ကျွန်မဇာတာကို ရေးခဲ့တုန်းက ကံကောင်းခြင်းတွေထည့်ပေးဖို့မေ့ခဲ့တယ်နဲ့ တူပါတယ်

ကံတရားကြီးက . . . ကျွန်မဇာတာကို ရေးခဲ့တုန်းက ကံကောင်းခြင်းတွေထည့်ပေးဖို့မေ့ခဲ့တယ်နဲ့ တူပါတယ် ။ စပြီး မွေးဖွားလာကတည်းက ကံကောင်းခြင်းတွေ မဲ့ခဲ့တာပေါ့ ။

ကိုယ်လိုချင်တာတွေရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူရတယ် ။ နောက်ကနေ ပံ့ပိုးပေးမယ့်လူတွေထက် အနောက်ကနေ အပုတ်ချမယ့်လူတွေချည်း ရပ်နေတဲ့ ပတ်၀န်းကျင်မှာ အကြိမ်ကြိမ်လဲပြိုချင်ခဲ့ဖူးတယ် ။

ဆွေမျိုးသားချင်းဆိုလို့လဲ ငွေရှိတဲ့ကိုသာ ခင်တတ်ကြတဲ့ သူတွေချည်းရှိနေတတ်တာလေ ။ မပေးနိုင်မကမ်းနိုင်ခဲ့တဲ့ ကျွန်မကတော့ အဲ့ဒီအသိုင်းအဝိုင်းကြား လူရာမ၀င်ခဲ့ပါဘူး ။

အကောင်းမမြင်တတ်တဲ့ ပတ်၀န်းကျင်မှာ ရှင်သန်ခဲ့ရလို့ထင်ပါတယ် ကျွန်မက နဲနဲလေးခက်ထန်ချင်တယ် ။ လူတစ်ဖက်သားအပေါ် လွယ်လွယ်လေးနဲ့ မယုံကြည်တတ်ခဲ့ဘူး ။ ကိုယ်လိုချင်တာတွေရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူခဲ့ရတာကို များပါတယ် ကိုယ်ကြိုးစားရင်း ရမလာတော့တဲ့အခါ . . .လိုချင်နေလျက်နဲ့ပဲ မလိုချင်ယောင်တွေ ဆောင်ပစ်လိုက်ရတယ် ။

ဒီ ဘ၀မှာ ကျွန်မပျော်ပါတယ်လို့တော့ မဟုတ်ပါဘူး ဒီဘ၀မှာ ကျွန်မ ပျော်အောင်နေပါတယ် ကိုယ်လိုချင်လို့ရလာတဲ့အရာတွေ မဟုတ်ပေမယ့် မလိုချင်ပဲရလာတဲ့အရာတွေကို ကျွန်မ အတတ်နိုင်ဆုံးရင်ဆိုင်ပါတယ် ။ တစ်စုံတစ်ယောက်ကို မှီဖို့အတွေး ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကလွဲလို့ဘယ်သူများရှိမလဲလို့ ငဲ့မကြည့်ဖြစ်တော့ဘူး ။

အဆင်ပြေတယ် မပြေဘူးဆိုတာ ကျွန်မအတွက် အရေးမကြီးတော့ပါဘူး ။ အဆင်ပြေသည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကျွန်မ ပျော်အောင်နေတတ်နေပါပြီ ။

ဒုက္ခတွေ ထပ်ပြီးရလာမှာလဲ ကျွန်မ မကြောက်တော့ဘူး ။ ဒီထပ်ပိုပြီးနာကျင်ရလို့လဲ မထူးတော့ဘူး ။ လောကဓံကို ခါးစည်းခံရမယ့်ကံ ပါလာတယ်လို့ပဲ မှတ်ပါတယ် ။ အတတ်နိုင်ဆုံးပျော်အောင်နေမယ် အတတ်နိုင်ဆုံးပြုံးမယ် လောကကြီးက ကံကောင်းခြင်းတွေထည့်ပေးဖို့ မေ့ခဲ့ရင်တောင် ကျွန်မကိုယ်ကျွန်မ ဖန်တီးယူနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကံတရားႀကီးက . . . ကြၽန္မဇာတာကို ေရးခဲ့တုန္းက ကံေကာင္းျခင္းေတြထည့္ေပးဖို႔ေမ့ခဲ့တယ္နဲ႔ တူပါတယ္ ။ စၿပီး ေမြးဖြားလာကတည္းက ကံေကာင္းျခင္းေတြ မဲ့ခဲ့တာေပါ့ ။

