ဖြစ်နိုင်ရင် . . . . ဘယ်သူ့ကိုမှ မမုန်းပါနဲ့

လူတစ်ယောက်ကို မုန်းတယ်ဆိုတာ ကိုယ့်စိတ်ထဲ နေရာပေးနေခြင်းတစ်မျိုးပါပဲ ။ ငါ သူ့ကို မုန်းလိုက်တာဆိုတဲ့ အတွေးတွေနဲ့ တစ်ဖက်မှာ သတိတရတွေ ရှိချင်ရှိနေတတ်တာလေ ။

ဖြစ်နိုင်ရင် . . . ဘယ်သူ့ကိုမှ မမုန်းပါနဲ့ မုန်းတယ်ဆိုတာ ကိုယ်အရင်ပင်ပန်းရတဲ့ အလုပ်ပါ ။ တစ်ခါတစ်လေ တစ်ဖက်က ကိုယ်မုန်းနေတဲ့ အကြောင်းတွေ သိချင်မှ သိပြီး သူကပြုံးလို့ ပျော်လို့ ကိုယ့်မှာသာ အမုန်းတွေနဲ့ ပူလောင်နေရတာတွေလဲ ရှိပါတယ်

ငါ သူ့ကို မုန်းလိုက်တာ ဆိုတာကတည်း စိတ်ထဲမှာ နေရာတစ်နေရာ ပေးထားလိုက်တာမျိုးပဲလေ ။ သူ့ကိုသာ သတိတရရှိမနေရင် သူ့ကိုလဲ မုန်းဖို့ သတိရနေစရာအကြောင်းမရှိတော့ဘူး မဟုတ်လား ဒါကြောင့် လူတစ်ယောက်ကို ကိုယ့်ဘ၀ထဲက မလိုအပ်တော့တဲ့အခါ အပြီးအတိုင် မေ့ပစ်လိုက်တဲ့နည်းကိုပဲ သုံးပါ ဘယ်သူ့ကိုမှ မမုန်းပါနဲ့ ။

လူတစ်ယောက် ဘ၀မှာ ပျော်အောင်နေတတ်ဖို့ဆိုရင် နှလုံးသားကို ပေါ့ပေါ့ပါးပါးလေး ထားတတ်ဖို့လိုတယ် လိုအပ်တဲ့အရာတွေကော မလိုအပ်တဲ့အရာတွေကော အရာအားလုံးစုပုံပြီး စိတ်ထဲ နှလုံးသားထဲ ထည့်ထားတဲ့အခါ လူဟာ သာမန်ထက် ပိုပြီး ပင်ပန်းရပါတယ်

ကိုယ့်ဘ၀အတွက် အမှိုက်ဆိုရင် မြန်မြန်ရှင်းထုတ်ပစ်လိုက် အကြာကြီးသိမ်းမထားနဲ့ ကိုယ့်အတွက် ပူလောင်စေမယ့်အရာတွေဆိုရင် စိတ်ထဲ အကြာကြီးသိမ်းမထားနဲ့ ခပ်မြန်မြန်လေး မေ့ပစ်လိုက် ။

ချစ်ခြင်း မုန်းခြင်းတွေကြားမှာ နှလုံးသားဟာ အရမ်းကို အလုပ်များရပါတယ် ချစ်ခြင်းဟာ သိမ်မွေ့သလောက် မုန်းခြင်းဟာ အရမ်းကို ပူလောင်ရတယ် မဟုတ်လား လူတစ်ယောက်ကို မုန်းလိုက်တာလို့ အကြိမ်ကြိမ်တွေးနေခြင်းတွေထက် ခပ်မြန်မြန်မေ့ပြီး ခေါင်းထဲက ခပ်သွက်သွက်ထုတ်လိုက်တဲ့အခါ ပူလောင်ရတာ ပင်ပန်းရတာ သိသိသာသာလျော့သွားလိမ့်မယ်

ဘ၀မှာ ကိုယ့်ကိုချစ်တဲ့ ဂရုစိုက်တဲ့လူတွေ တစ်ယောက်မှ မရှိဘူးဆိုရင်တောင် ကိုယ်ကိုယ်တိုင် ဂရုစိုက် ကြင်နာတတ်ရတယ် ဘ၀ဆိုတာ တိုတိုလေးပါလို့ ဘယ်လိုပဲ ပြောပြော တကယ်တမ်းလျှောက်ရတဲ့ အဲ့ဒီ တိုပါတယ်ဆိုတဲ့ဘ၀က ထင်ထားတာထက် ပိုပြီး ကြာချင်ကြာနေတတ်တာလေ

အမုန်းတွေ သယ်မသွားနဲ့ အာဃာတတွေ မထားနဲ့ ကိုယ့်ဘ၀နဲ့ ကိုယ် ကိုယ့်စိတ်နဲ့ကိုယ် အေးချမ်းအောင်နေတတ်ဖို့ လိုတယ် ဒီလူက ကိုယ့်ဘ၀အတွက် အမှိုက်ဆိုတာမှန်းသိရင် တစ်ခါတည်း မေ့ပစ်လိုက်တော့ ။ ကိုယ့်အပေါ်မကောင်းမှန်းသိလာတဲ့အခါ ဝေးဝေးကနေပဲ ရှောင်ခဲ့ရှားခဲ့တော့ စိတ်အလေးခံပြီး ငါ မုန်းလိုက်တာဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မနှိပ်စက်ရဘူးလေ ။

ဖြစ်နိုင်ရင် . . . . ဘယ်သူ့ကိုမှ မမုန်းပါနဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတစ္ေယာက္ကို မုန္းတယ္ဆိုတာ ကိုယ့္စိတ္ထဲ ေနရာေပးေနျခင္းတစ္မ်ိဳးပါပဲ ။ ငါ သူ႔ကို မုန္းလိုက္တာဆိုတဲ့ အေတြးေတြနဲ႔ တစ္ဖက္မွာ သတိတရေတြ ရွိခ်င္ရွိေနတတ္တာေလ ။

