အရေးမပါတဲ့အရာတွေဆိုရင် လျစ်လျူရှုပစ်လိုက်တာ အကောင်းဆုံးပါ

လူတွေက ပစ္စုပ္ပန်မှာ မယှဥ်နိုင်တဲ့အခါ အောက်ဖဲလှန်ပြီး ထိုးနှက်တတ်ကြတယ် ။ ကိုယ့်ထက်သာ မနာလိုတတ်ကြတဲ့ လူတွေလေ ။ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတွေပါပဲ ။ အပင်မြင့်လို့ လေတိုက်ကြတာ မဟုတ်ပဲ အပင်မြင့်လို့ ဂဲနဲ့ပေါက်ကြတာပါ ။

ကိုယ်ရုန်းကန်ခဲ့တဲ့ အချိန်တုန်းက ထိုင်ပြီး လေကန်ခဲ့တဲ့လူတွေက ကိုယ်အမြင့်ရောက်သွားတဲ့အခါ အမျိုးမျိုး အပုတ်ချကြလိမ့်မယ် လောကဓံတွေထဲမှာ ဆင်းရဲခြင်းမှ လောကဓံမဟုတ်ပါဘူး ချမ်းသာခြင်းကလဲ လောကဓံတရားပဲလေ ။ အောင်မြင်မှုဒဏ်ကို ခံနိုင်ရည်ရှိရတယ် ။

ဘ၀လေး မြင့်သွားရုံနဲ့ ဘ၀ လေဟပ်နေစရာမလိုဘူး ပြီးတော့ အမြင့်ရောက်လို့ လေတိုက်နေတာတွေကို တုန်လှုပ်နေဖို့လဲ မလိုဘူးလေ အောက်ခြေသာ ခိုင်အောင်လုပ် ဘယ်လောက်ပဲ ပတ်၀န်းကျင်က အပုတ်ချချ ကိုယ် အောက်ကျမသွားပါဘူး အဲ့ဒီ အပြစ်တင် ဝေဖန်နေတဲ့လူတွေရဲ့ စိတ်ဓာတ်တွေသာ ဟိုးအောက်ဆုံးထိ ရောက်သွားတာ ။

ကိုယ်က ခြင်္သေ့ဆိုရင် ခြင်င်္သေ့တစ်ကောင်လိုနေ အလကား ပတ်၀န်းကျင်က ပစ်ပေါက်လိုက်တဲ့ ဂဲတွေကို ခွေးရူးတစ်ကောင်လို လိုက်ကိုက်ပြီး ခံစားမနေနဲ့ အဲ့ဒီအပြစ်တင်နေတဲ့ ပါးစပ်တွေ ပိတ်သွားတဲ့အထိ ကြိုးစားပစ်လိုက်စမ်းပါ ။

ဘ၀မှာ . . .ကိုယ့်လမ်းကိုယ်လျှောက်ပေမယ့် အဲ့ဒီလမ်းမှာ နောက်က တွန်းမယ့်လူတွေ ခြေထိုးခံမယ့်လူတွေ တစ်ပုံကြီးရှိနေတတ်တယ် ။ လက်ရှိ အချိန်မှာ ကိုယ်နဲ့ ရင်ဘောင်မတန်းနိုင်တော့တဲ့အခါ အတိတ်က ပြစ်ချက်တွေကို လိုက်ပြီးထောက်တတ်ကြတယ် ။

မှားခဲ့ဖူးတဲ့အတိတ်ဆိုတာကို ပြန်ပြင်လို့ မရတော့ဘူး။ ပြန်လှည့်သွားလို့လဲ မရဘူး ။ ဘာကြောင့်ဆိုတဲ့ အဖြေကို လူတိုင်းသိချင် လိုချင်ကြတာ မဟုတ်ဘူးလေ ။ ပြောစရာ ပြစ်ချက်လောက်ပဲ လိုချင်ကြတာ ။ ဒါကြောင့် ရှင်းပြရင်းလဲ အချိန်ကုန်မခံနဲ့ ။ ခံစားနေရင်းလဲ အချိန်တွေ မကုန်စေနဲ့ ။ လက်ရှိ ပစ္စုပ္ပန်ဆိုတာ မှန်အောင် နေဖို့ အကောင်းဆုံး အချိန်ပါပဲ ။

လူတိုင်း အမှားနဲ့ မကင်းတတ်ကြသလို လူတိုင်းမှာလဲ အားနည်းချက် ကိုယ်စီနဲ့ပဲလေ ။ အမြင့်ရောက်သွားလို့ တိုက်ခိုက်ခံရတဲ့အခါ ဒါသဘာ၀ပဲ ဆိုတဲ့အတွေးနဲ့ လျစ်လျူရှုလိုက်နိုင်အောင်ပဲ ကြိုးစားပါ ။ ပြိုင်ပြီးတော့ မတုနဲ့ ကိုယ်ဘက်က ပြန်ပြီး တုံ့ပြန်လိုက်ရင် ကိုယ်လဲ သူလိုပဲ ဖြစ်သွားလိမ့်မယ် ကိုယ့်လမ်းကိုယ်လျှောက်ပြီး အရေးမပါတဲ့အရာတွေဆိုရင် လျစ်လျူရှုပစ်လိုက်တာ အကောင်းဆုံးပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူေတြက ပစၥဳပၸန္မွာ မယွဥ္ႏိုင္တဲ့အခါ ေအာက္ဖဲလွန္ၿပီး ထိုးႏွက္တတ္ၾကတယ္ ။ ကိုယ့္ထက္သာ မနာလိုတတ္ၾကတဲ့ လူေတြေလ ။ျဖစ္ေလ့ျဖစ္ထရွိတဲ့ သေဘာတရားေတြပါပဲ ။ အပင္ျမင့္လို႔ ေလတိုက္ၾကတာ မဟုတ္ပဲ အပင္ျမင့္လို႔ ဂဲနဲ႔ေပါက္ၾကတာပါ ။

