တစ်စုံတစ်ယောက်အတွက်နဲ့ ကိုယ့်ပုံစံကို ပြောင်းပစ်လိုက်ဖို့ မလိုပါဘူး

တစ်စုံတစ်ယောက်အတွက်နဲ့ ကိုယ့်ပုံစံကို ပြောင်းပစ်လိုက်ဖို့ မလိုပါဘူး ကိုယ့်ကို ကိုယ်အဖြစ်နဲ့ မြင်ပေးမယ့်လူတွေ တစ်နေရာရာမှာတော့ ရှိမှာပါ

သေချာစဥ်းစားကြည့် မကောင်းတဲ့အကျင့်တွေကို ပြင်လိုက်ရတယ်တာ ဘာမှ မဖြစ်ဘူး ကိုယ့်အတွက်တောင် ပိုတောင်ကောင်းသေးတယ် ဒီလိုမှ မဟုတ်ပဲကိုယ်ကြိုက်တတ်တာလေးတွေ ဝါသနာတွေ အမူအကျင့်တွေကို ဘယ်သူ့အတွက်မှ မပြင်လိုက်ပါနဲ့

ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မဖြစ်နိုင်တော့သလို ကိုယ် ပျော်ရွှင်ရမှာလဲ မဟုတ်တော့ဘူးလေ ပြုပြင်စေချင်တဲ့သူကလဲ ကိုယ့်အနားထာ၀ရ ရှိနေပေးသေးရင် ဒါမှမဟုတ် သစ္စာရှိနေသေးရင် တော်သေးတယ်

အနည်းဆုံးတော့ ကိုယ့်မှာ တစ်ခုက်ို ပိုင်ဆိုင်ဖို့ တစ်ခုကို စွန့်လွှတ်လိုက်ရတာပဲ ရှိတာပါဆိုတဲ့ စိတ်နဲ့ ဖြေသာလို့ရသေးတယ် ကိုယ့်မှာ အရာအားလုံးကို ပြောင်းလဲပြီးကာမှ မတော်တဆ ဝေးသွားကြရတဲ့ တကယ့်ဇာတ်လမ်းတွေမှ အများကြီးပါဒါကြောင့် ကိုယ့်ကို ကိုယ်အဖြစ်နဲ့ မြင်နိုင်တဲ့သူကိုပဲ ချစ်ပါ

ဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲလိုက်ပါနဲ့ ဘယ်သူမှ မလိုချင်ဘူးဆိုရင်တောင် ကိုယ့်ဘ၀မှာ ရှင်သန်နေရတာ အဓိပ္ပါယ်ရှိတယ် ကိုယ်ဟာ ကိုယ်အဖြစ်နဲ့ဆက်ပြီး ရှင်သန်ခွင့်ရတယ်လေ

တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ကိုယ့်ရဲ့ အမူအကျင့်လေးတွေကို ကိုယ့်ရဲ့ ဝါသနာလေးတွေကို တန်ဖိုးထားတတ်တဲ့ လူတစ်ယောက်တော့ ကမ္ဘာမြေကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ ရှိကောင်းရှိနိုင်ပါတယ် ။

ကိုယ့်ပိုင်တဲ့ဘ၀ကို ကိုယ့်ပုံစံလေးနဲ့ကိုယ် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ ။ထာ၀ရ ပျော်ပါစေ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္စုံတစ္ေယာက္အတြက္နဲ႔ ကိုယ့္ပုံစံကို ေျပာင္းပစ္လိုက္ဖို႔ မလိုပါဘူး ကိုယ့္ကို ကိုယ္အျဖစ္နဲ႔ ျမင္ေပးမယ့္လူေတြ တစ္ေနရာရာမွာေတာ့ ရွိမွာပါ

ေသခ်ာစဥ္းစားၾကည့္ မေကာင္းတဲ့အက်င့္ေတြကို ျပင္လိုက္ရတယ္တာ ဘာမွ မျဖစ္ဘူး ကိုယ့္အတြက္ေတာင္ ပိုေတာင္ေကာင္းေသးတယ္ ဒီလိုမွ မဟုတ္ပဲကိုယ္ႀကိဳက္တတ္တာေလးေတြ ဝါသနာေတြ အမူအက်င့္ေတြကို ဘယ္သူ႔အတြက္မွ မျပင္လိုက္ပါနဲ႔

ကိုယ့္စိတ္နဲ႔ကိုယ့္ကိုယ္ မျဖစ္ႏိုင္ေတာ့သလို ကိုယ္ ေပ်ာ္႐ႊင္ရမွာလဲ မဟုတ္ေတာ့ဘူးေလ ျပဳျပင္ေစခ်င္တဲ့သူကလဲ ကိုယ့္အနားထာ၀ရ ရွိေနေပးေသးရင္ ဒါမွမဟုတ္ သစၥာရွိေနေသးရင္ ေတာ္ေသးတယ္

အနည္းဆုံးေတာ့ ကိုယ့္မွာ တစ္ခုက္ို ပိုင္ဆိုင္ဖို႔ တစ္ခုကို စြန္႔လႊတ္လိုက္ရတာပဲ ရွိတာပါဆိုတဲ့ စိတ္နဲ႔ ေျဖသာလို႔ရေသးတယ္ ကိုယ့္မွာ အရာအားလုံးကို ေျပာင္းလဲၿပီးကာမွ မေတာ္တဆ ေဝးသြားၾကရတဲ့ တကယ့္ဇာတ္လမ္းေတြမွ အမ်ားႀကီးပါဒါေၾကာင့္ ကိုယ့္ကို ကိုယ္အျဖစ္နဲ႔ ျမင္ႏိုင္တဲ့သူကိုပဲ ခ်စ္ပါ

ဘယ္သူ႔အတြက္မွ ကိုယ့္ကိုယ္ကိုယ္ မေျပာင္းလဲလိုက္ပါနဲ႔ ဘယ္သူမွ မလိုခ်င္ဘူးဆိုရင္ေတာင္ ကိုယ့္ဘ၀မွာ ရွင္သန္ေနရတာ အဓိပၸါယ္ရွိတယ္ ကိုယ္ဟာ ကိုယ္အျဖစ္နဲ႔ဆက္ၿပီး ရွင္သန္ခြင့္ရတယ္ေလ

တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္က်ရင္ ကိုယ့္ရဲ႕ အမူအက်င့္ေလးေတြကို ကိုယ့္ရဲ႕ ဝါသနာေလးေတြကို တန္ဖိုးထားတတ္တဲ့ လူတစ္ေယာက္ေတာ့ ကမာၻေျမႀကီးရဲ႕ တစ္ေထာင့္တစ္ေနရာမွာ ရွိေကာင္းရွိႏိုင္ပါတယ္ ။

ကိုယ့္ပိုင္တဲ့ဘ၀ကို ကိုယ့္ပုံစံေလးနဲ႔ကိုယ္ လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းပါ ။ထာ၀ရ ေပ်ာ္ပါေစ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း