တစ်ယောက်ကို တစ်ယောက်မှ ယုံကြည်မှု မရှိရင် တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးဝေးသွားကြဦးမှာပဲ

အချစ်နဲ့ အမုန်းကြားမှာ အလွှာပါးပါးလေးပဲ ခြားပါတယ် ချစ်နေရင်းလဲ မုန်းသွားကြသလို မုန်းနေရင်းလဲ ချစ်နိုင်သွားကြတာပါပဲ အချစ်ကနေ အမုန်းကို ပြောင်းလဲဖို့ကျတော့ သံသယဆိုတာလေးတစ်ခုပဲ လိုတယ်

ဘယ်လောက်ပဲ နှစ်နှစ်ကာကာချစ်ချစ် ဘယ်လောက်ပဲ နှစ်တွေကြာကြာ တစ်ယောက်ပေါ်တစ်ယောက် သံသယတွေထားလာတဲ့အခါ နောက်ဆုံး တစ်ဦးနဲ့တစ်ဦး မုန်းသွားတတ်ကြတယ်

ချစ်နေတုန်းကတော့ အရင်းနှီးဆုံးသူစိမ်းတွေဖြစ်ကြပေမယ့် မုန်းသွားတဲ့အခါ ဘယ်တော့မှ ပြန်မဆုံတော့တဲ့ သာမန်သူစိမ်းတွေထက် ပိုပြီး စိမ်းသွားတတ်ကြတယ်

ဒါကြောင့် အချစ်ဆိုတာ ချစ်နေရုံတစ်ခုတည်းနဲ့ မရသေးဘူး တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုရှိဖို့ နားလည်မှုရှိဖို့ လိုအပ်တယ် သံသယတွေ ရှိလာတဲ့အခါ ရင်ဘတ်ထဲမှာပဲ သိမ်းမထားနဲ့

တစ်ခါတည်းဖြေရှင်းပါ ရင်ဘတ်ထဲ သိမ်းထားတာ ကြာလာတဲ့အခါ ချေဖျက်လို့မရတဲ့ အစိုင်အခဲအဖြစ် နောက်ဆုံး အသွင်ပြောင်းသွားတတ်တယ်လေ

ဘယ်လို စကားမျိုးကိုမှ ဘယ်လောက်ကောင်းတဲ့ လုပ်ရပ်မျိုးကိုမှ အယုံအကြည်မရှိဖြစ်လာတတ်တယ် မလိုအပ်ပဲ လမ်းခွဲရတာမျိုးတွေ မလိုချင်ရင် မလိုအပ်ပဲ သံသယတွေ မထားနဲ့

တစ်ဖန် တစ်ဦးပေါ် တစ်ဦးလဲ ရိုးသားပါ တစ်ယောက်ကို တစ်ယောက်မှ ယုံကြည်မှု မရှိရင် တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးဝေးသွားကြဦးမှာပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်စ္နဲ႔ အမုန္းၾကားမွာ အလႊာပါးပါးေလးပဲ ျခားပါတယ္ ခ်စ္ေနရင္းလဲ မုန္းသြားၾကသလို မုန္းေနရင္းလဲ ခ်စ္ႏိုင္သြားၾကတာပါပဲ အခ်စ္ကေန အမုန္းကို ေျပာင္းလဲဖို႔က်ေတာ့ သံသယဆိုတာေလးတစ္ခုပဲ လိုတယ္

ဘယ္ေလာက္ပဲ ႏွစ္ႏွစ္ကာကာခ်စ္ခ်စ္ ဘယ္ေလာက္ပဲ ႏွစ္ေတြၾကာၾကာ တစ္ေယာက္ေပၚတစ္ေယာက္ သံသယေတြထားလာတဲ့အခါ ေနာက္ဆုံး တစ္ဦးနဲ႔တစ္ဦး မုန္းသြားတတ္ၾကတယ္

ခ်စ္ေနတုန္းကေတာ့ အရင္းႏွီးဆုံးသူစိမ္းေတြျဖစ္ၾကေပမယ့္ မုန္းသြားတဲ့အခါ ဘယ္ေတာ့မွ ျပန္မဆုံေတာ့တဲ့ သာမန္သူစိမ္းေတြထက္ ပိုၿပီး စိမ္းသြားတတ္ၾကတယ္

ဒါေၾကာင့္ အခ်စ္ဆိုတာ ခ်စ္ေန႐ုံတစ္ခုတည္းနဲ႔ မရေသးဘူး တစ္ေယာက္ေပၚတစ္ေယာက္ ယုံၾကည္မႈရွိဖို႔ နားလည္မႈရွိဖို႔ လိုအပ္တယ္ သံသယေတြ ရွိလာတဲ့အခါ ရင္ဘတ္ထဲမွာပဲ သိမ္းမထားနဲ႔

တစ္ခါတည္းေျဖရွင္းပါ ရင္ဘတ္ထဲ သိမ္းထားတာ ၾကာလာတဲ့အခါ ေခ်ဖ်က္လို႔မရတဲ့ အစိုင္အခဲအျဖစ္ ေနာက္ဆုံး အသြင္ေျပာင္းသြားတတ္တယ္ေလ

ဘယ္လို စကားမ်ိဳးကိုမွ ဘယ္ေလာက္ေကာင္းတဲ့ လုပ္ရပ္မ်ိဳးကိုမွ အယုံအၾကည္မရွိျဖစ္လာတတ္တယ္ မလိုအပ္ပဲ လမ္းခြဲရတာမ်ိဳးေတြ မလိုခ်င္ရင္ မလိုအပ္ပဲ သံသယေတြ မထားနဲ႔

တစ္ဖန္ တစ္ဦးေပၚ တစ္ဦးလဲ ႐ိုးသားပါ တစ္ေယာက္ကို တစ္ေယာက္မွ ယုံၾကည္မႈ မရွိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ၿပီးေဝးသြားၾကဦးမွာပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း