ယုံပါ . . . . စုံလုံးမကန်းစေနဲ့

ယုံပါ . . . . စုံလုံးမကန်းစေနဲ့ ။

ကိုယ့်သား ကိုယ်သမီးကို ယုံတာပဲဖြစ်ဖြစ် ငါ့သားက လိမ်မာပြီးသား ငါ့သမီးက အဲ့လိုလုပ်မှာမဟုတ်ဘူးဆိုပြီး မျက်လုံးစုံမှိတ်ပြီး မယုံနဲ့ သားသမီးယုံလို့ ဒုက္ခရောက်တဲ့ မိဘတွေမှ ဒုနဲ့ဒေး

အဲ့လို မိဘမျိုးထဲ ကိုယ်ပါမသွားစေနဲ့ သားသမီးကို ယုံလွန်းတဲ့ မိဘတွေဟာ ကိုယ့်သားသမီးရဲ့ ပျက်စီးရာပျက်စီးကြောင်းကို ကိုယ်ကိုယ်တိုင် လမ်းဖွင့်ထားသလိုမျိုး ဖြစ်နေတတ်တယ်

ကိုယ့်ချစ်သူကိုလဲ ယုံပါ ။ ဒါပေမယ့် မျက်လုံးစုံမှိတ်ပြီး မယုံနဲ့ ဘာပြောပြောမယုံနဲ့လို့ ပြောတာ မဟုတ်ဘူး ။ ယုံပါ ကိုယ့်ဦးဏှောက်လေးနဲ့ ချင့်ချိန်ပြီးမှယုံ

သူပြောတာအမှန် သူလုပ်တာအမှန်ဆိုပြီး လွှတ်ထားလိုက်ရင် လူဆိုတာ အနဲနဲ့အများတော့ ပြောင်းလဲတတ်ကြတယ် ဟုတ်တယ်မလား ။ပြီးတော့မှ ငါ မှားလေခြင်းဆိုတဲ့နောင်တွေ မရစေချင်ဘူး ။

မယုံကြည်ပါနဲ့လို့ ပြောတာ မျိုးမဟုတ်ဘူး ။လူတစ်ဦးနဲ့ တစ်ဦးပြောဆို ဆက်ဆံကြတဲ့အခါ ယုံကြည်မှုဆိုတာ လိုအပ်ပါတယ် ။ သူပြောရင် မှန်မှာပဲဆိုပြီး တရားသေတွက်မထားဖို့

ကိုယ့်နှလုံးသား ကိုယ့်ဦးဏှောက်လေးနဲ့ အရင်ဆုံး စဉ်းစားစေချင်တာ ပြီးတော့မှ ယုံသင့်တာကိုပဲ ယုံကြည်ပေါ့

မိန်းမသားတို့အတွက်
သျှင်ယွန်း








မိန်းမသားတို့အတွက်
သျှင်ယွန်း