ကိုယ္႐ုန္းကန္ခဲ့တဲ့ အခ်ိန္တုန္းက ထိုင္ၿပီး ေလကန္ခဲ့တဲ့လူေတြက ကိုယ္အျမင့္ေရာက္သြားတဲ့အခါ အမ်ိဳးမ်ိဳး အပုတ္ခ်ၾကလိမ့္မယ္ ေလာကဓံေတြထဲမွာ ဆင္းရဲျခင္းမွ ေလာကဓံမဟုတ္ပါဘူး ခ်မ္းသာျခင္းကလဲ ေလာကဓံတရားပဲေလ ။ ေအာင္ျမင္မႈဒဏ္ကို ခံႏိုင္ရည္ရွိရတယ္ ။

ဘ၀ေလး ျမင့္သြား႐ုံနဲ႔ ဘ၀ ေလဟပ္ေနစရာမလိုဘူး ၿပီးေတာ့ အျမင့္ေရာက္လို႔ ေလတိုက္ေနတာေတြကို တုန္လႈပ္ေနဖို႔လဲ မလိုဘူးေလ ေအာက္ေျခသာ ခိုင္ေအာင္လုပ္ ဘယ္ေလာက္ပဲ ပတ္၀န္းက်င္က အပုတ္ခ်ခ် ကိုယ္ ေအာက္က်မသြားပါဘူး အဲ့ဒီ အျပစ္တင္ ေဝဖန္ေနတဲ့လူေတြရဲ႕ စိတ္ဓာတ္ေတြသာ ဟိုးေအာက္ဆုံးထိ ေရာက္သြားတာ ။

ကိုယ္က ျခေသၤ့ဆိုရင္ ျခင္ေသၤ့တစ္ေကာင္လိုေန အလကား ပတ္၀န္းက်င္က ပစ္ေပါက္လိုက္တဲ့ ဂဲေတြကို ေခြး႐ူးတစ္ေကာင္လို လိုက္ကိုက္ၿပီး ခံစားမေနနဲ႔ အဲ့ဒီအျပစ္တင္ေနတဲ့ ပါးစပ္ေတြ ပိတ္သြားတဲ့အထိ ႀကိဳးစားပစ္လိုက္စမ္းပါ ။

ဘ၀မွာ . . .ကိုယ့္လမ္းကိုယ္ေလွ်ာက္ေပမယ့္ အဲ့ဒီလမ္းမွာ ေနာက္က တြန္းမယ့္လူေတြ ေျခထိုးခံမယ့္လူေတြ တစ္ပုံႀကီးရွိေနတတ္တယ္ ။ လက္ရွိ အခ်ိန္မွာ ကိုယ္နဲ႔ ရင္ေဘာင္မတန္းႏိုင္ေတာ့တဲ့အခါ အတိတ္က ျပစ္ခ်က္ေတြကို လိုက္ၿပီးေထာက္တတ္ၾကတယ္ ။

မွားခဲ့ဖူးတဲ့အတိတ္ဆိုတာကို ျပန္ျပင္လို႔ မရေတာ့ဘူး။ ျပန္လွည့္သြားလို႔လဲ မရဘူး ။ ဘာေၾကာင့္ဆိုတဲ့ အေျဖကို လူတိုင္းသိခ်င္ လိုခ်င္ၾကတာ မဟုတ္ဘူးေလ ။ ေျပာစရာ ျပစ္ခ်က္ေလာက္ပဲ လိုခ်င္ၾကတာ ။ ဒါေၾကာင့္ ရွင္းျပရင္းလဲ အခ်ိန္ကုန္မခံနဲ႔ ။ ခံစားေနရင္းလဲ အခ်ိန္ေတြ မကုန္ေစနဲ႔ ။ လက္ရွိ ပစၥဳပၸန္ဆိုတာ မွန္ေအာင္ ေနဖို႔ အေကာင္းဆုံး အခ်ိန္ပါပဲ ။

လူတိုင္း အမွားနဲ႔ မကင္းတတ္ၾကသလို လူတိုင္းမွာလဲ အားနည္းခ်က္ ကိုယ္စီနဲ႔ပဲေလ ။ အျမင့္ေရာက္သြားလို႔ တိုက္ခိုက္ခံရတဲ့အခါ ဒါသဘာ၀ပဲ ဆိုတဲ့အေတြးနဲ႔ လ်စ္လ်ဴရႈလိုက္ႏိုင္ေအာင္ပဲ ႀကိဳးစားပါ ။ ၿပိဳင္ၿပီးေတာ့ မတုနဲ႔ ကိုယ္ဘက္က ျပန္ၿပီး တုံ႔ျပန္လိုက္ရင္ ကိုယ္လဲ သူလိုပဲ ျဖစ္သြားလိမ့္မယ္ ကိုယ့္လမ္းကိုယ္ေလွ်ာက္ၿပီး အေရးမပါတဲ့အရာေတြဆိုရင္ လ်စ္လ်ဴရႈပစ္လိုက္တာ အေကာင္းဆုံးပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း