သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေပါ

သင်​ကောင်းလျှင် ကျွန်ုပ် မဆိုးပါဆိုတဲ့ စကားကို ခဏမေ့ထားပြီး သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေပါ သူကောင်းတာ မကောင်းတာက သူ့သမိုင်းလေ . . .ကိုယ်​ကောင်းအောင်နေရာမှကျ ကိုယ့်သမိုင်းဖြစ်သွားပြီ ။

သူမကောင်းတိုင်း ကိုယ်ပါ လိုက်ပြီးမကောင်းရင် ကိုယ်လဲသူနဲ့အတူတူပဲ ဖြစ်သွားမှာပေါ့ လူမိုက်နဲ့ပဲဖြစ်ဖြစ် လူဆိုးနဲ့ပဲဖြစ်ဖြစ် လိုက်ပြီးတုရလောက်တဲ့အထိ မမိုက်မဲသင့်ဘူး ကိုယ့်သမိုင်းကို ကိုယ် အလှဆုံးမဟုတ်တောင် ဖတ်လို့ကောင်းအောင်တော့ ရေးခဲ့သင့်တယ်

ပြီးတော့ . . . ကိုယ်ကောင်းတာ ဘယ်သူမှ သိနေဖို့မလိုပါဘူး ကိုယ့်စိတ်နဲ့ကိုယ် သန့်နေရင်ရပြီ လူအထင်ကြီးခံရဖို့လဲ မလိုဘူး လောကကြီးက အထင်မသေးရင် တော်ပြီလေ

ပြီးတော့ လူတွေဆိုတာကလည်း မင်းကောင်းတာ မကောင်းတာကို တကယ်တော့ ဂရုမစိုက်ကြပါဘူး သူတို့ လိုချင်တာတွေကို ပေးနိုင်နိုင်သမျှတော့ မင်းဟာ မိတ်ဆွေကောင်းအဖြစ်သတ်မှတ်ကြလိမ့်မယ် မပေးနိုင်တဲ့တစ်နေ့ကျရင်တော့ ရန်သူအဖြစ် သမုတ်ကြလိမ့်မယ် ဒီလောက်ပဲ

ဒီအတွက် ကိုယ်ကောင်းအောင် နေပါတယ်လို့ ဘယ်သူ့ကိုမှ သက်သေထူစရာမလိုဘူး ကိုယ်ကိုယ်တိုင် သိနေရင်ရပြီ . . . ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေပါ

ကိုယ့်ပေါ်မကောင်းလို့လဲ ကျိန်စာမတိုက်နဲ့ အချိန်တန်တဲ့ လောကကြီးက သူ့အလုပ် သူ့လုပ်ပြီး သူနဲ့တန်တဲ့ ဒဏ်ခတ်ပါလိမ့်မယ် ကိုယ့်အလုပ်က ကိုယ်ကောင်းအောင်နေနေဖို့ပဲ လိုတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သင္​ေကာင္းလွ်င္ ကြၽႏ္ုပ္ မဆိုးပါဆိုတဲ့ စကားကို ခဏေမ့ထားၿပီး သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္းေအာင္ေနပါ သူေကာင္းတာ မေကာင္းတာက သူ႔သမိုင္းေလ . . .ကိုယ္​ေကာင္းေအာင္ေနရာမွက် ကိုယ့္သမိုင္းျဖစ္သြားၿပီ ။

သူမေကာင္းတိုင္း ကိုယ္ပါ လိုက္ၿပီးမေကာင္းရင္ ကိုယ္လဲသူနဲ႔အတူတူပဲ ျဖစ္သြားမွာေပါ့ လူမိုက္နဲ႔ပဲျဖစ္ျဖစ္ လူဆိုးနဲ႔ပဲျဖစ္ျဖစ္ လိုက္ၿပီးတုရေလာက္တဲ့အထိ မမိုက္မဲသင့္ဘူး ကိုယ့္သမိုင္းကို ကိုယ္ အလွဆုံးမဟုတ္ေတာင္ ဖတ္လို႔ေကာင္းေအာင္ေတာ့ ေရးခဲ့သင့္တယ္

ၿပီးေတာ့ . . . ကိုယ္ေကာင္းတာ ဘယ္သူမွ သိေနဖို႔မလိုပါဘူး ကိုယ့္စိတ္နဲ႔ကိုယ္ သန္႔ေနရင္ရၿပီ လူအထင္ႀကီးခံရဖို႔လဲ မလိုဘူး ေလာကႀကီးက အထင္မေသးရင္ ေတာ္ၿပီေလ

ၿပီးေတာ့ လူေတြဆိုတာကလည္း မင္းေကာင္းတာ မေကာင္းတာကို တကယ္ေတာ့ ဂ႐ုမစိုက္ၾကပါဘူး သူတို႔ လိုခ်င္တာေတြကို ေပးႏိုင္ႏိုင္သမွ်ေတာ့ မင္းဟာ မိတ္ေဆြေကာင္းအျဖစ္သတ္မွတ္ၾကလိမ့္မယ္ မေပးႏိုင္တဲ့တစ္ေန႔က်ရင္ေတာ့ ရန္သူအျဖစ္ သမုတ္ၾကလိမ့္မယ္ ဒီေလာက္ပဲ

ဒီအတြက္ ကိုယ္ေကာင္းေအာင္ ေနပါတယ္လို႔ ဘယ္သူ႔ကိုမွ သက္ေသထူစရာမလိုဘူး ကိုယ္ကိုယ္တိုင္ သိေနရင္ရၿပီ . . . ဘယ္သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္းေအာင္ေနပါ

ကိုယ့္ေပၚမေကာင္းလို႔လဲ က်ိန္စာမတိုက္နဲ႔ အခ်ိန္တန္တဲ့ ေလာကႀကီးက သူ႔အလုပ္ သူ႔လုပ္ၿပီး သူနဲ႔တန္တဲ့ ဒဏ္ခတ္ပါလိမ့္မယ္ ကိုယ့္အလုပ္က ကိုယ္ေကာင္းေအာင္ေနေနဖို႔ပဲ လိုတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း