မျက်ရည်တစ်စက်မှာ … အဓိပ္ပါယ်တွေ အများကြီးရှိနေနိုင်ပါတယ် ….

မျက်ရည်တစ်စက်မှာ … အဓိပ္ပါယ်တွေ အများကြီးရှိနေနိုင်ပါတယ် …. မျက်ရည်ကျတယ် ၀မ်းနည်းလို့ လွမ်းဆွေးလို့ ဆိုပြီး တရားသေမတွက်စေချင်ဘူး … ၀မ်းသာလို့ကျတဲ့ မျက်ရည်တွေ ရှိသလို နောင်တတွေနဲ့ နာကျင်လို့ ကျတဲ့ မျက်ရည်တွေလဲ အများသားပါ ။ မျက်ရည်ဆိုတာ … ဦးနှောက်က စီးဆင်းလာတာမဟုတ်ပဲ နှလုံးသားက ဖြတ်သန်းစီးဆင်းလာတာမျိုးပါ ။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ … မျက်ရည်ကျတယ်ဆိုကတည်းက စကားနဲ့ ပြောမထွက်တဲ့ ၀မ်းသာမှု နာကျင်မှုတွေကို နှလုံးသားက အလိုလိုဘာသာပြန်ပြတယ်လို့ပဲ မှတ်ယူလို့ရတယ် ။ တစ်ချို့ စကားလုံးတွေက … နှုတ်က မထွက်လာတတ်ပဲ မျက်ရည်နဲ့ ပြတတ်ကြတယ် ။

ရည်းစားနဲ့ကွဲလို့ မျက်ရည်ကျတဲ့အခါ … သူ ၀မ်းနည်းနေတာလို့ပဲ ပုံသေ မှတ်ယူလို့မရဘူး … အချိန်တွေဖြုန်းခဲ့မိပါလား ယုံကြည်ခဲ့မိပါလား … ဒါမှမဟုတ် တခြားအကြောင်းအရာတွေနဲ့ နာကျင်နေရတာလဲ ဖြစ်နိုင်တယ် ။ ကျွန်မ မျက်ရည်ကျခဲ့တုန်းက … သူငယ်ချင်းတွေက အားပေးနှစ်သိမ့်ကြတယ် … မတန်ပါဘူး မငိုပါနဲ့ တဲ့ ကျွန်မစိတ်ထဲမှာ အဲ့လို မျက်ရည်နဲ့မတန်တဲ့လူအနား ဘာကြောင့် ကပ်တွယ်ခဲ့မိလဲဆိုတဲ့ နောင်တတွေ ရနေတာပါ ပြန်ပြီး လွမ်းဆွေးတောင့်တနေတာ မဟုတ်ဘူး ။

မျက်ရည်ကျရင် ရှုံးတယ်ဆိုပြီးလဲ ပြောတတ်ကြသေးတယ် ။ တကယ်တော့ အနိုင်အရှုံးဆိုတာ မျက်ရည်နဲ့ မဆိုင်ဘူးလေ ။ ကိုယ် ဘာဖြစ်နေပါတယ် ကိုယ် ဘာတွေခံစားနေရတယ်ဆိုတာကို ထုတ်ပြောခွင့် မရှိတဲ့ဘ၀မှာ မျက်ရည်ကျခွင့်လေးတော့ ရချင်မိတယ် ။ ဒါအရှုံးပေးတာ မဟုတ်ဘူး ပျော့ညံ့တာ မဟုတ်ဘူး … ကိုယ့်ဒဏ်ရာကို မျက်ရည်နဲ့ ခဏ မြောချပြီး မေ့ထားလိုက်တာမျိုးပါ ။

အဆင်ပြေပါတယ်ဆိုတဲ့စကားနောက်မှာ ဝဲတဲ့ မျက်ရည်တွေက ကိုယ့်ကြောင့် သူပူသွားမှာ စိုးတဲ့ စေတနာတွေပါတယ် … ဖုန်၀င်သွားလို့ပါဆိုပြီး လိမ်ခဲ့တဲ့ မျက်ရည်တွေမှာ ကိုယ့်ကြောင့် သူအဆင်မပြေဖြစ်သွားမှာ စိုးတဲ့စိတ်တွေပါတယ် ။

အဓိပ္ပါယ်တွေ အများကြီးမဖွဲ့ပါနဲ့ ခေါင်းစဥ်တွေ အများကြီး မတပ်ပါနဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို နားလည်ပေးရတာထက် သူကျတဲ့မျက်ရည်တွေကို အဓိပ္ပါယ်ဖော်ရတာ ပိုခက်တယ် ။ နားမလည်ရင် နားမလည်သလိုပဲထားလိုက်ပါ … ပြန်ပြီး မကြင်နာချင်ချင်နေ အပြစ်တွေတော့ မတင်နဲ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

