ဘာမဟုတ်တာလေးနဲ့ တဲ့

ဘာမဟုတ်တာလေးနဲ့ တဲ့ ။

သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး ဘာမှမဟုတ်တဲ့ ပြသနာလေးနဲ့ အေးစက်ပြီး ဝေးသွားတတ်တယ်ဆိုတာကို ယုံပါ ။ တစ်ယောက်ရင်ထဲမှာ ဘာရှိနေမလဲဆိုတာပြီး တစ်ယောက်နဲ့တစ်ယောက် မကြည့်ကြတော့တဲ့အခါ … ယုံကြည်မှုတွေဟာ ပျောက်မှန်းမသိ ပျောက်သွားတတ်ပြီး သံသယတွေနဲ့ ပူလောင်ရတတ်တယ် ။

ကိုယ့်အဆင်မပြေမှုတွေကို သူ့ကို မပြောဖြစ်သလို သူဘာအဆင်ပြေနေလဲ တစ်ယောက်နဲ့တစ်ယောက် မမေးဖြစ်ကြတော့ဘူး ။ ပြီးတော့ … တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့ မကြိုးစားတော့ဘူးလေ ။

ချစ်ရဲ့နဲ့ တဲ့ …ချစ်နေရုံနဲ့ပဲ မဖြစ်သေးဘူးလေ … နားလည်ပေးပါလို့ မပြောပဲ နားလည်စေချင်တဲ့အရာလေးတွေလဲ ရှိသေးတယ် မြင်အောင်ကြည့်ပေးကြပါတယ် ။ ကိုယ့်အဆင်မပြေမှုတွေရှိသလို သူ့မှာလဲ အဆင်မပြေမှုတွေရှိနေမလားဆိုတဲ့ ကိုယ်ချင်းစာတရားလေးထားကြည့်ပေးပါ ။

တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ရဲ့နဲ့ မဝေးစေလိုတာက တကယ့်စေတနာပါ ။ ဒါမှမဟုတ် ကိုယ့်လို မဖြစ်စေနဲ့ဆိုတဲ့ ဆုတောင်းပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘာမဟုတ္တာေလးနဲ႔ တဲ့ ။

သိပ္ခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ဦး ဘာမွမဟုတ္တဲ့ ျပသနာေလးနဲ႔ ေအးစက္ၿပီး ေဝးသြားတတ္တယ္ဆိုတာကို ယုံပါ ။ တစ္ေယာက္ရင္ထဲမွာ ဘာရွိေနမလဲဆိုတာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မၾကည့္ၾကေတာ့တဲ့အခါ … ယုံၾကည္မႈေတြဟာ ေပ်ာက္မွန္းမသိ ေပ်ာက္သြားတတ္ၿပီး သံသယေတြနဲ႔ ပူေလာင္ရတတ္တယ္ ။

ကိုယ့္အဆင္မေျပမႈေတြကို သူ႔ကို မေျပာျဖစ္သလို သူဘာအဆင္ေျပေနလဲ တစ္ေယာက္နဲ႔တစ္ေယာက္ မေမးျဖစ္ၾကေတာ့ဘူး ။ ၿပီးေတာ့ … တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ႏိုင္ဖို႔ မႀကိဳးစားေတာ့ဘူးေလ ။

ခ်စ္ရဲ႕နဲ႔ တဲ့ …
ခ်စ္ေန႐ုံနဲ႔ပဲ မျဖစ္ေသးဘူးေလ … နားလည္ေပးပါလို႔ မေျပာပဲ နားလည္ေစခ်င္တဲ့အရာေလးေတြလဲ ရွိေသးတယ္ ျမင္ေအာင္ၾကည့္ေပးၾကပါတယ္ ။ ကိုယ့္အဆင္​မေျပမႈေတြရွိသလို သူ႔မွာလဲ အဆင္မေျပမႈေတြရွိေနမလားဆိုတဲ့ ကိုယ္ခ်င္းစာတရားေလးထားၾကည့္ေပးပါ ။

တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္ရဲ႕နဲ႔ မေဝးေစလိုတာက တကယ့္ေစတနာပါ ။ ဒါမွမဟုတ္ ကိုယ့္လို မျဖစ္ေစနဲ႔ဆိုတဲ့ ဆုေတာင္းေပါ့ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း