကီးက အက်ိဳးေပးခ်ိန္တဲ့တန္တဲ့အခါက်ရင္ တူေသာအက်ိဳး ျပန္ၿပီး ေပးပါလိမ့္မယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း