မ်က္ရည္တစ္စက္မွာ … အဓိပၸါယ္ေတြ အမ်ားႀကီးရွိေနႏိုင္ပါတယ္ …. မ်က္ရည္က်တယ္ ၀မ္းနည္းလို႔ လြမ္းေဆြးလို႔ ဆိုၿပီး တရားေသမတြက္ေစခ်င္ဘူး … ၀မ္းသာလို႔က်တဲ့ မ်က္ရည္ေတြ ရွိသလို ေနာင္တေတြနဲ႔ နာက်င္လို႔ က်တဲ့ မ်က္ရည္ေတြလဲ အမ်ားသားပါ ။ မ်က္ရည္ဆိုတာ … ဦးေႏွာက္က စီးဆင္းလာတာမဟုတ္ပဲ ႏွလုံးသားက ျဖတ္သန္းစီးဆင္းလာတာမ်ိဳးပါ ။

ဘယ္လိုေၾကာင့္ပဲ ျဖစ္ျဖစ္ပါ … မ်က္ရည္က်တယ္ဆိုကတည္းက စကားနဲ႔ ေျပာမထြက္တဲ့ ၀မ္းသာမႈ နာက်င္မႈေတြကို ႏွလုံးသားက အလိုလိုဘာသာျပန္ျပတယ္လို႔ပဲ မွတ္ယူလို႔ရတယ္ ။ တစ္ခ်ိဳ႕ စကားလုံးေတြက … ႏႈတ္က မထြက္လာတတ္ပဲ မ်က္ရည္နဲ႔ ျပတတ္ၾကတယ္ ။

ရည္းစားနဲ႔ကြဲလို႔ မ်က္ရည္က်တဲ့အခါ … သူ ၀မ္းနည္းေနတာလို႔ပဲ ပုံေသ မွတ္ယူလို႔မရဘူး … အခ်ိန္ေတြျဖဳန္းခဲ့မိပါလား ယုံၾကည္ခဲ့မိပါလား … ဒါမွမဟုတ္ တျခားအေၾကာင္းအရာေတြနဲ႔ နာက်င္ေနရတာလဲ ျဖစ္ႏိုင္တယ္ ။ ကြၽန္မ မ်က္ရည္က်ခဲ့တုန္းက … သူငယ္ခ်င္းေတြက အားေပးႏွစ္သိမ့္ၾကတယ္ … မတန္ပါဘူး မငိုပါနဲ႔ တဲ့ ကြၽန္မစိတ္ထဲမွာ အဲ့လို မ်က္ရည္နဲ႔မတန္တဲ့လူအနား ဘာေၾကာင့္ ကပ္တြယ္ခဲ့မိလဲဆိုတဲ့ ေနာင္တေတြ ရေနတာပါ ျပန္ၿပီး လြမ္းေဆြးေတာင့္တေနတာ မဟုတ္ဘူး ။

မ်က္ရည္က်ရင္ ရႈံးတယ္ဆိုၿပီးလဲ ေျပာတတ္ၾကေသးတယ္ ။ တကယ္ေတာ့ အႏိုင္အရႈံးဆိုတာ မ်က္ရည္နဲ႔ မဆိုင္ဘူးေလ ။ ကိုယ္ ဘာျဖစ္ေနပါတယ္ ကိုယ္ ဘာေတြခံစားေနရတယ္ဆိုတာကို ထုတ္ေျပာခြင့္ မရွိတဲ့ဘ၀မွာ မ်က္ရည္က်ခြင့္ေလးေတာ့ ရခ်င္မိတယ္ ။ ဒါအရႈံးေပးတာ မဟုတ္ဘူး ေပ်ာ့ညံ့တာ မဟုတ္ဘူး … ကိုယ့္ဒဏ္ရာကို မ်က္ရည္နဲ႔ ခဏ ေျမာခ်ၿပီး ေမ့ထားလိုက္တာမ်ိဳးပါ ။

အဆင္ေျပပါတယ္ဆိုတဲ့စကားေနာက္မွာ ဝဲတဲ့ မ်က္ရည္ေတြက ကိုယ့္ေၾကာင့္ သူပူသြားမွာ စိုးတဲ့ ေစတနာေတြပါတယ္ … ဖုန္၀င္သြားလို႔ပါဆိုၿပီး လိမ္ခဲ့တဲ့ မ်က္ရည္ေတြမွာ ကိုယ့္ေၾကာင့္ သူအဆင္မေျပျဖစ္သြားမွာ စိုးတဲ့စိတ္ေတြပါတယ္ ။

အဓိပၸါယ္ေတြ အမ်ားႀကီးမဖြဲ႕ပါနဲ႔ ေခါင္းစဥ္ေတြ အမ်ားႀကီး မတပ္ပါနဲ႔မိန္းကေလးတစ္ေယာက္ရဲ႕စိတ္ကို နားလည္ေပးရတာထက္ သူက်တဲ့မ်က္ရည္ေတြကို အဓိပၸါယ္ေဖာ္ရတာ ပိုခက္တယ္ ။ နားမလည္ရင္ နားမလည္သလိုပဲထားလိုက္ပါ … ျပန္ၿပီး မၾကင္နာခ်င္ခ်င္ေန အျပစ္ေတြေတာ့ မတင္နဲ႔ …

မိန္းမသားတို႔အတြက္
သွ်င္ယြန္း