ထက်မြက်တဲ့ မိန်းမတွေ အနောက်မှာတော့ ဘယ်သူမှ မရှိဘူး

သိပ်ကို အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့အနောက်မှာ အမြဲတမ်း နားလည်ပေးတတ်တဲ့ မိန်းမတစ်ယောက်ရှိတယ် တဲ့ ဒါပေမယ့် ထက်မြက်တဲ့ မိန်းမတွေ အနောက်မှာတော့ ဘယ်သူမှ မရှိဘူး ။

နားလည်ပေးတတ်တဲ့ ရင်ခွင်တစ်စုံလဲ မရှိဘူး ဖေးမတတ်တဲ့ လူတစ်စုံလဲ မရှိဘူး သူမဘ၀ကို သူမကိုယ်တိုင်ပဲ ထိန်းကျောင်းနေရတာပါ မိန်းကလေးဆိုတာ သာမန်အားဖြင့်ကြည့်ရင် မှီခိုတတ်တယ် ပျော့ညံ့တယ်လို့ ထင်ရပေမယ့် တကယ်တမ်း သန်မာလာတဲ့အခါ ဘယ်ယောက်ျားသားမှ မမှီတတ်ဘူး

တချို့မိန်းမသားတွေက ဘ၀ကို မာနတွေနဲ့ ကျားကန်ထားတတ်တယ် သိပ်ပြီးအရောမ၀င်ဘူး အပေါင်းအသင်းသိပ်မရှိဘူး ပြီးတော့ လက်တွဲဖော်တွေ နားလည်ပေးမှုတွေ အများကြီး မျှော်လင့်တောင့်တမနေတတ်ဘူး ကိုယ့်ဘ၀ကိုယ်ကျောင်းဖို့လောက်ပဲ တွေးထားကြတာ

အရမ်းကို တော်ပြီး ထက်မြက်တဲ့မိန်းမတွေက များသောအားဖြင့် အထီးကျန်ရတတ်တယ်လေ ယောက်ျားဆိုတာမျိုးက အားကိုးမှ ချွဲမှ သဘောကျတတ်ကြတာ မဟုတ်လား ထက်မြက်တဲ့မိန်းမဆိုတာ ဘယ်သူ့ကိုမှ အားကိုးမရှာဘူး ကိုယ်ကိုယ်တိုင်ပဲ အားကိုးတတ်တယ်

ကိုယ့်ခြေကိုယ့်လက်ပေါ် ရပ်နေနိုင်တဲ့ မိန်းမဟာ အနဲ နဲ့အများတော့ မာနကြီးတတ်ကြတာပဲလေ ။ ဒါသဘာ၀ပါ ဒီလိုရပ်တည်နိုင်ဖို့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေက သင်ခန်းစာတွေ ပေးခဲ့ကြတာလေ ဥပမာ အားနွဲ့တဲ့ မိန်းမသားဆိုပြီး ထိကပါးရိကပါးပြောတတ်တဲ့ ပတ်၀န်းကျင်ကတစ်မျိုး ရောလွန်းလို့ အသုံးချတတ်တဲ့ မိတ်ဆွေတွေက တစ်ဖုံ သင်ခန်းစာတွေ အများကြီးပေးခဲ့ကြတာ

ပြီးတော့ မာနကြီးလိုက်တာဆိုပြီး အစွယ်ချိုးဖို့ ဘယ်တော့မှ မကြိုးစားနဲ့ မိန်းမတစ်ယောက်မှာ မာယာဆိုတာရှိတယ် တကယ်ထုတ်မသုံးသေးလို့သာ အန္တရာယ်မရှိဘူးထင်ရတာပါ တကယ်ထုတ်သုံးလိုက်တဲ့အခါ ဘယ်သူမှ မှီမှာမဟုတ်ဘူး ဒါကြောင့် နားလည်နိုင်ရင် အနားမှာနေပါ နားမလည်နိုင်တဲ့အခါ နောက်လှည့်မကြည့်ပဲ လှည့်ထွက်တာက ကိုယ့်အတွက် အန္တရာယ်ကင်းတယ်

ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်ဖို့ ဒဏ်ရာ ဒဏ်ချက်တွေ အများကြီး လိုအပ်ပါတယ် ပြီးတော့ တစ်ယောက်တည်း ကြိတ်ငို​ကျွေးခဲ့ရတဲ့ရက်တွေ ညတွေလဲ အများကြီး ကြုံဖူးဖို့လိုလိမ့်မယ် ခံစားချက်တွေကို ခံယူချက်တွေ အလဲအထပ်လုပ်ရင်း တစ်ယောက်တည်း နာကျင်ရတဲ့ရက်တွေလဲ မရေမတွက်အောင်လိုပါတယ် ။တကယ့်ကို မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ရက်တွေ အများကြီးပါ ။

နားလည်ပေးနိုင်လောက်ပါရဲ့ဆိုတဲ့ထင်ရတဲ့ လူတွေ နားမလည်နိုင်ဘူးဆိုပြီးထွက်သွားခဲ့တာတွေကိုလဲ ငေးကြည့်ခဲ့ရဖူးတယ် လဲကျတဲ့အခါ ဖေးမကူလိမ့်မယ်လို့ထင်ခဲ့တဲ့လူတွေ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်သွားတာလဲ ကြုံခဲ့ဖူးတယ် သိပ်ကို အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့အနောက်မှာ နားလည်ပေးတတ်တဲ့ မိန်းမတစ်ယောက် ရှိကို ရှိတယ်တဲ့ သိပ်ကို ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့အနောက်မှာတော့ သူမကိုယ်တိုင်ပဲ ရှိနေတတ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သိပ္ကို ေအာင္ျမင္ေနတဲ့ ေယာက္်ားတစ္ေယာက္ရဲ႕အေနာက္မွာ အၿမဲတမ္း နားလည္ေပးတတ္တဲ့ မိန္းမတစ္ေယာက္ရွိတယ္ တဲ့ ဒါေပမယ့္ ထက္ျမက္တဲ့ မိန္းမေတြ အေနာက္မွာေတာ့ ဘယ္သူမွ မရွိဘူး ။

နားလည္ေပးတတ္တဲ့ ရင္ခြင္တစ္စုံလဲ မရွိဘူး ေဖးမတတ္တဲ့ လူတစ္စုံလဲ မရွိဘူး သူမဘ၀ကို သူမကိုယ္တိုင္ပဲ ထိန္းေက်ာင္းေနရတာပါ မိန္းကေလးဆိုတာ သာမန္အားျဖင့္ၾကည့္ရင္ မွီခိုတတ္တယ္ ေပ်ာ့ညံ့တယ္လို႔ ထင္ရေပမယ့္ တကယ္တမ္း သန္မာလာတဲ့အခါ ဘယ္ေယာက္်ားသားမွ မမွီတတ္ဘူး

တခ်ိဳ႕မိန္းမသားေတြက ဘ၀ကို မာနေတြနဲ႔ က်ားကန္ထားတတ္တယ္ သိပ္ၿပီးအေရာမ၀င္ဘူး အေပါင္းအသင္းသိပ္မရွိဘူး ၿပီးေတာ့ လက္တြဲေဖာ္ေတြ နားလည္ေပးမႈေတြ အမ်ားႀကီး ေမွ်ာ္လင့္ေတာင့္တမေနတတ္ဘူး ကိုယ့္ဘ၀ကိုယ္ေက်ာင္းဖို႔ေလာက္ပဲ ေတြးထားၾကတာ

အရမ္းကို ေတာ္ၿပီး ထက္ျမက္တဲ့မိန္းမေတြက မ်ားေသာအားျဖင့္ အထီးက်န္ရတတ္တယ္ေလ ေယာက္်ားဆိုတာမ်ိဳးက အားကိုးမွ ခြၽဲမွ သေဘာက်တတ္ၾကတာ မဟုတ္လား ထက္ျမက္တဲ့မိန္းမဆိုတာ ဘယ္သူ႔ကိုမွ အားကိုးမရွာဘူး ကိုယ္ကိုယ္တိုင္ပဲ အားကိုးတတ္တယ္

