မဆုံးရှုံးသေးခင် တန်ဖိုးတွေသိစေချင်တယ်

ကျွန်မ . . . မိန်းကလေးတစ်ယောက်ပါ သို့သော် မာယာတွေ မသုံးတတ်တဲ့ ခပ်တုံးတုံး မိန်းကလေးတစ်ယောက်ပေါ့ ။ လိုအပ်နေတာအခါ အလိုက်သတိလေး ဖြည့်ဆည်းပေး လုပ်ပေးတတ်ပေမယ့် မလိုအပ်မှန်းသိသိရဲ့နဲ့ ဟန်ဆောင်ပြီး ဧည့်၀တ်မကျေတတ်ဘူး ။

အဲ့တာကပဲ ကျွန်မရဲ့ အားနည်းချက် ဖြစ်လာတာပါ ။ လူကြီး သူမပဲ ဖြစ်ဖြစ် အထက်လူကြီးပဲ ဖြစ်ဖြစ် လိုအပ်တာထက် ပိုပြီး မဖားတတ်တဲ့အတွက် အမြောက်ကြိုက်တဲ့လူတွေအတွက်တော့ ကျွန်မက နဲနဲလေး အလိုက်မသိဖြစ်နေတတ်တာမျိုးလေ ။ ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ဆိုတဲ့ စကားလုံးမျိုးတွေနဲ့ မကြာခဏ အစွပ်စွဲခံရတော့တာပဲ ။

ကျွန်မမှာ အမှန်တကယ် ပေါင်းတဲ့ အပေါင်းအသင်းဆိုလို့လဲ တကယ့်ကို အနည်းငယ်လေးပဲ ရှိတာပါ လက်တစ်ဖက် မပြည့်တပြည့် အပေါင်းအသင်းနဲ့ ကျွန်မ ပျော်အောင်နေပါတယ် ။ ကျွန်မ အကြောင်းမသိတဲ့သူဆိုရင် အကောင်းမမြင်နိုင်ဘူးလေ ။ မာနကြီးလိုက်တာ မခေါ်ချင်သလိုလို မပြောချင်သလိုလိုနဲ့ တဲ့ ကျွန်မအကြောင်းတွေ ပြန်ပြီး ကြားရတဲ့အခါမျိုးမှာ ကျွန်မ ဘာမှ ရှင်းပြမနေတော့ ထင်ချင်သလိုသာ ထင်ပါတော့ဆိုတဲ့ အတွေးနဲ့ ကျွန်မကိုယ်ကျွန်မသာ အဆင်ပြေအောင် နေပါတယ် ။

မုသားတွေမှ ချိုသာတယ်ထင်တတ်တဲ့ နားမှာ ကျွန်မစကားတွေက ခါးကောင်း ခါးနေနိုင်တယ်လေ ။ မရှိတာကို ရှိသယောင်ယောင် မသိတာကို သိသယောင်ယောင်နဲ့ အလိုလိုက် အကြိုက်ဆောင်ပြီး မနေတတ် မပြောတတ်ဘူး ။ ဖြစ်သင့်တာတွေ ရှိလာတဲ့အခါ စေတနာထားပြီး ပြောတတ်သလို မဖြစ်သင့်တာတွေ မဖြစ်လာအောင်လဲ တားတတ်ပါတယ် ။ အဲ့ဒီအတွက် ကျွန်မနဲ့ဆို ဝေးဝေးက ရှောင်ကြတာလေ ။

ကျွန်မ . . . မာယာတွေ သုံးနေဖို့ထက် အရှိကို အရှိအတိုင်း ပြောပြတတ်တာကို ပိုပြီး သဘောကျတယ် ။ ဒါပေမယ့် သကာရည်စမ်းထားတဲ့ ချွဲ့ချွဲ့နွဲ့နွဲ့စကားတွေကိုမှ ကြင်နာတယ်လို့ ထင်တတ်ကြတာလေ ။ အဲ့တွက် အချစ်ရေးမှာလဲ ကံ​ကောင်းခြင်းတွေထက် ကျန်ခဲ့ခြင်းတွေက များပါတယ် ။

စေတနာ . . . မှန်ရင် ရောင်ပြန်လာလိမ့်မယ် တဲ့ သိပ်တော့ အချိန်မနှောင်းစေချင်ဘူး ။ တစ်ခါတစ်ရံ တန်ဖိုးတွေ သိလာပြီးမှ ဘယ်တော့မှ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေ အများကြီး ရှိနိုင်တယ်လေ ကျွန်မ . . . လဲ အပါအ၀င်ပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ . . . မိန္းကေလးတစ္ေယာက္ပါ သို႔ေသာ္ မာယာေတြ မသုံးတတ္တဲ့ ခပ္တုံးတုံး မိန္းကေလးတစ္ေယာက္ေပါ့ ။ လိုအပ္ေနတာအခါ အလိုက္သတိေလး ျဖည့္ဆည္းေပး လုပ္ေပးတတ္ေပမယ့္ မလိုအပ္မွန္းသိသိရဲ႕နဲ႔ ဟန္ေဆာင္ၿပီး ဧည့္၀တ္မေက်တတ္ဘူး ။