ျဖစ္ႏိုင္ရင္ . . . ဘယ္သူ႔ကိုမွ မမုန္းပါနဲ႔ မုန္းတယ္ဆိုတာ ကိုယ္အရင္ပင္ပန္းရတဲ့ အလုပ္ပါ ။ တစ္ခါတစ္ေလ တစ္ဖက္က ကိုယ္မုန္းေနတဲ့ အေၾကာင္းေတြ သိခ်င္မွ သိၿပီး သူကၿပဳံးလို႔ ေပ်ာ္လို႔ ကိုယ့္မွာသာ အမုန္းေတြနဲ႔ ပူေလာင္ေနရတာေတြလဲ ရွိပါတယ္

ငါ သူ႔ကို မုန္းလိုက္တာ ဆိုတာကတည္း စိတ္ထဲမွာ ေနရာတစ္ေနရာ ေပးထားလိုက္တာမ်ိဳးပဲေလ ။ သူ႔ကိုသာ သတိတရရွိမေနရင္ သူ႔ကိုလဲ မုန္းဖို႔ သတိရေနစရာအေၾကာင္းမရွိေတာ့ဘူး မဟုတ္လား ဒါေၾကာင့္ လူတစ္ေယာက္ကို ကိုယ့္ဘ၀ထဲက မလိုအပ္ေတာ့တဲ့အခါ အၿပီးအတိုင္ ေမ့ပစ္လိုက္တဲ့နည္းကိုပဲ သုံးပါ ဘယ္သူ႔ကိုမွ မမုန္းပါနဲ႔ ။

လူတစ္ေယာက္ ဘ၀မွာ ေပ်ာ္ေအာင္ေနတတ္ဖို႔ဆိုရင္ ႏွလုံးသားကို ေပါ့ေပါ့ပါးပါးေလး ထားတတ္ဖို႔လိုတယ္ လိုအပ္တဲ့အရာေတြေကာ မလိုအပ္တဲ့အရာေတြေကာ အရာအားလုံးစုပုံၿပီး စိတ္ထဲ ႏွလုံးသားထဲ ထည့္ထားတဲ့အခါ လူဟာ သာမန္ထက္ ပိုၿပီး ပင္ပန္းရပါတယ္

ကိုယ့္ဘ၀အတြက္ အမႈိက္ဆိုရင္ ျမန္ျမန္ရွင္းထုတ္ပစ္လိုက္ အၾကာႀကီးသိမ္းမထားနဲ႔ ကိုယ့္အတြက္ ပူေလာင္ေစမယ့္အရာေတြဆိုရင္ စိတ္ထဲ အၾကာႀကီးသိမ္းမထားနဲ႔ ခပ္ျမန္ျမန္ေလး ေမ့ပစ္လိုက္ ။

ခ်စ္ျခင္း မုန္းျခင္းေတြၾကားမွာ ႏွလုံးသားဟာ အရမ္းကို အလုပ္မ်ားရပါတယ္ ခ်စ္ျခင္းဟာ သိမ္ေမြ႕သေလာက္ မုန္းျခင္းဟာ အရမ္းကို ပူေလာင္ရတယ္ မဟုတ္လား လူတစ္ေယာက္ကို မုန္းလိုက္တာလို႔ အႀကိမ္ႀကိမ္ေတြးေနျခင္းေတြထက္ ခပ္ျမန္ျမန္ေမ့ၿပီး ေခါင္းထဲက ခပ္သြက္သြက္ထုတ္လိုက္တဲ့အခါ ပူေလာင္ရတာ ပင္ပန္းရတာ သိသိသာသာေလ်ာ့သြားလိမ့္မယ္

ဘ၀မွာ ကိုယ့္ကိုခ်စ္တဲ့ ဂ႐ုစိုက္တဲ့လူေတြ တစ္ေယာက္မွ မရွိဘူးဆိုရင္ေတာင္ ကိုယ္ကိုယ္တိုင္ ဂ႐ုစိုက္ ၾကင္နာတတ္ရတယ္ ဘ၀ဆိုတာ တိုတိုေလးပါလို႔ ဘယ္လိုပဲ ေျပာေျပာ တကယ္တမ္းေလွ်ာက္ရတဲ့ အဲ့ဒီ တိုပါတယ္ဆိုတဲ့ဘ၀က ထင္ထားတာထက္ ပိုၿပီး ၾကာခ်င္ၾကာေနတတ္တာေလ

အမုန္းေတြ သယ္မသြားနဲ႔ အာဃာတေတြ မထားနဲ႔ ကိုယ့္ဘ၀နဲ႔ ကိုယ္ ကိုယ့္စိတ္နဲ႔ကိုယ္ ေအးခ်မ္းေအာင္ေနတတ္ဖို႔ လိုတယ္ ဒီလူက ကိုယ့္ဘ၀အတြက္ အမႈိက္ဆိုတာမွန္းသိရင္ တစ္ခါတည္း ေမ့ပစ္လိုက္ေတာ့ ။ ကိုယ့္အေပၚမေကာင္းမွန္းသိလာတဲ့အခါ ေဝးေဝးကေနပဲ ေရွာင္ခဲ့ရွားခဲ့ေတာ့ စိတ္အေလးခံၿပီး ငါ မုန္းလိုက္တာဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ပင္ပန္းေအာင္ မႏွိပ္စက္ရဘူးေလ ။

ျဖစ္ႏိုင္ရင္ . . . . ဘယ္သူ႔ကိုမွ မမုန္းပါနဲ႔ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း