ကိုယ့္ေျခကိုယ့္လက္ေပၚ ရပ္ေနႏိုင္တဲ့ မိန္းမဟာ အနဲ နဲ႔အမ်ားေတာ့ မာနႀကီးတတ္ၾကတာပဲေလ ။ ဒါသဘာ၀ပါ ဒီလိုရပ္တည္ႏိုင္ဖို႔ ျဖတ္သန္းခဲ့ရတဲ့ ဘ၀ေတြက သင္ခန္းစာေတြ ေပးခဲ့ၾကတာေလ ဥပမာ အားႏြဲ႕တဲ့ မိန္းမသားဆိုၿပီး ထိကပါးရိကပါးေျပာတတ္တဲ့ ပတ္၀န္းက်င္ကတစ္မ်ိဳး ေရာလြန္းလို႔ အသုံးခ်တတ္တဲ့ မိတ္ေဆြေတြက တစ္ဖုံ သင္ခန္းစာေတြ အမ်ားႀကီးေပးခဲ့ၾကတာ

ၿပီးေတာ့ မာနႀကီးလိုက္တာဆိုၿပီး အစြယ္ခ်ိဳးဖို႔ ဘယ္ေတာ့မွ မႀကိဳးစားနဲ႔ မိန္းမတစ္ေယာက္မွာ မာယာဆိုတာရွိတယ္ တကယ္ထုတ္မသုံးေသးလို႔သာ အႏၲရာယ္မရွိဘူးထင္ရတာပါ တကယ္ထုတ္သုံးလိုက္တဲ့အခါ ဘယ္သူမွ မွီမွာမဟုတ္ဘူး ဒါေၾကာင့္ နားလည္ႏိုင္ရင္ အနားမွာေနပါ နားမလည္ႏိုင္တဲ့အခါ ေနာက္လွည့္မၾကည့္ပဲ လွည့္ထြက္တာက ကိုယ့္အတြက္ အႏၲရာယ္ကင္းတယ္

ထက္ျမက္တဲ့ မိန္းမတစ္ေယာက္ျဖစ္ဖို႔ ဒဏ္ရာ ဒဏ္ခ်က္ေတြ အမ်ားႀကီး လိုအပ္ပါတယ္ ၿပီးေတာ့ တစ္ေယာက္တည္း ႀကိတ္ငို​ေကြၽးခဲ့ရတဲ့ရက္ေတြ ညေတြလဲ အမ်ားႀကီး ႀကဳံဖူးဖို႔လိုလိမ့္မယ္ ခံစားခ်က္ေတြကို ခံယူခ်က္ေတြ အလဲအထပ္လုပ္ရင္း တစ္ေယာက္တည္း နာက်င္ရတဲ့ရက္ေတြလဲ မေရမတြက္ေအာင္လိုပါတယ္ ။တကယ့္ကို မ်က္ရည္ေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ရက္ေတြ အမ်ားႀကီးပါ ။

နားလည္ေပးႏိုင္ေလာက္ပါရဲ႕ဆိုတဲ့ထင္ရတဲ့ လူေတြ နားမလည္ႏိုင္ဘူးဆိုၿပီးထြက္သြားခဲ့တာေတြကိုလဲ ေငးၾကည့္ခဲ့ရဖူးတယ္ လဲက်တဲ့အခါ ေဖးမကူလိမ့္မယ္လို႔ထင္ခဲ့တဲ့လူေတြ မသိခ်င္ေယာင္ မျမင္ခ်င္ေယာင္ေဆာင္သြားတာလဲ ႀကဳံခဲ့ဖူးတယ္ သိပ္ကို ေအာင္ျမင္ေနတဲ့ ေယာက္်ားတစ္ေယာက္ရဲ႕အေနာက္မွာ နားလည္ေပးတတ္တဲ့ မိန္းမတစ္ေယာက္ ရွိကို ရွိတယ္တဲ့ သိပ္ကို ထက္ျမက္တဲ့ မိန္းမတစ္ေယာက္ရဲ႕အေနာက္မွာေတာ့ သူမကိုယ္တိုင္ပဲ ရွိေနတတ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း