အဲ့တာကပဲ ကြၽန္မရဲ႕ အားနည္းခ်က္ ျဖစ္လာတာပါ ။ လူႀကီး သူမပဲ ျဖစ္ျဖစ္ အထက္လူႀကီးပဲ ျဖစ္ျဖစ္ လိုအပ္တာထက္ ပိုၿပီး မဖားတတ္တဲ့အတြက္ အေျမာက္ႀကိဳက္တဲ့လူေတြအတြက္ေတာ့ ကြၽန္မက နဲနဲေလး အလိုက္မသိျဖစ္ေနတတ္တာမ်ိဳးေလ ။ ေပါင္းသင္းဆက္ဆံေရး ညံ့တယ္ဆိုတဲ့ စကားလုံးမ်ိဳးေတြနဲ႔ မၾကာခဏ အစြပ္စြဲခံရေတာ့တာပဲ ။

ကြၽန္မမွာ အမွန္တကယ္ ေပါင္းတဲ့ အေပါင္းအသင္းဆိုလို႔လဲ တကယ့္ကို အနည္းငယ္ေလးပဲ ရွိတာပါ လက္တစ္ဖက္ မျပည့္တျပည့္ အေပါင္းအသင္းနဲ႔ ကြၽန္မ ေပ်ာ္ေအာင္ေနပါတယ္ ။ ကြၽန္မ အေၾကာင္းမသိတဲ့သူဆိုရင္ အေကာင္းမျမင္ႏိုင္ဘူးေလ ။ မာနႀကီးလိုက္တာ မေခၚခ်င္သလိုလို မေျပာခ်င္သလိုလိုနဲ႔ တဲ့ ကြၽန္မအေၾကာင္းေတြ ျပန္ၿပီး ၾကားရတဲ့အခါမ်ိဳးမွာ ကြၽန္မ ဘာမွ ရွင္းျပမေနေတာ့ ထင္ခ်င္သလိုသာ ထင္ပါေတာ့ဆိုတဲ့ အေတြးနဲ႔ ကြၽန္မကိုယ္ကြၽန္မသာ အဆင္ေျပေအာင္ ေနပါတယ္ ။

မုသားေတြမွ ခ်ိဳသာတယ္ထင္တတ္တဲ့ နားမွာ ကြၽန္မစကားေတြက ခါးေကာင္း ခါးေနႏိုင္တယ္ေလ ။ မရွိတာကို ရွိသေယာင္ေယာင္ မသိတာကို သိသေယာင္ေယာင္နဲ႔ အလိုလိုက္ အႀကိဳက္ေဆာင္ၿပီး မေနတတ္ မေျပာတတ္ဘူး ။ ျဖစ္သင့္တာေတြ ရွိလာတဲ့အခါ ေစတနာထားၿပီး ေျပာတတ္သလို မျဖစ္သင့္တာေတြ မျဖစ္လာေအာင္လဲ တားတတ္ပါတယ္ ။ အဲ့ဒီအတြက္ ကြၽန္မနဲ႔ဆို ေဝးေဝးက ေရွာင္ၾကတာေလ ။

ကြၽန္မ . . . မာယာေတြ သုံးေနဖို႔ထက္ အရွိကို အရွိအတိုင္း ေျပာျပတတ္တာကို ပိုၿပီး သေဘာက်တယ္ ။ ဒါေပမယ့္ သကာရည္စမ္းထားတဲ့ ခြၽဲ႕ခြၽဲ႕ႏြဲ႕ႏြဲ႕စကားေတြကိုမွ ၾကင္နာတယ္လို႔ ထင္တတ္ၾကတာေလ ။ အဲ့တြက္ အခ်စ္ေရးမွာလဲ ကံ​ေကာင္းျခင္းေတြထက္ က်န္ခဲ့ျခင္းေတြက မ်ားပါတယ္ ။

ေစတနာ . . . မွန္ရင္ ေရာင္ျပန္လာလိမ့္မယ္ တဲ့ သိပ္ေတာ့ အခ်ိန္မေႏွာင္းေစခ်င္ဘူး ။ တစ္ခါတစ္ရံ တန္ဖိုးေတြ သိလာၿပီးမွ ဘယ္ေတာ့မွ ျပန္မရႏိုင္တဲ့ ဆုံးရႈံးမႈေတြ အမ်ားႀကီး ရွိႏိုင္တယ္ေလ ကြၽန္မ . . . လဲ အပါအ၀င္ေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း