အငိုနဲ့စခဲ့တဲ့ လောကမှာ ပျော်အောင်နေတတ်ဖို့လိုပါတယ်

ပျော်အောင်နေပါ ။

အငိုနဲ့ စခဲ့တဲ့ဘ၀မှာ . . .ဆက်ပြီးပဲ ငိုနေလို့မရဘူး ။ လောကဓံဆိုတာ လူတိုင်းကြုံရတဲ့အရာပါ ငါ့ကျမှ ကံဆိုးလေခြင်းဆိုတဲ့အတွေးနဲ့ ကိုယ်တစ်ယောက်တည်း ကမ္ဘာပျက်နေသလိုမျိုး ခံစားမနေပါနဲ့ ။ အဆင်မပြေမှုတွေကြားမှာ အဆင်ပြေအောင်နေတတ်တာလဲ ရင့်ကျက်ခြင်းတစ်မျိုးပါပဲ ။

ပျော်ရာမှာ မနေရ တော်ရမှာနေရဆိုတဲ့စကားလဲ ရှိတယ်မဟုတ်လား ။ နေရတဲ့အရပ်တိုင်းက ပျော်ရလိမ့်မယ်လို့အာမခံချက်ပေးမထားတာ သိထားဖို့လိုပါတယ် ။ ကိုယ်ဖြစ်ချင်တဲ့အရာတွေနဲ့ ဖြစ်နေတဲ့အရာတွေကို လက်သင့်ခံနိုင်တဲ့ အင်အားရှိနေဖို့လိုတယ် ဒီလိုလက်သင့်ခံနိုင်တဲ့အင်အားရှိနေမှ ကိုယ့်စိတ်ကိုယ်ကို ပျော်အောင် နေဖို့အခွင့်အရေးတွေ ရှိလာမှာပါ ။

တစ်စုံတစ်ယောက်တော့ ငါ့ကို ပျော်အောင်ထားမှာပါဆိုတဲ့အတွေး တွေ ယောင်လို့တောင် ကိုယ့်ခေါင်းထဲ ၀င်မလာစေနဲ့ ကိုယ်ပျော်အောင်ထားဖို့ဆိုတာ ဘယ်သူ့မှာမှ တာ၀န်ရှိနေတာမဟုတ်ဘူးလေ ကိုယ်ပျော်ဖို့ဆိုတာ ကိုယ့်မှာပဲ တာ၀န်ရှိပါတယ် ဒီအတွက်တခြားတစ်ယောက် ဖန်တီးပေးမယ့် ပျော်ရွှင်မှုတွေကို စောင့်ဆိုင်းနေတာထက် ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးယူတတ်ဖို့လိုတယ်

သောကတွေရှိနေပေမယ့် . . . အလှဆုံးပြုံးတတ်အောင် …နေပါ ။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာတိုင်းကို တစ်ဖက်လူက နားလည်ပေးမှာမဟုတ်ဘူး ကိုယ်ဘာဖြစ်နေလဲ ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ နားလည်ဖို့လိုပါတယ် ။ ဒုက္ခတွေရှိလာတဲ့အခါ …အဆင်ပြေအောင် ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားပါ …

တစ်ယောက်တည်းရှိနေတဲ့အခါ … တစ်ယောက်တည်းပျော်အောင် နေတတ်ဖို့လိုပါတယ် ။ တခြားတစ်ယောက် ကြောင့် ပျော်ရတဲ့အပျော်ဆိုတာ အချိန်အကန့်တစ်ခုထိပဲ ခံတတ်ပါတယ် ။ ဘယ်သူမှ မရှိပေမယ့် ကိုယ်တစ်ယောက်တည်းလည်း ပျော်ပျော်နေရင် ဘယ်တော့မှ အထီးကျန်စရာမလိုတော့ဘူး ။

လောက …အငိုနဲ့စခဲ့တဲ့ လောကမှာ ပျော်အောင်နေတတ်ဖို့လိုပါတယ် ။ ဘ၀ဆိုတာ …နှစ်ကာလတွေနဲ့တွက်တဲ့အခါ ရှည်ကြာလွန်းတယ်လို့ထင်ရပေမယ့် တစ်နှစ် တစ်နှစ်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားတာပဲလေ ။ တကယ်ဆိုရင် ဘ၀က တိုတိုလေးပါ ..အဲ့ဒီ ရတဲ့အချိန်တိုတိုလေးအတွင်းမှာ ကိုယ့်ကိုယ်ကို ပျော်အောင် ထားတတ်ဖို့လိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေပ်ာ္ေအာင္ေနပါ ။

