အလကားဆိုတိုင်း ငမ်းငမ်းတက်မလိုချင်နဲ့

ဘယ်အရာမှာမဆိုတာ သူ့တန်ရာတန်ကြေးဆိုတာရှိပါတယ် တစ်ရာတန်တာကို တစ်ရာပေးရသလို တစ်ထောင်တန်ပေးတဲ့အခါ တစ်ထောင်နဲ့တန်တဲ့အရာတွေ ပြန်ရလာတတ်ပါတယ် ဘယ်အရာကိုမှ အလကားမလိုချင်နဲ့ အချောင်မလိုချင်နဲ့

အလကားဆိုတဲ့ အရာတွေအနောက်မှာ မျှော်လင့်ချက်တွေပါလာတတ်တယ်အလကားရတိုင်း မတရားယူနေရင် ကိုယ်ဖက်က ပြန်ပေးရတဲ့ မတန်တဆတွေဖြစ်နေတတ်တယ်

ကိုယ်နဲ့ တန်ရာတန်ရာပေါ့ တန်ဖိုးကြီးတာကို လိုချင်တဲ့အခါ ကိုယ့်ကိုယ်တိုင်လဲ တန်ဖိုးမြင့်လာအောင် လုပ်တတ်ရတယ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ရတယ်

စေတနာဆိုတဲ့အရာတွေနဲ့ အခွင့်အရေးတွေ ရတိုင်းယူနေရင် တစ်နေ့ ကျေးဇူးတရားဆိုတဲ့ ၀န်ထုပ်၀န်ပိုးပြီး တစ်သက်ခေါင်းပေါ်ရွက်ထားရတတ်တယ် ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတဲ့အသိ နေရာတော်တော်များများမှာ ခေါင်းငုံ့ခံ ရေငုံနှုတ်ပိတ်နဲ့ တချို့နေထိုင်နေရတာတွေ ရှိတယ်

အဲ့လိုဘ၀မျိုးတွေ မဖြစ်စေချင်ဘူးလေ ကိုယ့်မှာ တစ်ရာပဲ ရှိရင် တစ်ရာနဲ့တန်တဲ့အရာကိုပဲ ၀ယ်ပါ သုံးပါ တစ်သိန်းတန်တာကို လိုချင်တဲ့အခါ ကိုယ့်မှာ တစ်သိန်းရှိနေဖို့လိုတယ် ပြီးတော့ တန်ရာတန်ကြေးနဲ့ ရလာတဲ့အရာတစ်ခုဟာ ကိုယ့်ကို ပိုပြီး လိပ်ပြာသန့်စေပါတယ်

တစ်ခုပဲ ပြန်ပြီး သတိပေးချင်တယ် အလကားဆိုတိုင်း ငမ်းငမ်းတက်မလိုချင်နဲ့ အဲ့ဒီအလကားတွေအနောက်မှာ မတန်တဆတွေ ပြန်ပေးရတတ်တယ် ။

တချို့စေတနာတွေက မဖြူစင်ကြဘူးလေ ဥပမာပြောပြရရင် အကျိုးလိုလို့ ညောင်ရေလောင်းနေကြတာပေါ့ ဒါကို အဟုတ်ကြီးမှတ်ပြီး မျက်လုံးဇွတ်မှိတ် မယုံလိုက်နဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘယ္အရာမွာမဆိုတာ သူ႔တန္ရာတန္ေၾကးဆိုတာရွိပါတယ္ တစ္ရာတန္တာကို တစ္ရာေပးရသလို တစ္ေထာင္တန္ေပးတဲ့အခါ တစ္ေထာင္နဲ႔တန္တဲ့အရာေတြ ျပန္ရလာတတ္ပါတယ္ ဘယ္အရာကိုမွ အလကားမလိုခ်င္နဲ႔ အေခ်ာင္မလိုခ်င္နဲ႔

အလကားဆိုတဲ့ အရာေတြအေနာက္မွာ ေမွ်ာ္လင့္ခ်က္ေတြပါလာတတ္တယ္အလကားရတိုင္း မတရားယူေနရင္ ကိုယ္ဖက္က ျပန္ေပးရတဲ့ မတန္တဆေတြျဖစ္ေနတတ္တယ္

ကိုယ္နဲ႔ တန္ရာတန္ရာေပါ့ တန္ဖိုးႀကီးတာကို လိုခ်င္တဲ့အခါ ကိုယ့္ကိုယ္တိုင္လဲ တန္ဖိုးျမင့္လာေအာင္ လုပ္တတ္ရတယ္ ကိုယ့္ကိုကိုယ္ တန္ဖိုးထားတတ္ရတယ္

ေစတနာဆိုတဲ့အရာေတြနဲ႔ အခြင့္အေရးေတြ ရတိုင္းယူေနရင္ တစ္ေန႔ ေက်းဇူးတရားဆိုတဲ့ ၀န္ထုပ္၀န္ပိုးၿပီး တစ္သက္ေခါင္းေပၚ႐ြက္ထားရတတ္တယ္ ဘယ္ေလာက္ပင္ပန္းတယ္မွတ္လဲ ေက်းဇူးရွိခဲ့ဖူးတယ္ဆိုတဲ့အသိ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေခါင္းငုံ႔ခံ ေရငုံႏႈတ္ပိတ္နဲ႔ တခ်ိဳ႕ေနထိုင္ေနရတာေတြ ရွိတယ္

အဲ့လိုဘ၀မ်ိဳးေတြ မျဖစ္ေစခ်င္ဘူးေလ ကိုယ့္မွာ တစ္ရာပဲ ရွိရင္ တစ္ရာနဲ႔တန္တဲ့အရာကိုပဲ ၀ယ္ပါ သုံးပါ တစ္သိန္းတန္တာကို လိုခ်င္တဲ့အခါ ကိုယ့္မွာ တစ္သိန္းရွိေနဖို႔လိုတယ္ ၿပီးေတာ့ တန္ရာတန္ေၾကးနဲ႔ ရလာတဲ့အရာတစ္ခုဟာ ကိုယ့္ကို ပိုၿပီး လိပ္ျပာသန္႔ေစပါတယ္

တစ္ခုပဲ ျပန္ၿပီး သတိေပးခ်င္တယ္ အလကားဆိုတိုင္း ငမ္းငမ္းတက္မလိုခ်င္နဲ႔ အဲ့ဒီအလကားေတြအေနာက္မွာ မတန္တဆေတြ ျပန္ေပးရတတ္တယ္ ။

တခ်ိဳ႕ေစတနာေတြက မျဖဴစင္ၾကဘူးေလ ဥပမာေျပာျပရရင္ အက်ိဳးလိုလို႔ ေညာင္ေရေလာင္းေနၾကတာေပါ့ ဒါကို အဟုတ္ႀကီးမွတ္ၿပီး မ်က္လုံးဇြတ္မွိတ္ မယုံလိုက္နဲ႔ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း