ကိုယ္လိုခ်င္တာေတြရွိလာတဲ့အခါ ကိုယ္ကိုယ္တိုင္ပဲ ႀကိဳးစားယူရတယ္ ။ ေနာက္ကေန ပံ့ပိုးေပးမယ့္လူေတြထက္ အေနာက္ကေန အပုတ္ခ်မယ့္လူေတြခ်ည္း ရပ္ေနတဲ့ ပတ္၀န္းက်င္မွာ အႀကိမ္ႀကိမ္လဲၿပိဳခ်င္ခဲ့ဖူးတယ္ ။

ေဆြမ်ိဳးသားခ်င္းဆိုလို႔လဲ ေငြရွိတဲ့ကိုသာ ခင္တတ္ၾကတဲ့ သူေတြခ်ည္းရွိေနတတ္တာေလ ။ မေပးႏိုင္မကမ္းႏိုင္ခဲ့တဲ့ ကြၽန္မကေတာ့ အဲ့ဒီအသိုင္းအဝိုင္းၾကား လူရာမ၀င္ခဲ့ပါဘူး ။

အေကာင္းမျမင္တတ္တဲ့ ပတ္၀န္းက်င္မွာ ရွင္သန္ခဲ့ရလို႔ထင္ပါတယ္ ကြၽန္မက နဲနဲေလးခက္ထန္ခ်င္တယ္ ။ လူတစ္ဖက္သားအေပၚ လြယ္လြယ္ေလးနဲ႔ မယုံၾကည္တတ္ခဲ့ဘူး ။ ကိုယ္လိုခ်င္တာေတြရွိလာတဲ့အခါ ကိုယ္ကိုယ္တိုင္ပဲ ႀကိဳးစားယူခဲ့ရတာကို မ်ားပါတယ္ ကိုယ္ႀကိဳးစားရင္း ရမလာေတာ့တဲ့အခါ . . .လိုခ်င္ေနလ်က္နဲ႔ပဲ မလိုခ်င္ေယာင္ေတြ ေဆာင္ပစ္လိုက္ရတယ္ ။

ဒီ ဘ၀မွာ ကြၽန္မေပ်ာ္ပါတယ္လို႔ေတာ့ မဟုတ္ပါဘူး ဒီဘ၀မွာ ကြၽန္မ ေပ်ာ္ေအာင္ေနပါတယ္ ကိုယ္လိုခ်င္လို႔ရလာတဲ့အရာေတြ မဟုတ္ေပမယ့္ မလိုခ်င္ပဲရလာတဲ့အရာေတြကို ကြၽန္မ အတတ္ႏိုင္ဆုံးရင္ဆိုင္ပါတယ္ ။ တစ္စုံတစ္ေယာက္ကို မွီဖို႔အေတြး ဘယ္တုန္းကမွ မေတြးခဲ့ဖူးသလို ကိုယ့္ ေျခေထာက္ေပၚကိုယ္ရပ္ဖို႔ကလြဲလို႔ဘယ္သူမ်ားရွိမလဲလို႔ ငဲ့မၾကည့္ျဖစ္ေတာ့ဘူး ။

အဆင္ေျပတယ္ မေျပဘူးဆိုတာ ကြၽန္မအတြက္ အေရးမႀကီးေတာ့ပါဘူး ။ အဆင္ေျပသည္ျဖစ္ေစ မေပ်ာ္သည္ျဖစ္ေစ ကြၽန္မ ေပ်ာ္ေအာင္ေနတတ္ေနပါၿပီ ။

ဒုကၡေတြ ထပ္ၿပီးရလာမွာလဲ ကြၽန္မ မေၾကာက္ေတာ့ဘူး ။ ဒီထပ္ပိုၿပီးနာက်င္ရလို႔လဲ မထူးေတာ့ဘူး ။ ေလာကဓံကို ခါးစည္းခံရမယ့္ကံ ပါလာတယ္လို႔ပဲ မွတ္ပါတယ္ ။ အတတ္ႏိုင္ဆုံးေပ်ာ္ေအာင္ေနမယ္ အတတ္ႏိုင္ဆုံးၿပဳံးမယ္ ေလာကႀကီးက ကံေကာင္းျခင္းေတြထည့္ေပးဖို႔ ေမ့ခဲ့ရင္ေတာင္ ကြၽန္မကိုယ္ကြၽန္မ ဖန္တီးယူႏိုင္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ ရွင္သန္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း