အငိုနဲ႔ စခဲ့တဲ့ဘ၀မွာ . . .ဆက္ၿပီးပဲ ငိုေနလို႔မရဘူး ။ ေလာကဓံဆိုတာ လူတိုင္းႀကဳံရတဲ့အရာပါ ငါ့က်မွ ကံဆိုးေလျခင္းဆိုတဲ့အေတြးနဲ႔ ကိုယ္တစ္ေယာက္တည္း ကမာၻပ်က္ေနသလိုမ်ိဳး ခံစားမေနပါနဲ႔ ။ အဆင္မေျပမႈေတြၾကားမွာ အဆင္ေျပေအာင္ေနတတ္တာလဲ ရင့္က်က္ျခင္းတစ္မ်ိဳးပါပဲ ။

ေပ်ာ္ရာမွာ မေနရ ေတာ္ရမွာေနရဆိုတဲ့စကားလဲ ရွိတယ္မဟုတ္လား ။ ေနရတဲ့အရပ္တိုင္းက ေပ်ာ္ရလိမ့္မယ္လို႔အာမခံခ်က္ေပးမထားတာ သိထားဖို႔လိုပါတယ္ ။ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြနဲ႔ ျဖစ္ေနတဲ့အရာေတြကို လက္သင့္ခံႏိုင္တဲ့ အင္အားရွိေနဖို႔လိုတယ္ ဒီလိုလက္သင့္ခံႏိုင္တဲ့အင္အားရွိေနမွ ကိုယ့္စိတ္ကိုယ္ကို ေပ်ာ္ေအာင္ ေနဖို႔အခြင့္အေရးေတြ ရွိလာမွာပါ ။

တစ္စုံတစ္ေယာက္ေတာ့ ငါ့ကို ေပ်ာ္ေအာင္ထားမွာပါဆိုတဲ့အေတြး ေတြ ေယာင္လို႔ေတာင္ ကိုယ့္ေခါင္းထဲ ၀င္မလာေစနဲ႔ ကိုယ္ေပ်ာ္ေအာင္ထားဖို႔ဆိုတာ ဘယ္သူ႔မွာမွ တာ၀န္ရွိေနတာမဟုတ္ဘူးေလ ကိုယ္ေပ်ာ္ဖို႔ဆိုတာ ကိုယ့္မွာပဲ တာ၀န္ရွိပါတယ္ ဒီအတြက္တျခားတစ္ေယာက္ ဖန္တီးေပးမယ့္ ေပ်ာ္႐ႊင္မႈေတြကို ေစာင့္ဆိုင္းေနတာထက္ ကိုယ္ကိုယ္တိုင္ပဲ ဖန္တီးယူတတ္ဖို႔လိုတယ္

ေသာကေတြရွိေနေပမယ့္ . . . အလွဆုံးၿပဳံးတတ္ေအာင္ …ေနပါ ။ ကိုယ့္စိတ္ထဲမွာ ရွိတဲ့အရာတိုင္းကို တစ္ဖက္လူက နားလည္ေပးမွာမဟုတ္ဘူး ကိုယ္ဘာျဖစ္ေနလဲ ဆိုတာ ကိုယ္ကိုယ္တိုင္ပဲ နားလည္ဖို႔လိုပါတယ္ ။ ဒုကၡေတြရွိလာတဲ့အခါ …အဆင္ေျပေအာင္ ကိုယ္ကိုယ္တိုင္ပဲ ႀကိဳးစားပါ …

တစ္ေယာက္တည္းရွိေနတဲ့အခါ … တစ္ေယာက္တည္းေပ်ာ္ေအာင္ ေနတတ္ဖို႔လိုပါတယ္ ။ တျခားတစ္ေယာက္ ေၾကာင့္ ေပ်ာ္ရတဲ့အေပ်ာ္ဆိုတာ အခ်ိန္အကန္႔တစ္ခုထိပဲ ခံတတ္ပါတယ္ ။ ဘယ္သူမွ မရွိေပမယ့္ ကိုယ္တစ္ေယာက္တည္းလည္း ေပ်ာ္ေပ်ာ္ေနရင္ ဘယ္ေတာ့မွ အထီးက်န္စရာမလိုေတာ့ဘူး ။

ေလာက …အငိုနဲ႔စခဲ့တဲ့ ေလာကမွာ ေပ်ာ္ေအာင္ေနတတ္ဖို႔လိုပါတယ္ ။ ဘ၀ဆိုတာ …ႏွစ္ကာလေတြနဲ႔တြက္တဲ့အခါ ရွည္ၾကာလြန္းတယ္လို႔ထင္ရေပမယ့္ တစ္ႏွစ္ တစ္ႏွစ္ဆိုတာ မ်က္စိတစ္မွိတ္အတြင္း ကုန္သြားတာပဲေလ ။ တကယ္ဆိုရင္ ဘ၀က တိုတိုေလးပါ ..အဲ့ဒီ ရတဲ့အခ်ိန္တိုတိုေလးအတြင္းမွာ ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ ထားတတ္ဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း